Spots news

အတွေ့အကြုံရယူရန် ဒန်နီရယ်ဂျိမ်းကို အငှားချမည့် မန်ယူနိုက်တက်

Unicode Version

လက်ရှိအချိန်မှာ ဂျိမ်းစ်ဟာ ယူနိုက်တက်တွင် မိနစ်အနည်းငယ်သာ ပါဝင်ကစားခွင့် ရရှိနေပြီး သူ၏ခြေစွမ်း တိုးတက်ရေးအတွက် ပွဲကစားချိန် ပိုမိုရရှိရန် အငှားဖြင့် အသင်းပြောင်းခွင့်ပြုရေးကို ဆိုးရှား ကစဉ်းစားထားပါတယ်။

ဇန်နဝါရီ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာယူနိုက်တက် အနေနဲ့ ထိပ်တန်း တိုက်စစ်ကစားသမား တစ်ဦး အင်အား ဖြည့်တင်းသွားမှာ ဖြစ်ပြီး လက်ရှိအသင်းရဲ့ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်စ်၊ ဝီလျံ တို့ကို အငှားချဖို့ ပြင်ဆင်နေတာပါ။

ဝက်စ်ဘရွမ်း ကလဲ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံကစားသမား ဒန်နီယယ်ဂျိမ်းစ်ကို လာမည့် ဇန်နဝါရီလတွင် အငှားစာချုပ်ဖြင့် ခေါ်ယူရန် ကြိုးစားလျက်ရှိ‌ ကြောင်း သတင်းများ တစ်ဆက်တည်း ထွက်ပေါ်လာပါတယ်။

ဝက်စ်ဘရွမ်းမန်နေဂျာသစ် ဆမ်အလာဒိုက်စ်ဟာ ဝေလလက်ရွေးစင် တောင်ပံကစားသမာ ဂျိမ်းစ်ကို ခေါ်ယူရေးနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိပြီး ဇန်နဝါရီအပြောင်းအရွေ့ကာလ မှာ တရားဝင် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

ဂျိမ်းစ်ကို အငှားဖြင့် ခေါ်ယူရေးတွင် ဝက်စ်ဘရွမ်းအသင်းသည် လိဒ်စ်၊ ဘရိုက်တန်၊ ဘန်လေအသင်းတို့နှင့်အပြိုင် ကြိုးစားရမည်ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဂျိမ်းစ်ကို အပြီးသတ် ရောင်းချဖို့ အစီအစဉ် မရှိကြောင်း ထုတ်ပြန်ထားသည့်အတွက် အဆိုပါအသင်းများကလည်း ကာလတို အငှားစာချုပ်ဖြင့် ဂျိမ်းစ်ကို ခေါ်ယူရမည် ဖြစ်ပါတယ်။

လိဒ်စ်အသင်းမန်နေဂျာ ဘီယယ်ဆာဟာ မြန်နှုန်းမြင့် ဝေလတောင်ပံကစားသမားကို ယခင်ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ တွင် ခေါ်ယူရန်ကြိုးစားရာ အောင်မြင်မှု ရလုမတတ် ဖြစ်ခဲ့ပါသေးတယ်။

မန်ယူအသင်းမန်နေဂျာ ဆိုးရှားက ဂျိမ်းစ်၏ အသင်းတွင် ပါဝင်ကစားရန် အခွင့်အရေးနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိသေးတဲ့အတွက် ဝက်ဘရွန်းစ်နဲ့ အငှား ခေါ်ယူမှု မှာ ဖြစ်လာနိုင်မယ့် အနေအထားမှာရှိနေပါတယ်။

ဂျိမ်းစ်ဟာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ၅ ပွဲသာ ပါဝင်ကစားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်သေးသူ ဖြစ်ပါတယ်။

Zawgyi Version





