Unicode Version
မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
ပေါင် ၁၅၀သန်း ဆိုတဲ့ ပမာဏဟာ စပါးအသင်းက ဟယ်ရီကိန်း အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ဖြစ်တာကြောင့် စပါးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းဆီကနေ ကမ်းလှမ်းမှု ရောက်လာတာနဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံဖို့ ရှိနေပါတယ်။
မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး စပါးအသင်းနဲ့ ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာ သဘောတူညီမှု ရပါက အပြောင်းအရွှေ့ဟာ ၄၈နာရီ အတွင်း ပြီးပြတ်နိုင်ပါတယ်။
စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ခေါ်ယူဖို့ တရားဝင် ကြိုးစားနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ စီးတီးအသင္းဟာ စပါးအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း အတြက္ ဒုတိယအႀကိမ္ေျမာက္ ကမ္းလွမ္းမႈ အျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္းနဲ႕ ကမ္းလွမ္းဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း သိရပါတယ္။
ေပါင္ ၁၅၀သန္း ဆိုတဲ့ ပမာဏဟာ စပါးအသင္းက ဟယ္ရီကိန္း အတြက္ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တာေၾကာင့္ စပါးအသင္းဟာ မန္ခ်က္စတာ စီးတီးအသင္းဆီကေန ကမ္းလွမ္းမႈ ေရာက္လာတာနဲ႕ ကမ္းလွမ္းမႈကို ခ်က္ခ်င္း လက္ခံဖို႔ ရွိေနပါတယ္။
မန္ခ်က္စတာ စီးတီးအသင္းဟာ ဟယ္ရီကိန္းကို ၅ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္နဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရယူထားနိုင္ခဲ့ၿပီး စပါးအသင္းနဲ႕ ေျပာင္းေ႐ႊ႕ေၾကးပိုင္းဆိုင္ရာ သေဘာတူညီမႈ ရပါက အေျပာင္းအေ႐ႊ႕ဟာ ၄၈နာရီ အတြင္း ၿပီးျပတ္နိုင္ပါတယ္။
စပါးအသင္းဟာ ဟယ္ရီကိန္းရဲ႕ေနရာ အတြက္ အစားထိုးမႈ အျဖစ္ ဖီအိုရင္တီးနားအသင္းရဲ႕ တိုက္စစ္မႉး ဗလာဟိုဗစ္ကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္းနဲ႕ ေခၚယူဖို႔ တရားဝင္ ႀကိဳးစားေနပါတယ္။