Spots news

MNM တိုက်စစ်အတွဲကို မြင်တွေ့ရမည်ဟု ပီအက်စ်ဂျီ ဥက္ကဌ ကတိပေး

Unicode Version

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူပီးနောက် အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ နာမည်ကျော် ကြယ်ပွင့် တိုက်စစ်အတွဲ ဖြစ်တဲ့ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့ရဲ့ MNM တိုက်စစ်အတွဲကို မြင်တွေ့ရမယ်လို့ ကတိပေးသွားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ၂နှစ် + တနှစ် ဆိုတဲ့ စာချုပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ကာ မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၇ဦး အနက် ၃ဦးကို ပိုင်ဆိုင်ထားတဲ့ အထိပါ သတ်မှတ်ထားခြင်း ခံရပါတယ်။

ဒါပေမယ့် အမ်ဘာပေရဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေမှုက ပီအက်စ်ဂျီအသင်းဟာ MNM တိုက်စစ်အတွဲကို အသုံးပြုနိုင်ပါ့မလား ဆိုပြီး သံသယတွေ ထွက်ပေါ်စေခဲ့ကာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီက အမ်ဘာပေဟာ ဆက်ပြီး ရှိနေမယ်လို့ အတည်ပြု သွားခဲ့ပါတယ်။

အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိပြီး စာချုပ်သစ် ချုပ်ဆိုဖို့ တွေဝေနေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပင် ပြောင်းရွှေ့ကြေး ယူရိ ၁၂၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်သင့်ကြောင်း အကြံပေးမှုတွေ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ယူရို ၁၂၀သန်းနဲ့ ခေါ်ယူဖို့ အသင့် ရှိနေပေမယ့် ပီအက်စ်ဂျီ ဥက္ကဌက အမ်ဘာပေဟာ အသင်းမှာပဲ ဆက်ရှိသွားမှာ ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ကို ရယူနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားကြောင်း ဆိုသွားပါတယ်။

အယ်ခါလိုင်ဖီက “ လူတိုင်းက ဘာပေရဲ့ အနာဂတ်ကို သိကြမယ်လို့ ထင်ပါတယ်။ သူက ပဲရစ်သား တဦးပါ။ သူက ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်မယ့် လူစာရင်းကို လိုချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အသင်းက အကောင်းဆုံး အနေအထားမှာ ရှိ‌ နေပြီ ‌။ သူဆင်ခြေပေးစရာ မရှိတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဘာစီလိုအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီကို ေခၚယူပီးေနာက္ အသင္းရဲ႕ ပရိသတ္ေတြ အေနနဲ႕ နာမည္ေက်ာ္ ၾကယ္ပြင့္ တိုက္စစ္အတြဲ ျဖစ္တဲ့ မက္ဆီ ၊ ေနမာ ၊ အမ္ဘာေပတို႔ရဲ႕ MNM တိုက္စစ္အတြဲကို ျမင္ေတြ႕ရမယ္လို႔ ကတိေပးသြားပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ၂ႏွစ္ + တႏွစ္ ဆိုတဲ့ စာခ်ဳပ္နဲ႕ တရားဝင္ ေခၚယူနိုင္ခဲ့ကာ မက္ဆီကို ေခၚယူနိုင္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္ပိုင္းဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး ၇ဦး အနက္ ၃ဦးကို ပိုင္ဆိုင္ထားတဲ့ အထိပါ သတ္မွတ္ထားျခင္း ခံရပါတယ္။

ဒါေပမယ့္ အမ္ဘာေပရဲ႕ အနာဂတ္ မတည္မၿငိမ္ ျဖစ္ေနမႈက ပီအက္စ္ဂ်ီအသင္းဟာ MNM တိုက္စစ္အတြဲကို အသုံးျပဳနိုင္ပါ့မလား ဆိုၿပီး သံသယေတြ ထြက္ေပၚေစခဲ့ကာ လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌ အယ္ခါလိုင္ဖီက အမ္ဘာေပဟာ ဆက္ၿပီး ရွိေနမယ္လို႔ အတည္ျပဳ သြားခဲ့ပါတယ္။

အမ္ဘာေပဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေတြေဝေနတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ အတြင္းမွာပင္ ေျပာင္းေ႐ႊ႕ေၾကး ယူရိ ၁၂၀သန္း ဝန္းက်င္နဲ႕ ေရာင္းထုတ္သင့္ေၾကာင္း အႀကံေပးမႈေတြ ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို ယူရို ၁၂၀သန္းနဲ႕ ေခၚယူဖို႔ အသင့္ ရွိေနေပမယ့္ ပီအက္စ္ဂ်ီ ဥကၠဌက အမ္ဘာေပဟာ အသင္းမွာပဲ ဆက္ရွိသြားမွာ ျဖစ္သလို ယခုႏွစ္ ေဘာလုံးရာသီမွာ ဥေရာပ ခ်န္ပီယံလိဂ္ကို ရယူနိုင္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားေၾကာင္း ဆိုသြားပါတယ္။

အယ္ခါလိုင္ဖီက “ လူတိုင္းက ဘာေပရဲ႕ အနာဂတ္ကို သိၾကမယ္လို႔ ထင္ပါတယ္။ သူက ပဲရစ္သား တဦးပါ။ သူက ခ်န္ပီယံလိဂ္ကို စိန္ေခၚနိုင္မယ့္ လူစာရင္းကို လိုခ်င္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ အသင္းက အေကာင္းဆုံး အေနအထားမွာ ရွိ‌ ေနၿပီ ‌။ သူဆင္ေျခေပးစရာ မရွိေတာ့ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။