Spots news

နောက်ခံလူ ဗာရန်း ဝတ်ဆင်မယ့် ကျောနံပါတ်အပါအဝင် ယူနိုက်တက် သတင်းတိုများ

Unicode Version

ဗာရန်း ရဲ့အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး မနက်ဖန် အသင်းကနေ ကြော်ငြာချက်ထုတ်ပြန်လိမ့်မယ်လို့ သိရပါတယ်။ ပြင်သစ်နောက်ခံလူ ဗာရန်း ဟာ ယူနိုက်တက် အသင်းနှင့်အတူ ဆေးစစ်မှု ပြီးစီးခဲ့ပြီဖြစ်ပြီး အသင်း မီဒီယာနှင့်တွေ့ဆုံခြင်းများလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဂျိမ်းစ်ဂါနာဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ယူနိုက်တက်ကတော့ စာချုပ်သစ်ချုပ်ဆိုပြီးမှသာလျှင် သူ့ကို ချန်ပီယံရှစ်သို့ အငှားချပေးမှာဖြစ်ပါတယ်။ လက်ရှိမှာ စာချုပ်သစ်အတွက် နှစ်ဘက် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ယခုနှစ်တွေအတွင်းမှာ ​ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ဘယ်အစွန်လူ လုခ်ရှောကို ယူနိုက်တက်က စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံကစားသမားသစ် ရာဖေးလ်ဗာရန်းဟာ ယူနိုက်တက်မှာ ဖေးလ်ဂျုံးစ်ရဲ့ ကျောနံပါတ် ၄ ကို ဝတ်ဆင်သွားမှာမဟုတ်ပါဘူး။ သူဟာ ဘယ်သူမျှ မမျှော်လင့်ထားတဲ့ကျောနံပါတ်ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်း ဆာဂျီယိုရိုမဲရိုးဟာ ပြောင်းရွေ့ကြေးအလွတ်နဲ့ ဂရန်နာဒါအသင်းကို ပြောင်းရွေ့မှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မကြာခင် အပြီးသတ် သဘောတူညီမှု ရရှိမှာပါ။ ချယ်လ်ဆီးကလည်း သူ့ကို စောင့်ကြည့်ခဲ့ပေမယ့် ဂရန်နာဒါက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version

ဗာရန္း ရဲ႕အေျပာင္းအေ႐ြ႕နဲ႕ပတ္သတ္ၿပီး မနက္ဖန္ အသင္းကေန ေၾကာ္ျငာခ်က္ထုတ္ျပန္လိမ့္မယ္လို႔ သိရပါတယ္။ ျပင္သစ္ေနာက္ခံလူ ဗာရန္း ဟာ ယူနိုက္တက္ အသင္းႏွင့္အတူ ေဆးစစ္မႈ ၿပီးစီးခဲ့ၿပီျဖစ္ၿပီး အသင္း မီဒီယာႏွင့္ေတြ႕ဆုံျခင္းမ်ားလည္း ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမား ဂ်ိမ္းစ္ဂါနာဟာ ယူနိုက္တက္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ ယူနိုက္တက္ကေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးမွသာလွ်င္ သူ႕ကို ခ်န္ပီယံရွစ္သို႔ အငွားခ်ေပးမွာျဖစ္ပါတယ္။ လက္ရွိမွာ စာခ်ဳပ္သစ္အတြက္ ႏွစ္ဘက္ ဆက္လက္ေဆြးေႏြးေနဆဲျဖစ္ပါတယ္။

ယခုႏွစ္ေတြအတြင္းမွာ ​ေျခစြမ္းပိုင္း သိသိသာသာ တိုးတက္လာတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေနာက္ခံ ဘယ္အစြန္လူ လုခ္ေရွာကို ယူနိုက္တက္က စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေနာက္ခံကစားသမားသစ္ ရာေဖးလ္ဗာရန္းဟာ ယူနိုက္တက္မွာ ေဖးလ္ဂ်ဳံးစ္ရဲ႕ ေက်ာနံပါတ္ ၄ ကို ဝတ္ဆင္သြားမွာမဟုတ္ပါဘူး။ သူဟာ ဘယ္သူမွ် မေမွ်ာ္လင့္ထားတဲ့ေက်ာနံပါတ္ကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။

ယူနိုက္တက္ ဂိုးသမားေဟာင္း ဆာဂ်ီယိုရိုမဲရိုးဟာ ေျပာင္းေ႐ြ႕ေၾကးအလြတ္နဲ႕ ဂရန္နာဒါအသင္းကို ေျပာင္းေ႐ြ႕မွာ ျဖစ္ပါတယ္။ ေဆြးေႏြးမႈေတြဟာ ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး မၾကာခင္ အၿပီးသတ္ သေဘာတူညီမႈ ရရွိမွာပါ။ ခ်ယ္လ္ဆီးကလည္း သူ႕ကို ေစာင့္ၾကည့္ခဲ့ေပမယ့္ ဂရန္နာဒါက လက္ဦးမႈရယူနိုင္ခဲ့တာျဖစ္ပါတယ္။