Spots news

ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား ထပ်ယူမယ်လို့ ပြောလိုက်တဲ့ မက်ဆီ

Unicode Version

ဘာစီလိုနာ အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလားကို နောက်ထပ် တစ်ကြိမ်မရယူနိုင်ခဲ့တာကို နောင်တအရဆုံးလို့ ပြောဆိုခဲ့တဲ့ မက်ဆီဟာ အသင်းသစ်ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ် ဖလားကို ထပ်မံရယူမယ်လို့ ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပြီး အသင်းဖော်ဟောင်း နေမာ၊ ဘာပေ တို့နဲ့ ကစားရမှာကိုလည်း တကယ်ကောင်းမွန်တယ်လို့ ပြောဆို ခဲ့ပါတယ်။

မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပေမယ့် ချန်ပီယံလိဂ် ဖလားအများဆုံးကစားသမားစာရင်းမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့

အောက်မှာသာရှိနေခဲ့ပြီး မက်ဆီအတွက်တော့ အနည်းငယ် စိတ်အလိုမကျ စရာ ဖြစ်ခဲ့သလို လက်ငါးချောင်းပြည့်ဖို့ တစ်ချောင်းတည်းသာ လိုအပ်ချိန်မှာလည်း ဆုဖလားနဲ့ လွဲချော်နေခဲ့တာပါ။

မက်ဆီက “ဘာစီလိုနာ အသင်းကနေ ထွက်ခွာရတာ ကျွန်တော့်အတွပ် အရမ်းကို ခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပီအက်စ်ဂျီဟာ ဥရောပဖလား ရည်မှန်းထားပြီး ရည်မှန်းချက် ကြီးမားတဲ့အသင်း ဖြစ်လို့ ကျွန်တော်ပြောင်းရွှေ့နိုင်ခဲ့လို့ ကျေနပ်မိပါတယ်၊

ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ကစားသမားဘဝ ချန်ပီယံလိဂ် ဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်ဖို့ဖြစ်ပြီး ဒါတွေဖြစ်လာအောင်လည်း ကျွန်တော် အရာအားလုံးကို ပေးဆပ်သွားမှာပါ၊ ဒီဆုဖလားကို ရယူဖို့လည်း ပီအက်စ်ဂျီက ရည်မှန်းချက်ထား နေပါတယ်

“လက်ရှိ ပီအက်စ်ဂျီ အသင်းလူစာရင်းနဲ့ နည်းပြတွေက အင်အားတောင့်တင်းပြီး အရာရာကို အောင်မြင်နိုင်ပါတယ်၊ ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာက တကယ်ကိုအံ့အားသင့်စရာအရာတစ်ခုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ််ဂျီကတော့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲအဆင့်တွေနဲ့သာ ကျေနပ်နေခဲ့ရပြီး

လက်ရှိမှာတော့ မက်ဆီ၊ နေမာ၊ ဘတ်ပီ၊ ရာမို့စ်၊ ဒီမာရီယာ၊ ၀ိုင်နယ်ဒမ်၊ ဒွန်နာရမ်မာ၊ မာကွင်ဟို့စ်၊ ပရီဒက်စ်အစရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ ရယူနိုင်မလားဆိုတာ စေင့်ကြည့်ရတော့မှာပါ။

Zawgyi Version

ဘာစီလိုနာ အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလားကို ေနာက္ထပ္ တစ္ႀကိမ္မရယူနိုင္ခဲ့တာကို ေနာင္တအရဆုံးလို႔ ေျပာဆိုခဲ့တဲ့ မက္ဆီဟာ အသင္းသစ္ပီအက္စ္ဂ်ီနဲ႕အတူ ခ်န္ပီယံလိဂ္ ဖလားကို ထပ္မံရယူမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ပီအက္စ္ဂ်ီ ကစားသမားဘဝ ပထမဆုံးျပဳလုပ္ ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ မက္ဆီက ေျပာဆိုခဲ့တာျဖစ္ၿပီး အသင္းေဖာ္ေဟာင္း ေနမာ၊ ဘာေပ တို႔နဲ႕ ကစားရမွာကိုလည္း တကယ္ေကာင္းမြန္တယ္လို႔ ေျပာဆို ခဲ့ပါတယ္။

မက္ဆီဟာ အသင္းေဟာင္း ဘာစီလိုနာနဲ႕အတူ ခ်န္ပီယံလိဂ္ဖလား ၄ လုံးအထိ ဆြတ္ခူးနိုင္ခဲ့သူျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ ဖလားအမ်ားဆုံးကစားသမားစာရင္းမွာ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕

ေအာက္မွာသာရွိေနခဲ့ၿပီး မက္ဆီအတြက္ေတာ့ အနည္းငယ္ စိတ္အလိုမက် စရာ ျဖစ္ခဲ့သလို လက္ငါးေခ်ာင္းျပည့္ဖို႔ တစ္ေခ်ာင္းတည္းသာ လိုအပ္ခ်ိန္မွာလည္း ဆုဖလားနဲ႕ လြဲေခ်ာ္ေနခဲ့တာပါ။

မက္ဆီက “ဘာစီလိုနာ အသင္းကေန ထြက္ခြာရတာ ကြၽန္ေတာ့္အတြပ္ အရမ္းကို ခက္ခဲခဲ့ပါတယ္၊ ဒါေပမယ့္လည္း ပီအက္စ္ဂ်ီဟာ ဥေရာပဖလား ရည္မွန္းထားၿပီး ရည္မွန္းခ်က္ ႀကီးမားတဲ့အသင္း ျဖစ္လို႔ ကြၽန္ေတာ္ေျပာင္းေ႐ႊ႕နိုင္ခဲ့လို႔ ေက်နပ္မိပါတယ္၊

ကြၽန္ေတာ့္ရဲ႕ အိပ္မက္ကေတာ့ ကစားသမားဘဝ ခ်န္ပီယံလိဂ္ ဖလားကို ေနာက္ထပ္တစ္ႀကိမ္ ကိုင္ျမႇောက္နိုင္ဖို႔ျဖစ္ၿပီး ဒါေတြျဖစ္လာေအာင္လည္း ကြၽန္ေတာ္ အရာအားလုံးကို ေပးဆပ္သြားမွာပါ၊ ဒီဆုဖလားကို ရယူဖို႔လည္း ပီအက္စ္ဂ်ီက ရည္မွန္းခ်က္ထား ေနပါတယ္

“လက္ရွိ ပီအက္စ္ဂ်ီ အသင္းလူစာရင္းနဲ႕ နည္းျပေတြက အင္အားေတာင့္တင္းၿပီး အရာရာကို ေအာင္ျမင္နိုင္ပါတယ္၊ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ခဲ့တာက တကယ္ကိုအံ့အားသင့္စရာအရာတစ္ခုပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ပီအက္စ္္ဂ်ီကေတာ့ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ဖို႔ ပစ္မွတ္ထားေနတာ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ဆီမီးဖိုင္နယ္၊ ဗိုလ္လုပြဲအဆင့္ေတြနဲ႕သာ ေက်နပ္ေနခဲ့ရၿပီး

လက္ရွိမွာေတာ့ မက္ဆီ၊ ေနမာ၊ ဘတ္ပီ၊ ရာမို႔စ္၊ ဒီမာရီယာ၊ ၀ိုင္နယ္ဒမ္၊ ဒြန္နာရမ္မာ၊ မာကြင္ဟို႔စ္၊ ပရီဒက္စ္အစရွိတဲ့ ကစားသမားအစုအဖြဲ႕နဲ႕ ရယူနိုင္မလားဆိုတာ ေစင့္ၾကည့္ရေတာ့မွာပါ။