Spots news

နောက်ထပ် ကစားသမားသစ် ခေါ်ယူမည်ဖြစ်ကြောင်း ဆိုးလ်ရှားအတည်ပြု

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ ရက်ပိုင်းအတွင်းမှာ အသင်းထံ ကစားသမားသစ် တဦး ထပ်မံ ရောက်ရှိဖွယ် ရှိကြောင်း ပရိသတ်တွေကို အသိပေးသွားပါတယ်။

ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဆန်ချိုနဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူထားနိုင်ပြီး လက်ရှိမှာတော့ ကွင်းလယ်လူ တဦး (သို့) ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ယူနိုက်တက်အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ထရစ်ပီယာရဲ့ တန်ကြေးဟာ ပေါင် ၃၀သန်း အထိ ရှိနေတာကြောင့် အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်တဲ့ ဒါလော့ကိုသာ ဘစ်ဆာကာနဲ့ နေရာယှဉ်လုဖို့ အသင်းမှာ ဆက်ထိန်းထားဖို့ စဉ်းစားနေပါတယ်။

ယူနိုက်တက်အသင်းထံ ထပ်မံ ရောက်ရှိလာမယ့် ကစားသမားသစ်ဟာ ကွင်းလယ်လူ တဦး ဖြစ်နိုင်ပြီး လက်ရှိမှာတော့ ရန်းနက်စ်အသင်းရဲ့ ကွင်းလယ်လူ ကာမာဗင်ဂါ ၊ ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နီဗက်နဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူလ်တို့ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်များ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကာမာဗင်ဂါဟာ ယူနိုက်တက်အသင်းထံ ရောက်ရှိဖို့ အလားအလာ အများဆုံး ဖြစ်နေပြီး ရန်းနက်စ်အသင်းကလည်း ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၄၀သန်းကြား ရရှိတာနဲ့ရောင်းချဖို့ ဆုံးဖြတ်ထားကာ ယူနိုက်တက်အနေနဲ့ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့သာ လိုအပ်ပါတယ်။

ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နီဗက်နဲ့ တီကို ကွင်းလယ်လူ ဆာအူလ်တို့ဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတွေ ဖြစ်ကြပြီး အသက် ၂၄နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီသား ရူဘင်နီဗက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိလာနိုင်တဲ့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်ပါတယ်။

ဆိုးလ်ရှားက – “ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာဟာ ခန့်မှန်းလို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အသင်းကို နောက်ထပ် ကစားသမားသစ် တဦး ထပ်ရောက်လာဖို့ မျှော်လင့်နိုင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ မမျှော်လင့်ထားတဲ့ ကစားသမား တဦးလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွားကေတာ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္သိမ္းမီ ရက္ပိုင္းအတြင္းမွာ အသင္းထံ ကစားသမားသစ္ တဦး ထပ္မံ ေရာက္ရွိဖြယ္ ရွိေၾကာင္း ပရိသတ္ေတြကို အသိေပးသြားပါတယ္။

ယူနိုက္တက္အသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အဂၤလန္ လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳနဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းတို႔ကို ေခၚယူထားနိုင္ၿပီး လက္ရွိမွာေတာ့ ကြင္းလယ္လူ တဦး (သို႔) ညာေနာက္ခံလူ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။

ယူနိုက္တက္အသင္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ အဂၤလန္ ညာေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ထရစ္ပီယာရဲ႕ တန္ေၾကးဟာ ေပါင္ ၃၀သန္း အထိ ရွိေနတာေၾကာင့္ အသင္းရဲ႕ ေနာက္ခံလူ တဦး ျဖစ္တဲ့ ဒါေလာ့ကိုသာ ဘစ္ဆာကာနဲ႕ ေနရာယွဥ္လုဖို႔ အသင္းမွာ ဆက္ထိန္းထားဖို႔ စဥ္းစားေနပါတယ္။

ယူနိုက္တက္အသင္းထံ ထပ္မံ ေရာက္ရွိလာမယ့္ ကစားသမားသစ္ဟာ ကြင္းလယ္လူ တဦး ျဖစ္နိုင္ၿပီး လက္ရွိမွာေတာ့ ရန္းနက္စ္အသင္းရဲ႕ ကြင္းလယ္လူ ကာမာဗင္ဂါ ၊ ဝုဗ္အသင္းရဲ႕ ကြင္းလယ္လူ ႐ူဘင္နီဗက္နဲ႕ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ဆာအူလ္တို႔ဟာ ယူနိုက္တက္ရဲ႕ ပစ္မွတ္မ်ား ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကာမာဗင္ဂါဟာ ယူနိုက္တက္အသင္းထံ ေရာက္ရွိဖို႔ အလားအလာ အမ်ားဆုံး ျဖစ္ေနၿပီး ရန္းနက္စ္အသင္းကလည္း ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္းနဲ႕ ၄၀သန္းၾကား ရရွိတာနဲ႕ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားကာ ယူနိုက္တက္အေနနဲ႕ ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔ အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရဖို႔သာ လိုအပ္ပါတယ္။

ဝုဗ္အသင္းရဲ႕ ကြင္းလယ္လူ ႐ူဘင္နီဗက္နဲ႕ တီကို ကြင္းလယ္လူ ဆာအူလ္တို႔ဟာ ယူနိုက္တက္အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမားေတြ ျဖစ္ၾကၿပီး အသက္ ၂၄ႏွစ္သာ ရွိေသးတဲ့ ေပၚတူဂီသား ႐ူဘင္နီဗက္ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေရာက္ရွိလာနိုင္တဲ့ ဒုတိယေျမာက္ ေရပန္းအစားဆုံး ျဖစ္ပါတယ္။

ဆိုးလ္ရွားက – “ေဘာလုံးေလာကမွာ ဘာေတြ ျဖစ္လာမလဲ ဆိုတာဟာ ခန႔္မွန္းလို႔ မျဖစ္နိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အသင္းကို ေနာက္ထပ္ ကစားသမားသစ္ တဦး ထပ္ေရာက္လာဖို႔ ေမွ်ာ္လင့္နိုင္ပါတယ္။ ၿပီးေတာ့ ခင္ဗ်ားတို႔ မေမွ်ာ္လင့္ထားတဲ့ ကစားသမား တဦးလည္း ျဖစ္ခ်င္ ျဖစ္နိုင္ပါတယ္။” လို႔ ေျပာၾကားခဲ့တာပါ။