Spots news

တိုက်စစ်အတွက် ရီးရဲလ်က ဂျိုဗစ်ကို စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက်

Unicode Version

ယူနိုက်တက်အသင်းကတော့ အခုနွေရာသီအပြောင်းအရွှေ့မှာ အလုပ်များနေပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ နောက်ထပ်ကစားသမားတွေခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို ၊ ဗာရာနီ နဲ့ တွမ်ဟီတန်တို့ကိုခေါ်ယူထားနိုင်ခဲ့ကာ နောက်ထပ်လည်း ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ အခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ကာ လူအင်အားတော်တော်များများဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာ အသက် ၃၄ နှစ်သား ကာဗာနီတစ်ဦးသာရှိနေတာကြောင့် ဆိုးလ်ရှားက ရီးရဲလ်စတား ဂျိုဗစ်ကို စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဂျိုဗစ်အတွက် ရီးရဲလ်အသင်းနဲ့ ဆွေးနွေးဖွယ်ရှိနေကာ စပိန်ကလပ်ဘက်ကလည်း အခုနွေရာသီမှာ ဂျိုဗစ်ကိုရောင်းချလိုနေပါတယ်။

အသက် ၂၃ နှစ်သားဟာ ဖရန့်ဖတ်အသင်းအတွက် ၇၅ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းကို ရောက်လာခဲ့ပေမယ့် ၃၂ ပွဲမှာ ၂ ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့သတင်းတွေ ထွက်နေတဲ့ ထရစ်ပီယာဇာတ်လမ်းကတော့ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းကေတာ့ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အလုပ္မ်ားေနၿပီး အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ ေနာက္ထပ္ကစားသမားေတြေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳ ၊ ဗာရာနီ နဲ႕ တြမ္ဟီတန္တို႔ကိုေခၚယူထားနိုင္ခဲ့ကာ ေနာက္ထပ္လည္း ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ဆိုးလ္ရွားကေတာ့ အခုရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုစိန္ေခၚနိုင္ဖို႔ ျပင္ဆင္ေနတာျဖစ္ကာ လူအင္အားေတာ္ေတာ္မ်ားမ်ားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။

တိုက္စစ္ပိုင္းမွာ အသက္ ၃၄ ႏွစ္သား ကာဗာနီတစ္ဦးသာရွိေနတာေၾကာင့္ ဆိုးလ္ရွားက ရီးရဲလ္စတား ဂ်ိဳဗစ္ကို စိတ္ဝင္စားလာတာျဖစ္ပါတယ္။ ယူနိုက္တက္တာဝန္ရွိသူေတြဟာ ဂ်ိဳဗစ္အတြက္ ရီးရဲလ္အသင္းနဲ႕ ေဆြးေႏြးဖြယ္ရွိေနကာ စပိန္ကလပ္ဘက္ကလည္း အခုေႏြရာသီမွာ ဂ်ိဳဗစ္ကိုေရာင္းခ်လိဳေနပါတယ္။

အသက္ ၂၃ ႏွစ္သားဟာ ဖရန႔္ဖတ္အသင္းအတြက္ ၇၅ ပြဲမွာ ၃၆ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ရီးရဲလ္အသင္းကို ေရာက္လာခဲ့ေပမယ့္ ၃၂ ပြဲမွာ ၂ ဂိုးသာသြင္းယူေပးနိုင္ခဲ့ပါတယ္။ ယူနိုက္တက္နဲ႕သတင္းေတြ ထြက္ေနတဲ့ ထရစ္ပီယာဇာတ္လမ္းကေတာ့ အဆုံးသတ္ခဲ့ၿပီျဖစ္ပါတယ္။