Spots news

ပရီးမီးယားလိဂ်ရဲ့ စကေးအကောင်းဆုံး ၅ ယောက်မှာ မန်ယူမှ နှစ်ဦးပါဝင်

Unicode Version

ဘောလုံး အားကစားမှာ Dribbling ဆိုတာဟာလည်းအခက်ခဲဆုံးသော စကေး တွေ ထဲ က တစ်ခု ဖြစ်ပြီး ပရိတ်သတ်တွေ ကို ဆွဲဆောင် မှု ပေး စွမ်း နိုင် တဲ့ စကေး တွေထဲက တစ်ခု ပဲဖြစ်ပါတယ်။

အဆိုပါ စကေးမှာ အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမား ၅ ဦးမှာယူနိုက်တက်အသင်း ရဲ့ အဂ်လန် တိုက်စစ် ကစားသမား၂ ဦးဖြစ်ကြ တဲ့ မားကပ်စ် ရက်ဖိုဒ့် နဲ့ ဂျေဒန် ဆန်ချို တို့လည်း ပါဝင်ပြီး မားကပ်ရက်ဖိုဒ့်က အဆင့် ၄ နဲ့ ဂျေဒန် ဆန်ချိုတို့ က အဆင့် ၂ နေရာ မှာ ရပ်တည် နေကြပါတယ်။

အဆင့် ၅ နေရာ မှာတော့ ဝီဖရက် ဇာဟာ က ရပ်တည်နေပြီး ပြီးခဲ့တဲ့၂၀၂၀-၂၁ ဘောလုံးရာသီ မှာ ၁၁၁ ကြိမ် အထိ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး တစ်ပွဲမှာ ၃.၈ ကြိမ်နီးပါး လုပ်ဆောင် ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ နောက် အဆင့် လေးနေရာမှာတော့ ယူနိုက်တက် ကစားသမား ရက်ဖိုဒ့်က ရပ်တည် နေပြီး တော့တစ်ရာသီ လုံး ၁၆၃ ကြိမ် လုပ်‌ဆောင်ခဲ့ပြီး ၈၆ကြိမ် အထိအောင်မြင် ခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီး ကစားသမားသစ် ဂလေရ်းရှစ် ကတော့ တစ်ရာသီ လုံး ၁၁၁ ကြိမ် အထိ လုပ် ဆောင် ခဲ့ပြီး၆၄.၄% အထိကို အောင်မြင် ခဲ့ပါတယ်။

သူ့ရဲ့ ရှေ့ အဆင့်နှစ် နေရာ မှာတော့ ယူနိုက်တက် အသင်း က အသစ်ခေါ်လိုက်တဲ့ဂျေဒန် ဆန်ချိုက ရပ်တည်နေတာဖြစ်ပြီး တစ်ပွဲကို ပျမ်းမျှ ၃.၂ ကြိမ် နီးပါးအောင်မြင်အောင် Dribble လုပ်နိုင် ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ရှေ့အဆင့်တစ်နေရာမှာတော့ ဝုဗ် အသင်းရဲ့

ထရာအိုရေးကတစ်ပွဲမှာပျမ်းမျှ ၅.၈ ကြိမ် အထိ Dribble ကိုအောင်မြင် အောင်လုပ်တောင်နိုင် ခဲ့ပြီး နယူးကာဆယ် အသင်း နဲ့ ကစားတဲ့ ပွဲမှာ ဆိုလျှင် တစ်ပွဲထဲကို ၁၄ ကြိမ် အထိ အောင် မြင် အောင် လုပ်ဆောင်ကာဥရောပတစ်ခွင်စံချိန်တင်နိုင် ခဲ့သူ လည်း ဖြစ်ပါတယ်။

ဆိုတော့ ကာ ယူနိုက်တက် အသင်းကတော့ ဘယ်တောင်ပံနဲ့ ညာတောင် ပံ တစ်ဖက်တစ်ချက် စီမှာ ပရီးမီးယား လိဂ် ရဲ့အကောင်းဆုံး သော စကေး သမား နှစ်ယောက်ကို ပိုင် ဆိုင်ထားနိုင်တာ‌မို့ လာမယ့်ရာသီ ရက်ဖိုဒ့်နဲ့ ဆန်ချို ဦးဆောင်မယ့်တောင်ပံ နှစ်ဖက်ကတော့ စိတ်လှုပ်ရှားစရာပါပဲ။

Zawgyi Version







ဆိုတော့ ကာ ယူနိုက်တက် အသင်းကတော့ ဘယ်တောင်ပံနဲ့ ညာတောင် ပံ တစ်ဖက်တစ်ချက် စီမှာ ပရီးမီးယ လိဂ် ရဲ့အကောင်းဆုံး သော စကေး သမား နှစ်ယောက်ကို ပိုင် ဆိုင်ထားနိုင်တာ‌မို့ လာမယ့်ရာသီ ရက်ဖိုဒ့်နဲ့ ဆန်ချို ဦးဆောင်မယ့်တောင်ပံ နှစ်ဖက်ကတော့ စိတ်လှုပ်ရှားစရာပါပဲ။