Spots news

ဆွီဒင်အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်

Unicode Version

ယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမား လင်ဒီလော့ဖ်ကတော့ ဆွီဒင် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အရွေးချယ်ခံလိုက်ရပြီလို့သိရပါတယ်။လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အသင်းအတွက်ခြေစွမ်းပြ ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

” ဒါက ကျွန်တော့်အတွက် အတော်လေး ဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်သလို တာဝန်လည်း အရမ်းကြီးတယ်လို့ ခံစားရပါတယ်။ကျွန်တော့်အတွက်တော့ အပြာရောင် နဲ့ အဝါရောင် ရောစပ်ထားတဲ့နိုင်ငံအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ကစားရတဲ့အချိန်တိုင်း

ဂုဏ်ယူ ဝံ့ကြွားမှုကိုခံစားမိစေပါတယ်။ အခုတော့ လက်မောင်းပေါ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး နိုင်ငံကိုယ်စားပြု ကစားရမယ့် ကိစ္စက ကျွန်တော့်အတွက် ပိုပြီး ကြီးလေးတဲ့ တာဝန်တစ်ခုဖြစ်လာပါပြီ” လို့ လင်ဒီလော့ဖ်က ဆိုပါတယ်။

လင်ဒီလော့ဖ်ဟာ လာမယ့်ရာသီမှာ အသင်းထံရောက်ရှိလာတဲ့ခံစစ်ကစားသမားသစ် ဗာရန်းကြောင့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးတော့မှာဖြစ်ပေမယ့်လည်း ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားဖို့အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

Zawgyi Version



