Spots news

ညာတောင်ပံအတွက်ခေါ်ခဲ့ပေမယ့် ဘယ်တောင်ပံမှာ ကစားရဖွယ်ရှိနေတဲ့ ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ဟာ အသင်းအပေါ် ကျေနပ် အားရစရာ ဖြစ်ခဲ့ပြီး ကာလရှည် ပစ်မှတ်ဖြစ်တဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်နိုင်ခဲ့သလို ခံစစ်အတွက်လည်း အတွေ့အကြုံရင့် ပြင်သစ်ခံစစ်မှူး ရာဖေးဗာရန်း ကို ခေါ်ယူ အားဖြည့်နိုင်ခဲ့ ပါတယ်

ဆန်ချိုဟာ ယူနိုက်တက် အသင်းမှာ အချိန်ကြာမြင့်စွာ အားနည်းနေတဲ့ ညာတောင်ပံ ပြဿနာအတွက် အသင့်တော်ဆုံးဖြစ်ပြီး ဒေါ့မွန် နဲ့ အင်္ဂလန် အသင်းတွေမှာလည်း ဆန်ချို က ညာတောင်ပံ ကစားသမား အဖြစ်နဲ့သာအများဆုံး ကစားခဲ့တာပါ ။ ဒါပေမယ့် လက်ရှိမှာ ယူနိုက်တက်မှာ ပြသနာရှိနေပါတယ်။

ယူနိုက်တက်ဘယ်တောင်ပံ မှာ အဓိက ကစားနေတဲ့ မားကပ် ရက်ဖိုဒ့် ဟာ သူ့ရဲ့ ကာလရှည် ခံစား နေရတဲ့ ပုခုံး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက် ပြီ ဖြစ်တာကြောင့် အောက်တိုဘာ လောက်မှသာ ပြန်ကစားပေးနိုင်တော့မှာဖြစ်ပြီး ဘယ်တောင်ပံကို အခြားတစ်ယောက်နဲ့ အစားထိုးရမှာပါ ။

 

အရင်တုန်းက အသင်းမှာ ရက်ဖိုဒ့် နဲ့ မာရှယ် တို့က ဘယ်တောင်ပံ မှာ အလှည့်ကျပုံစံ နဲ့ ကစားခဲ့‌ ပေမယ့် လူကာကူ ကို ရောင်းထုတ် အပြီးမှာတော့ ဆိုးရှား ဟာ အန်တိုနီမာရှယ် ကို အထောင် တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပြီး ရက်ဖိုဒ့် တစ်ဦးသာ ဘယ်တောင်ပံ ကစားသမား အဖြစ် ယူနိုက်တက်မှာ ရှိနေပါတယ်

ဘယ်တောင်ပံမှာ အကောင်းဆုံးကစားနိုင်တဲ့ ရက်ဖိုဒ့် ကို ၂ လ ခန့်ဆုံးရှုံးရမှာ ဖြစ်တာကြောင့် ဆန်ချို ဟာ သူအားသန်တဲ့ ညာတောင်ပံအစား ဘယ်တောင်ပံကို ပြောင်းလဲ ကစားပေးရဖွယ် ရှိနေပါတယ် ။

ဝါရင့်အထောင် တိုက်စစ်မှူးကြီး ကာဗာနီ ဟာ အခုချိန်အထိ အသင်းနဲ့လာရောက် မပူးပေါင်းသေးတာကြောင့် ရာသီအစ မှာ မာရှယ် ဟာ အထောင်တိုက်စစ်မှူး အဖြစ်ကစားရဖွယ် ရှိပါတယ်။

ထို့ကြောင့် ဆန်ချို ဟာ ဘယ်တောင်ပံ ကို ခေတ္တ ပြောင်း ကစားပေးရနိုင်ပြီး သူ့ရဲ့ညာခြမ်း ကိုတော့ မနှစ်ကတည်းက ကစားနေတဲ့ လူငယ် တိုက်စစ်သမားလေး မေဆင်ဂရင်းဝုဒ် က ဆက်လက် ကစားသွားရဖွယ် ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြ အတြက္ေတာ့ ဒီႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ဟာ အသင္းအေပၚ ေက်နပ္ အားရစရာ ျဖစ္ခဲ့ၿပီး ကာလရွည္ ပစ္မွတ္ျဖစ္တဲ့ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို ေခၚနိုင္ခဲ့သလို ခံစစ္အတြက္လည္း အေတြ႕အႀကဳံရင့္ ျပင္သစ္ခံစစ္မႉး ရာေဖးဗာရန္း ကို ေခၚယူ အားျဖည့္ နိုင္ခဲ့ ပါတယ္ ။

ဆန္ခ်ိဳဟာ ယူနိုက္တက္ အသင္းမွာ အခ်ိန္ၾကာျမင့္စြာ အားနည္းေနတဲ့ ညာေတာင္ပံ ျပႆနာအတြက္ အသင့္ေတာ္ဆုံးျဖစ္ၿပီး ေဒါ့မြန္ နဲ႕ အဂၤလန္ အသင္းေတြမွာလည္း ဆန္ခ်ိဳ က ညာေတာင္ပံ ကစားသမား အျဖစ္နဲ႕သာအမ်ားဆုံး ကစားခဲ့တာပါ ။ ဒါေပမယ့္ လက္ရွိမွာ ယူနိုက္တက္မွာ ျပသနာရွိေနပါတယ္။

ယူနိုက္တက္ဘယ္ေတာင္ပံ မွာ အဓိက ကစားေနတဲ့ မားကပ္ ရက္ဖိုဒ့္ ဟာ သူ႕ရဲ႕ ကာလရွည္ ခံစား ေနရတဲ့ ပုခုံး ဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူလိုက္ ၿပီ ျဖစ္တာေၾကာင့္ ေအာက္တိုဘာ ေလာက္မွသာ ျပန္ကစားေပးနိုင္ေတာ့မွာျဖစ္ၿပီး ဘယ္ေတာင္ပံကို အျခားတစ္ေယာက္နဲ႕ အစားထိုးရမွာပါ ။

အရင္တုန္းက အသင္းမွာ ရက္ဖိုဒ့္ နဲ႕ မာရွယ္ တို႔က ဘယ္ေတာင္ပံ မွာ အလွည့္က်ပဳံစံ နဲ႕ ကစားခဲ့‌ ေပမယ့္ လူကာကူ ကို ေရာင္းထုတ္ အၿပီးမွာေတာ့ ဆိုးရွား ဟာ အန္တိုနီမာရွယ္ ကို အေထာင္ တိုက္စစ္မႉးအျဖစ္ ကစားေစခဲ့ၿပီး ရက္ဖိုဒ့္ တစ္ဦးသာ ဘယ္ေတာင္ပံ ကစားသမား အျဖစ္ ယူနိုက္တက္မွာ ရွိေနပါတယ္

ဘယ္ေတာင္ပံမွာ အေကာင္းဆုံးကစားနိုင္တဲ့ ရက္ဖိုဒ့္ ကို ၂ လ ခန႔္ဆုံးရႈံးရမွာ ျဖစ္တာေၾကာင့္ ဆန္ခ်ိဳ ဟာ သူအားသန္တဲ့ ညာေတာင္ပံအစား ဘယ္ေတာင္ပံကို ေျပာင္းလဲ ကစားေပးရဖြယ္ ရွိေနပါတယ္ ။

ဝါရင့္အေထာင္ တိုက္စစ္မႉးႀကီး ကာဗာနီ ဟာ အခုခ်ိန္အထိ အသင္းနဲ႕လာေရာက္ မပူးေပါင္းေသးတာေၾကာင့္ ရာသီအစ မွာ မာရွယ္ ဟာ အေထာင္တိုက္စစ္မႉး အျဖစ္ကစားရဖြယ္ ရွိပါတယ္။

ထို႔ေၾကာင့္ ဆန္ခ်ိဳ ဟာ ဘယ္ေတာင္ပံ ကို ေခတၱ ေျပာင္း ကစားေပးရနိုင္ၿပီး သူ႕ရဲ႕ညာျခမ္း ကိုေတာ့ မႏွစ္ကတည္းက ကစားေနတဲ့ လူငယ္ တိုက္စစ္သမားေလး ေမဆင္ဂရင္းဝုဒ္ က ဆက္လက္ ကစားသြားရဖြယ္ ရွိေနပါတယ္။