Spots news

မာရှယ်ကို ယူနိုက်တက်မှာပဲ ဆက်ရှိစေချင်တဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်

Unicode Version

မန်ချက်စတာယူနိုက်တက် နာမည်ကျော်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အင်တာမီလန်အသင်းဆီပြောင်းရွှေ့ဖို့သတင်းထွက်နေတဲ့ မာရှယ် အနေနဲ့ အသင်းမှာပဲ ဆက်ကစားပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့သလို ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရသူ မာရှယ်ကို အင်တာမီလန်အသင်းဟာ အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တဲ့ တိုက်စစ်မှူးလူကာကူရဲ့နေရာမှာအစားထိုးဖို့အတွက် ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘာဘာတော့ဗ်က “ယူနိုက်တက်အသင်းကို ဆန်ချိုရောက်လာလို့ ပွဲထွက်ကစားခွင့်ရဖို့မသေချာတော့ဘူးဆိုပြီး မာရှယ် တွေးကောင်း တွေးနေပါလိမ့်မယ်။ အသင်းမှာပဲ ဆက်နေရမလား ဒါမှမဟုတ် ပုံမှန်ပွဲထွက်ခွင့် ရမယ့်အသင်းဆီပြောင်းရွှေ့ရမလားလို့ ဇဝေဇဝါဖြစ်နေမှာ အမှန်ပါပဲ။

ကျွန်တော်ကတော့ သူ့ကို ယူနိုက်တက်မှာပဲ ဆက်ကစားပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်တည်ဆောက်စေချင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားပြမယ်၊ ကစားခွင့်ရတဲ့ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်မယ်ဆိုရင် ပွဲထွက်ခွင့်တစ်နေရာရဖို့က မခက်ခဲပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က အင္တာမီလန္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔သတင္းထြက္ေနတဲ့ မာရွယ္ အေနနဲ႕ အသင္းမွာပဲ ဆက္ကစားၿပီး ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္သင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့သလို ဒဏ္ရာေတြနဲ႕႐ုန္းကန္ခဲ့ရသူ မာရွယ္ကို အင္တာမီလန္အသင္းဟာ အသင္းနဲ႕လမ္းခြဲဖို႔နီးစပ္ေနၿပီျဖစ္တဲ့ တိုက္စစ္မႉးလူကာကူရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ ေခၚယူလိုေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဘာဘာေတာ့ဗ္က “ယူနိုက္တက္အသင္းကို ဆန္ခ်ိဳေရာက္လာလို႔ ပြဲထြက္ကစားခြင့္ရဖို႔မေသခ်ာေတာ့ဘူးဆိုၿပီး မာရွယ္ ေတြးေကာင္း ေတြးေနပါလိမ့္မယ္။ အသင္းမွာပဲ ဆက္ေနရမလား ဒါမွမဟုတ္ ပုံမွန္ပြဲထြက္ခြင့္ ရမယ့္အသင္းဆီေျပာင္းေ႐ႊ႕ရမလားလို႔ ဇေဝဇဝါျဖစ္ေနမွာ အမွန္ပါပဲ။

ကြၽန္ေတာ္ကေတာ့ သူ႕ကို ယူနိုက္တက္မွာပဲ ဆက္ကစားၿပီး ကိုယ့္ကိုယ္ကိုယ္အေကာင္းဆုံးျဖစ္ေအာင္တည္ေဆာက္ေစခ်င္ပါတယ္။ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆုံးႀကိဳးစားျပမယ္၊ ကစားခြင့္ရတဲ့ပြဲတိုင္းမွာ ေျခစြမ္းျပနိုင္မယ္ဆိုရင္ ပြဲထြက္ခြင့္တစ္ေနရာရဖို႔က မခက္ခဲပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။