Unicode Version
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ်ဘောလုံးရာသီ နွေရာသီ အပြောင်းအရွှေ့မပိတ်ခင်မှာ ခေါ်ယူနိုက်ဖို့အတွက် ကစားသမား ၄ ဦးလောက် အထိကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဗြိတိန် အခြေစိုက် မီဒီယာများက ဖော်ပြသွားပါတယ်။
ယူနိုက်တက် နည်းပြဆိုးလ်ရှားကတော့ ဆန်ချို နဲ့ ဗာရန်းတို့ကဲ့သို့ ထိပ်သီး ကစားသမားတွေကို ပြောင်းရွေ့ကြေး ပေါင်သန်း ၁၀၀ ကျော် အသုံးပြုကာ ခေါ်ယူထားပေမယ့် နောက်ထပ်အရည်အသွေးရှိတဲ့ ကစားသမားတွေကို ခေါ်ယူချင်နေဆဲဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နောက်ခံလူ ဒါးလော့ကို မရောင်းချရသေးပဲ အသင်းမှာ အသုံးပြုဖို့ ဆက်လက် ထားရှိနေပေမယ့် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နောက်ခံ အစွန်လူ ထရစ်ပီယာကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သတင်းများက အခိုင်အမာ ဖော်ပြသွားပါတယ်။
ဒါ့အပြင် ကွင်းလယ်ပိုင်းအတွက်လည်း ရန်းနက်စ် အသင်းက လူငယ်ကြယ်ပွင့် ကာမာဗင်ဂါ ၊ တီကိုက ဆာအူးလ် နဲ့ ဝုဗ်က နီဗက်စ်တို့ကို စောင့်ကြည့်နေပါတယ်။ အပြောင်းအရွှေ့ကလည်း မကြာခင် ပိတ်တော့မှာဖြစ်တဲ့ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ကို အလျင်အမြန် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
စနေနေ့မှာတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ကစားသမားသစ် တောင်ပံကစားသမားသစ် ဆန်ချိုနဲ့ နောက်ခံလူ ဗာရန်းတို့ ပါဝင်လာဖွယ် ရှိနေတယ်လို့ သတင်းများအရ သိရပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ယခုႏွစ္ေဘာလုံးရာသီ ေႏြရာသီ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ ေခၚယူနိုက္ဖို႔အတြက္ ကစားသမား ၄ ဦးေလာက္ အထိကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ ၿဗိတိန္ အေျခစိုက္ မီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။
ယူနိုက္တက္ နည္းျပဆိုးလ္ရွားကေတာ့ ဆန္ခ်ိဳ နဲ႕ ဗာရန္းတို႔ကဲ့သို႔ ထိပ္သီး ကစားသမားေတြကို ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၁၀၀ ေက်ာ္ အသုံးျပဳကာ ေခၚယူထားေပမယ့္ ေနာက္ထပ္အရည္အေသြးရွိတဲ့ ကစားသမားေတြကို ေခၚယူခ်င္ေနဆဲျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ေနာက္ခံလူ ဒါးေလာ့ကို မေရာင္းခ်ရေသးပဲ အသင္းမွာ အသုံးျပဳဖို႔ ဆက္လက္ ထားရွိေနေပမယ့္ အက္သလက္တီကို မက္ဒရစ္ အသင္းရဲ႕ ေနာက္ခံ အစြန္လူ ထရစ္ပီယာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနဆဲ ျဖစ္ေၾကာင္း သတင္းမ်ားက အခိုင္အမာ ေဖာ္ျပသြားပါတယ္။
ဒါ့အျပင္ ကြင္းလယ္ပိုင္းအတြက္လည္း ရန္းနက္စ္ အသင္းက လူငယ္ၾကယ္ပြင့္ ကာမာဗင္ဂါ ၊ တီကိုက ဆာအူးလ္ နဲ႕ ဝုဗ္က နီဗက္စ္တို႔ကို ေစာင့္ၾကည့္ေနပါတယ္။ အေျပာင္းအေ႐ႊ႕ကလည္း မၾကာခင္ ပိတ္ေတာ့မွာျဖစ္တဲ့ ယူနိုက္တက္အေနနဲ႕ ကစားသမားသစ္ကို အလ်င္အျမန္ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။
စေနေန႕မွာေတာ့ ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ လိဒ္ယူနိုက္တက္အသင္းနဲ႕ ကစားရမွာျဖစ္ပါတယ္။ ကစားသမားသစ္ ေတာင္ပံကစားသမားသစ္ ဆန္ခ်ိဳနဲ႕ ေနာက္ခံလူ ဗာရန္းတို႔ ပါဝင္လာဖြယ္ ရွိေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။