Unicode Version
ပြင်သစ်ကလပ် PSG အသင်းသို့ ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ပြောင်းရွှေ့ခဲ့ခြင်းမှာ ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာရဲ့ အပြောင်းအရွှေ့အား ထိခိုက်စေခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
ပေါ့ဘာဟာ ယခုနွေရာသီမှာ သူ့ရဲ့ဇာတိမြေ ပြင်သစ်ရှိ PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေသူဖြစ်ပေမယ့် မက်ဆီရဲ့ PSG သို့ အပြောင်းအရွှေ့မဖြစ်ခဲ့ပါက သူ၏အပြောင်းအရွှေ့မှာ ဖြစ်ပေါ်ရန် သေချာသလောက် ရှိနေခဲ့ပါတယ်။
ယူနိုက်တက် အသင်းတာဝန်ရှိသူ များကလဲ စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ရောက်ရှိနေသော ပေါ့ဘာအား စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် တိုးတက်မှု မရှိတာကြောင့် ပြောင်းရွှေ့ကြေး ရရှိရန်အတွက် ယခုနွေရာသီမှာ PSG အသင်းဆီက ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းချဖွယ် ရှိပါတယ်။
သို့ပေမယ့် ဘာစီလိုနာအသင်းက မက်ဆီအား စာချုပ်သက်တမ်းထပ်မံ မတိုးမြှင့်နိုင်ခြင်းနှင့်အတူ PSG အသင်းသို့ မက်ဆီရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာခဲ့ရာ ပေါ့ဘာအနေနဲ့ ယခု နွောရာသီမှာ PSG အသင်းသို့ပြောင်းရွှေ့ရန် အခွင့်အရေး မရှိသလောက် နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။
အစောပိုင်းက ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် PSG အသင်းတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ ပထမဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဖြင့် ပေါ့ဘာအတွက် စတင်ကမ်းလှမ်းရန် စီစဉ်ထားကြောင်း သိရပါတယ်။
သို့ပေမယ့် PSG အသင်းမှာ မက်ဆီ အပါအဝင်နာမည်ကြီး ကစားသမားများစွာ ခေါ်ယူထားပြီးဖြစ် ရာ လစာငွေ အမြောက်အမြားပေးချေရမည်ဖြစ်တာကြောင့် ပေါ့ဘာကို ထပ်မံခေါ်ယူရန် ကြိုးစားတော့မှာ မဟုတ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြထားပါတယ်။
Zawgyi Version
ျပင္သစ္ကလပ္ PSG အသင္းသို႔ ဘာစီလိုနာအသင္းမွ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီ ေျပာင္းေ႐ႊ႕ခဲ့ျခင္းမွာ ယူနိုက္တက္ ကြင္းလယ္လူေပါ့ဘာရဲ႕ အေျပာင္းအေ႐ႊ႕အား ထိခိုက္ေစခဲ့ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။
ေပါ့ဘာဟာ ယခုေႏြရာသီမွာ သူ႕ရဲ႕ဇာတိေျမ ျပင္သစ္ရွိ PSG အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားရန္ စီစဥ္ေနသူျဖစ္ေပမယ့္ မက္ဆီရဲ႕ PSG သို႔ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ပါက သူ၏အေျပာင္းအေ႐ႊ႕မွာ ျဖစ္ေပၚရန္ ေသခ်ာသေလာက္ ရွိေနခဲ့ပါတယ္။
ယူနိုက္တက္ အသင္းတာဝန္ရွိသူ မ်ားကလဲ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္သို႔ေရာက္ရွိေနေသာ ေပါ့ဘာအား စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားေနေပမယ့္ တိုးတက္မႈ မရွိတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ရရွိရန္အတြက္ ယခုေႏြရာသီမွာ PSG အသင္းဆီက ထိုက္သင့္တဲ့ ကမ္းလွမ္းမႈ ရရင္ ေရာင္းခ်ဖြယ္ ရွိပါတယ္။
သို႔ေပမယ့္ ဘာစီလိုနာအသင္းက မက္ဆီအား စာခ်ဳပ္သက္တမ္းထပ္မံ မတိုးျမႇင့္နိုင္ျခင္းႏွင့္အတူ PSG အသင္းသို႔ မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာခဲ့ရာ ေပါ့ဘာအေနနဲ႕ ယခု ေႏြာရာသီမွာ PSG အသင္းသို႔ေျပာင္းေ႐ႊ႕ရန္ အခြင့္အေရး မရွိသေလာက္ာနည္းပါးသြားခဲ့ၿပီ ျဖစ္ပါတယ္။
အေစာပိုင္းက ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာႏွင့္ PSG အသင္းတာဝန္ရွိသူမ်ား ေဆြးေႏြးခဲ့ၾကၿပီး မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံသို႔ ပထမဆုံး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၄၀)ျဖင့္ ေပါ့ဘာအတြက္ စတင္ကမ္းလွမ္းရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။
သို႔ေပမယ့္ PSG အသင္းမွာ မက္ဆီ အပါအဝင္နာမည္ႀကီး ကစားသမားမ်ားစြာ ေခၚယူထားၿပီးျဖစ္ ရာ လစာေငြ အေျမာက္အျမားေပးေခ်ရမည္ျဖစ္တာေၾကာင့္ ေပါ့ဘာကို ထပ္မံေခၚယူရန္ ႀကိဳးစားေတာ့မွာ မဟုတ္ေၾကာင္း ျပင္သစ္မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။