Spots news

ဟယ်ရီကိန်းကို ခေါ်မယ့်မန်စီးတီး ၊ ဟာလန်းကို ဦးဆောင်နေတဲ့ မန်ယူ နဲ့ သတင်းတိုများ

Unicode Version

အင်တာမီလန်အသင်းဟာ ညာနောက်ခံလူ ဟာခီမီရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် နယ်သာလန် ညာနောက်ခံလူ ဒမ်ဖရိုင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၃သန်း + အပိုဆုကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။ ဒမ်ဖရိုင်းဟာ ယနေ့ညမှာပဲ မီလန်မြို့ဆီ လာရောက်ကာ ဆေးစစ်မှု လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် အတွက် ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားနေရာ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်ထက် လိုင်ယွန်ကွင်းလယ်လူ အာဝါနဲ့ အသင်းထံ အငှားနဲ့ လာရောက် ကစားဖူးတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အိုဒီဂတ်တို့ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ မရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး ရောင်းချရာမှာလည် ဘိုင်ယန်မြူးနစ်အသင်းထက် လာလီိဂါကလပ်တွေနဲ့ ပရီးမီးယားလိဂ် ထံသာ ရောင်းချချင်နေပါတယ်။ ဟာလန်းကတော့ ပရီးမီးယားလိဂ်ထံသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

ဟာလန်းရဲ့ ဆရာဟောင်း ဖြစ်သူ ဆိုးလ်ရှား ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ နံပါတ်တစ် ရေပန်းအစားဆုံး အသင်း ဖြစ်လာကြောင်း သိရပါတယ်။

စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားတဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားဟာ အင်တာမီလန်အသင်းမှာသာ ပျော်ရွှင်နေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

Zawgyi Version





