Unicode Version
ပီအက်စ်ဂျီအသင်းဟာ ရက်ပိုင်း အတွင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ် ရရှိထားတဲ့ လီယွန်နယ် မက်ဆီကို ၂နှစ် + တနှစ် သက်တမ်း တိုးနိုင်မယ့် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး မက်ဆီရဲ့ မဟာပြိုင်ဘက် ရော်နယ်ဒိုကိုလည်း ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
လက်ရှိ အချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို ပိုင်ဆိုင်ထားပြီး သူတို့သုံးဦးရဲ့ တိုက်စစ် အတွဲအဖက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး သုံးဦးတွဲ တိုက်စစ်အဖြစ်လည်း သတ်မှတ်ခံ ထားရပါတယ်။
သို့ပေမယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ သတင်းများထွက် နေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့ရဲ့ နေရာ အတွက် ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အသက် ၃၆နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင်တိုင် ရထားသူ တဦး ဖြစ်ပြီး လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးသစ် မက်ဆီရဲ့ အဓိက ပြိုင်ဘက်လဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဆယ်စုနှစ် တခုကျော်တဲ့ အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ဦး အဖြစ် သတ်မှတ်ခံထားရသလို သူတို့နှစ်ဦး တွဲဖက် ကစားမှာကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ပရိတ်သတ်များက တွေ့မြင်လိုကြပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိပြီး ပီအက်စ်ဂျီအသင်းဟာ သူ့ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့လည်း ခေါ်ယူနိုင်ပါတယ်။
ပီအက်စ်ဂျီအသင်းထံ ရော်နယ်ဒိုရဲ့ အပြောင်းအရွေ့ဟာ အမ်ဘာပေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်နေပြီး အမ်ဘာပေသာ ထွက်သွားပါက ပီအက်စ်ဂျီအသင်းဟာ ရော်နယ်ဒိုကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်
Zawgyi Version
ပီအက္စ္ဂ်ီအသင္းဟာ ရက္ပိုင္း အတြင္းက ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ၆ႀကိမ္ ရရွိထားတဲ့ လီယြန္နယ္ မက္ဆီကို ၂ႏွစ္ + တႏွစ္ သက္တမ္း တိုးနိုင္မယ့္ စာခ်ဳပ္နဲ႕ ေခၚယူနိုင္ခဲ့ၿပီး မက္ဆီရဲ႕ မဟာၿပိဳင္ဘက္ ေရာ္နယ္ဒိုကိုလည္း ေခၚယူဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
လက္ရွိ အခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြ ျဖစ္ၾကတဲ့ မက္ဆီ ၊ ေနမာနဲ႕ အမ္ဘာေပတို႔ကို ပိုင္ဆိုင္ထားၿပီး သူတို႔သုံးဦးရဲ႕ တိုက္စစ္ အတြဲအဖက္ဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး သုံးဦးတြဲ တိုက္စစ္အျဖစ္လည္း သတ္မွတ္ခံ ထားရပါတယ္။
သို႔ေပမယ့္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိၿပီး စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ သတင္းမ်ားထြက္ ေနတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ သူ႕ရဲ႕ ေနရာ အတြက္ ဂ်ဴဗင္တပ္အသင္းရဲ႕ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။
အသက္ ၃၆ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ၅ႀကိမ္တိုင္တိုင္ ရထားသူ တဦး ျဖစ္ၿပီး လက္ရွိ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉးသစ္ မက္ဆီရဲ႕ အဓိက ၿပိဳင္ဘက္လဲ ျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႕ မက္ဆီတို႔ဟာ ဆယ္စုႏွစ္ တခုေက်ာ္တဲ့ အထိ ကမာၻ႔အေကာင္းဆုံး ကစားသမား ၂ဦး အျဖစ္ သတ္မွတ္ခံထားရသလို သူတို႔ႏွစ္ဦး တြဲဖက္ ကစားမွာကို ကမာၻတစ္ဝွမ္းလုံးရွိ ပရိတ္သတ္မ်ားက ေတြ႕ျမင္လိုၾကပါတယ္။
ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိၿပီး ပီအက္စ္ဂ်ီအသင္းဟာ သူ႕ကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ ယူရို ၅၀သန္း ဝန္းက်င္နဲ႕ ေခၚယူနိုင္သလို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕လည္း ေခၚယူနိုင္ပါတယ္။
ပီအက္စ္ဂ်ီအသင္းထံ ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ြ႕ဟာ အမ္ဘာေပရဲ႕ ဆုံးျဖတ္ခ်က္ အေပၚမွာသာ မူတည္ေနၿပီး အမ္ဘာေပသာ ထြက္သြားပါက ပီအက္စ္ဂ်ီအသင္းဟာ ေရာ္နယ္ဒိုကို မျဖစ္မေန ေခၚယူဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္