Unicode Version
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ လိဒ်နှင့်ပွဲစဉ်မှာ ယူနိုက်တက် အတွက်ပထမဆုံး ပွဲအဖြစ် ပွဲထွက်ကစားလာမှာ ဖြစ်ကြောင်းသိရပါတယ်။ အသက်၂၁နှစ်ရှိဘတောင်ပံကစားသမားဟာ ယခုနွေရာသီမှာ ဒေါ့မွန်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းဖြင့် ရောက်လာခဲ့သူ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ လိဒ်နှင့်ပွဲအတွက် တိုက်စစ်သမားလေးဦး အသုံးပြုရန် ရည်ရွယ်ထားပြီး ဆန်ချိုနှင့်အတူ ဘရူနိုဖာနန်ဒက်စ်၊ မေဆင်ဂရင်းဝုဒ် တို့ကို အသုံးပြုသွားပါမယ်။ ဒါ့အပြင် အင်တာမီလန်သို့ ပြောင်းမယ်လို့ သတင်းထွက်နေတဲ့ အန်တိုနီမာရှယ်က ယူနိုက်တက် တိုက်စစ်ကိုဦးဆောင်လာပါမယ်။
မူလက ဆန်ချိုဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျမှ ပူးပေါင်းနိုင်ခဲ့လို့ လိဒ်နှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်စတားဟောင်းဟာ အားလပ်ရက်ခရီးစဉ်အတွင်း ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်လာမှုနဲ့ အတူ ယူနိုက်တက်အတွက် ပွဲကစားရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ကိုပါအမေရိကကစားခဲ့ပြီး အားလပ်ရက်ပို ရရှိထားမှုနဲ့အတူ လိဒ်နှင့်ပွဲကို လွဲပါမယ်။ဒါ့အပြင် ဂျက်စီလင်ဂတ်မှာလည်း ကိုဗစ်တွေ့ရှိ ထားမှုကြောင့် ပါဝင်လာဦးမှာမဟုတ်သလို မားကပ်စ်ရပ်ရ်ှဖို့ဒ် နှင့် အဲလက်စ်တဲလ်လက်စ် တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်မှ ယခု နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူထားတဲ့ပြင်သစ် ဗဟိုနောက်ခံလူ ရာဖေးလ်ဗာရန်းအပြောင်းအရွှေ့ကိုလည်း အပြီးသတ်ရန် လုပ်ဆောင်
နေပါတယ်။ ဗာရန်းဟာ ယူနိုက်တက် လေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ ဆေးစစ်ဆေးမှု ပြုလုပ်ထားပြီး ဖြစ်ကာ ယနေ့တွင်အပြောင်းအရွှေ့ အပြီးသတ်သွားပါမယ်။
Zawgyi Version
The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဆန္ခ်ိဳဟာ လိဒ္ႏွင့္ပြဲစဥ္မွာ ယူနိုက္တက္ အတြက္ပထမဆုံး ပြဲအျဖစ္ ပြဲထြက္ကစားလာမွာ ျဖစ္ေၾကာင္းသိရပါတယ္။ အသက္၂၁ႏွစ္ရွိဘေတာင္ပံကစားသမားဟာ ယခုေႏြရာသီမွာ ေဒါ့မြန္မွ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃ သန္းျဖင့္ ေရာက္လာခဲ့သူ ျဖစ္ပါတယ္။
ဆိုးလ္ရွားဟာ လိဒ္ႏွင့္ပြဲအတြက္ တိုက္စစ္သမားေလးဦး အသုံးျပဳရန္ ရည္႐ြယ္ထားၿပီး ဆန္ခ်ိဳႏွင့္အတူ ဘ႐ူနိုဖာနန္ဒက္စ္၊ ေမဆင္ဂရင္းဝုဒ္ တို႔ကို အသုံးျပဳသြားပါမယ္။ ဒါ့အျပင္ညအင္တာမီလန္သို႔ ေျပာင္းမယ္လို႔ သတင္းထြက္ေနတဲ့ အန္တိုနီမာရွယ္က ယူနိုက္တက္ တိုက္စစ္ကိုဦးေဆာင္လာပါမယ္။
မူလက ဆန္ခ်ိဳဟာ ယူနိုက္တက္ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ကို ေနာက္က်မွ ပူးေပါင္းနိုင္ခဲ့လို႔ လိဒ္ႏွင့္ပြဲတြင္ ပါဝင္ရန္ မေရမရာ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္စတားေဟာင္းဟာ အားလပ္ရက္ခရီးစဥ္အတြင္း ႀကံ့ခိုင္ေရး ေလ့က်င့္ခန္းမ်ားျပဳလုပ္လာမႈနဲ႕ အတူ ယူနိုက္တက္အတြက္ ပြဲကစားရန္ အသင့္ျဖစ္ေနၿပီ ျဖစ္ပါတယ္။
ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ကိုပါအေမရိကကစားခဲ့ၿပီး အားလပ္ရက္ပို ရရွိထားမႈနဲ႕အတူ လိဒ္ႏွင့္ပြဲကို လြဲပါမယ္။ဒါ့အျပင္ ဂ်က္စီလင္ဂတ္မွာလည္း ကိုဗစ္ေတြ႕ရွိ ထားမႈေၾကာင့္ ပါဝင္လာဦးမွာမဟုတ္သလို မားကပ္စ္ရပ္ရ္ွဖို႔ဒ္ ႏွင့္ အဲလက္စ္တဲလ္လက္စ္ တို႔မွာလည္း ဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။
ဒါ့အျပင္ ယူနိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္မွ ယခု ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ေခၚယူထားတဲ့ျပင္သစ္ ဗဟိုေနာက္ခံလူ ရာေဖးလ္ဗာရန္းအေျပာင္းအေ႐ႊ႕ကိုလည္း အၿပီးသတ္ရန္ လုပ္ေဆာင္
ေနပါတယ္။ ဗာရန္းဟာ ယူနိုက္တက္ ေလ့က်င့္ေရးကြင္းသို႔ လာေရာက္ကာ ေဆးစစ္ေဆးမႈဘျပဳလုပ္ထားၿပီး ျဖစ္ကာ ယေန႕တြင္အေျပာင္းအေ႐ႊ႕ အၿပီးသတ္သြားပါမယ္။