Spots news

ရာသီသစ်အတွက် ပြိုင်ဘက်ခံစစ်မှူးတွေကို သတိပေးလိုက်တဲ့ မာရှယ်

Unicode Version

လာမယ့်ဘောလုံးရာသီသစ်မှာ ကြံ့ခိုင်မှုအပြည့်အဝ၊ ခြေစွမ်းပိုင်း ကောင်းမွန်မှုနဲ့ အတူ ကစားသွားဖို့ ကြိုးစားနေကြောင်း ယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်က ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ မာရှယ်က ကတိပေးခဲ့ပြီး ပြိုင်ဘက် ခံစစ်မှူးတွေကိုလည်း သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒူးဒဏ်ရာကြောင့် ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြ နိုင်ခဲ့တဲ့ မာရှယ်ဟာ ပြင်သစ် လက်ရွေးစင် အသင်းက ယူရိုပြိုင်ပွဲမှာ  ချန်လှပ် ခံခဲ့ရပါတယ်။

အသင်းပရိသတ်တွေကလဲ မာရှယ်ရဲ့ ခြေစွမ်း၊ အမူအကျင့်တွေ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပြီး ကစားသမားဟာ ဒီရာသီမှာပဲ အသင်းကနေ ထွက်ခွာသွားရ နိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

“၅ လလောက်ကြာအပြိးမှာ ကျွန်တော်အများကြီးပိုကောင်းလာတယ်လို့ ခံစားရပါတယ်၊ အသင်းနဲ့ ပြန်ပူးပေါင်းပြီး လေ့ကျင့်ခန်းလည်း ပြန်ဆင်းနိုင်ခဲ့ပါတယ်၊ အများကြီးတိုးတက်လာတယ်လို့လည်း ခံစားရပါတယ်၊

ကျွန်တော့်ရဲ့ အကောင်းဆုံး ကြံ့ခိုင်မှုကို ရဖို့တော့ ရက်သတ္တပတ် အနည်းငယ် လိုအပ်နေပါသေးတယ်၊ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာကို တောင်မှ ကျွန်တော် တော်တော်လေး ပျော်ရွှင်ရပါတယ်”

“အဲဗာတန်နဲ့ပွဲကို ပြန်ကစားနိုင်ဖို့ တကယ်ပျော်ခဲ့ရပါတယ်၊ အကြာကြီး မကစားရဘဲ ပြန်ကစားနိုင်ခဲ့တာလေ၊ အကောင်းဆုံးပုံစံ ပြန်ရအောင် ကျွန်တော် ကြိုးစားနေပါတယ်၊ ကြံ့ခိုင်မှုလည်း အမြန်ဆုံး ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပြီး

ဒဏ်ရာ ပြသနာတွေကိုလည်း ရှောင်ရှားနိုင်ဖို့ အားထုတ်သွားမှာပါ၊ အသင့်ဖြစ်နေပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်ဖို့နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ပါ မျှော်လင့်ထားပါတယ်” လို့ မာရှယ်က ပြောဆို သွားခဲ့ပါတယ်။

Zawgyi Version

လာမယ့္ေဘာလုံးရာသီသစ္မွာ ႀကံ့ခိုင္မႈအျပည့္အဝ၊ ေျခစြမ္းပိုင္း ေကာင္းမြန္မႈနဲ႕ အတူ ကစားသြားဖို႔ ႀကိဳးစားေနေၾကာင္း ယူနိုက္တက္တိုက္စစ္မႉး အန္သိုနီမာရွယ္က ေျပာဆိုသြားခဲ့ပါတယ္။

ယူနိုက္တက္အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္မွာ သူ႕ရဲ႕ အေကာင္းဆုံးပုံစံကို ျမင္ေတြ႕ရမယ္လို႔ မာရွယ္က ကတိေပးခဲ့ၿပီး ၿပိဳင္ဘက္ ခံစစ္မႉးေတြကိုလည္း သတိေပးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဒူးဒဏ္ရာေၾကာင့္ ကလပ္အသင္း မန္ခ်က္စတာ ယူနိုက္တက္မွာ ႐ုန္းကန္ခဲ့ရၿပီး ေျခစြမ္းမျပ နိုင္ခဲ့တဲ့ မာရွယ္ဟာ ျပင္သစ္ လက္ေ႐ြးစင္ အသင္းက ယူရိုၿပိဳင္ပြဲမွာ  ခ်န္လွပ္ ခံခဲ့ရပါတယ္။

အသင္းပရိသတ္ေတြကလဲ မာရွယ္ရဲ႕ ေျခစြမ္း၊ အမူအက်င့္ေတြ အေပၚ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနခဲ့ၿပီး ကစားသမားဟာ ဒီရာသီမွာပဲ အသင္းကေန ထြက္ခြာသြားရ နိုင္တယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္ ဆက္လက္ရွိေနခဲ့တာ ျဖစ္ပါတယ္။

“၅ လေလာက္ၾကာအၿပိးမွာ ကြၽန္ေတာ္အမ်ားႀကီးပိုေကာင္းလာတယ္လို႔ ခံစားရပါတယ္၊ အသင္းနဲ႕ ျပန္ပူးေပါင္းၿပီး ေလ့က်င့္ခန္းလည္း ျပန္ဆင္းနိုင္ခဲ့ပါတယ္၊ အမ်ားႀကီးတိုးတက္လာတယ္လို႔လည္း ခံစားရပါတယ္၊

ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံး ႀကံ့ခိုင္မႈကို ရဖို႔ေတာ့ ရက္သတၱပတ္ အနည္းငယ္ လိုအပ္ေနပါေသးတယ္၊ ေလ့က်င့္ခန္း ျပန္ဆင္းနိုင္တာကို ေတာင္မွ ကြၽန္ေတာ္ ေတာ္ေတာ္ေလး ေပ်ာ္႐ႊင္ရပါတယ္”

“အဲဗာတန္နဲ႕ပြဲကို ျပန္ကစားနိုင္ဖို႔ တကယ္ေပ်ာ္ခဲ့ရပါတယ္၊ အၾကာႀကီး မကစားရဘဲ ျပန္ကစားနိုင္ခဲ့တာေလ၊ အေကာင္းဆုံးပုံစံ ျပန္ရေအာင္ ကြၽန္ေတာ္ ႀကိဳးစားေနပါတယ္၊ ႀကံ့ခိုင္မႈလည္း အျမန္ဆုံး ျပန္ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ထားၿပီး

ဒဏ္ရာ ျပသနာေတြကိုလည္း ေရွာင္ရွားနိုင္ဖို႔ အားထုတ္သြားမွာပါ၊ အသင့္ျဖစ္ေနၿပီး ႀကံ့ခိုင္မႈအျပည့္နဲ႕ ေကာင္းမြန္တဲ့ ရာသီတစ္ခု ပိုင္ဆိုင္ဖို႔နဲ႕ ဆုဖလားေတြ ဆြတ္ခူးနိုင္ဖို႔ပါ ေမွ်ာ္လင့္ထားပါတယ္” လို႔ မာရွယ္က ေျပာဆို သြားခဲ့ပါတယ္။