Spots news

ရာသီအစမှာ ပွဲကြပ်မရှိတဲ့ ယူနိုက်တက်အနေနဲ့ ဆုဖလားရယူမယ်လို့ မာတစ် ကြုံးဝါး

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့်ကွင်းလယ် ကစားသမား မာတစ်က လာမယ့် ဘောလုံးရာသီသစ်မှာ ယူနိုက်တက်အနေနဲ့ ဆုဖလားတွေ ဆွတ်ခူးမယ့် ဘောလုံးရာသီဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ် ဘောလုံးရာသီက ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေ ရယူခဲ့ပြီးနောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ အချိန်ကာလဟာ ၄ နှစ်အထိကြာမြင့်နေပြီဖြစ်ပြီး မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့ပေမယ့် ဗီလာရီးရဲလ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။

ထို့ကြောင့် ယူနိုက်တက်ရဲ့ ဝါရင့်ကွင်းလယ် ကစာစသမား မာတစ်က “ပြီးခဲ့တဲ့ ဘောလုံးရာသီက ကျွန်တော်တို့ ယူနိုက်တက်အသင်း အောင်မြင်တဲ့ အဆင့် တစ်ခုကို တက်လှမ်းနိုင်ခဲ့ပေမဲ့ ကံမကောင်းခဲ့ပဲ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ဆုဖလားတွေရယူဖိုါ ရှေ့ဆက်လျှောက်လှမ်း သွားမှာဖြစ်ပြီး အခုဆိုရင် နွေရာသီမှာ အသင်းကလည်း အရင်ကထက်ပိုမို အင်အား တောင့်တင်းလာပါပြီ။ ဒီရာသီမှာတော့ ဖလားပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆုစိန်ခေါ်နိုင်အောင် ကြိုးစားရမှာဖြစ်ပြီး ဆုဖလားတစ်ခုခုရယူ ရပါမယ် ”လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် တို့ ရာသီအဖွင့်မှာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖို့ မရှိပါဘူး ။ ဩဂုတ် ၁၄ ရက်နေ့မှာ လိဒ်ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံပြီး ရာသီသစ် ကို ဖွင့်လှစ် ရမှာပါ ။ ဆောက်သမ်တန် ၊ ဝုဗ် ၊ နယူးကာဆယ် ၊ ဝက်စ်ဟမ်း တို့နဲ့ ဆက်လက်ယှဉ်ပြိုင် ရမှာဖြစ်ပြီး စက်တင်ဘာ အကုန်အထိ ပွဲမကြပ်ဘူးလို့ ပြောနိုင်ပါတယ် ။

ယူနိုက်တက် ကို အကောင်းဆုံး စာမေးပွဲ စစ်မယ့် ကာလ ကတော့ အောက်တိုဘာ ဖြစ်ပြီး အဲဗာတန် ၊ လက်စတာ ၊ လီဗာပူး ၊ စပါး တို့ နဲ့ ကစားရမှာ ဖြစ်သလို ချန်ပီယံလိဂ် ပွဲစဉ်တွေလည်း ရောက်ရှိ လာပြီ ဖြစ်တာကြောင့် ပွဲဆက် ၊ ပွဲကြပ်တွေကို ဆက်တိုက် ယှဉ်ပြိုင် ကစားရတော့မှာပါ ။

ဒါကြောင့် ဒီပွဲကြပ်တွေ မတိုင်ခင်မှာ ရာသီအဖွင့် ပွဲတွေကနေ အမှတ်များများ ရယူထားနိုင်မယ်ဆိုရင်တော့ ယူနိုက်တက် ရဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီဟာ မျှော်လင့်ထားသလို ဖြစ်လာ နိုင်မယ့် အလားအလာကို ပိုင်ဆိုင် နိုင်ဖွယ် ရှိနေပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ဝါရင့္ကြင္းလယ္ ကစားသမား မာတစ္က လာမယ့္ ေဘာလုံးရာသီသစ္မွာ ယူနိုက္တက္အေနနဲ႕ ဆုဖလားေတြ ဆြတ္ခူးမယ့္ ေဘာလုံးရာသီျဖစ္ေနၿပီ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၂၀၁၇ ခုႏွစ္ ေဘာလုံးရာသီက ယူရိုပါလိဂ္နဲ႕ လိဂ္ဖလားေတြ ရယူခဲ့ၿပီးေနာက္ပိုင္း ဆုဖလားလက္မဲ့ ျဖစ္ခဲ့ရတဲ့ အခ်ိန္ကာလဟာ ၄ ႏွစ္အထိၾကာျမင့္ေနၿပီျဖစ္ၿပီး မႏွစ္က ယူရိုပါလိဂ္ ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ခဲ့ေပမယ့္ ဗီလာရီးရဲလ္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႕ ရႈံးနိမ့္ခဲ့ၿပီး ဒုတိယသာ ရရွိခဲ့ပါတယ္။

ထို႔ေၾကာင့္ ယူနိုက္တက္ရဲ႕ ဝါရင့္ကြင္းလယ္ ကစာစသမား မာတစ္က “ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ကြၽန္ေတာ္တို႔ ယူနိုက္တက္အသင္း ေအာင္ျမင္တဲ့ အဆင့္ တစ္ခုကို တက္လွမ္းနိုင္ခဲ့ေပမဲ့ ကံမေကာင္းခဲ့ပဲ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ဗီလာရီးရဲလ္ကို ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ကေတာ့ ဆုဖလားေတြရယူဖိုါ ေရွ႕ဆက္ေလွ်ာက္လွမ္း သြားမွာျဖစ္ၿပီး အခုဆိုရင္ ေႏြရာသီမွာ အသင္းကလည္း အရင္ကထက္ပိုမို အင္အား ေတာင့္တင္းလာပါၿပီ။ ဒီရာသီမွာေတာ့ ဖလားၿပိဳင္ပြဲတိုင္းမွာ ခ်န္ပီယံဆုစိန္ေခၚနိုင္ေအာင္ ႀကိဳးစားရမွာျဖစ္ၿပီး ဆုဖလားတစ္ခုခုရယူ ရပါမယ္ ”လို႔ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ တို႔ ရာသီအဖြင့္မွာ အသင္းႀကီးေတြနဲ႕ ရင္ဆိုင္ရဖို႔ မရွိပါဘူး ။ ဩဂုတ္ ၁၄ ရက္ေန႕မွာ လိဒ္ယူနိုက္တက္ ကို အိမ္ကြင္းမွာ လက္ခံၿပီး ရာသီသစ္ ကို ဖြင့္လွစ္ ရမွာပါ ။ ေဆာက္သမ္တန္ ၊ ဝုဗ္ ၊ နယူးကာဆယ္ ၊ ဝက္စ္ဟမ္း တို႔နဲ႕ ဆက္လက္ယွဥ္ၿပိဳင္ ရမွာျဖစ္ၿပီး စက္တင္ဘာ အကုန္အထိ ပြဲမၾကပ္ဘူးလို႔ ေျပာနိုင္ပါတယ္ ။

ယူနိုက္တက္ ကို အေကာင္းဆုံး စာေမးပြဲ စစ္မယ့္ ကာလ ကေတာ့ ေအာက္တိုဘာ ျဖစ္ၿပီး အဲဗာတန္ ၊ လက္စတာ ၊ လီဗာပူး ၊ စပါး တို႔ နဲ႕ ကစားရမွာ ျဖစ္သလို ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြလည္း ေရာက္ရွိ လာၿပီ ျဖစ္တာေၾကာင့္ ပြဲဆက္ ၊ ပြဲၾကပ္ေတြကို ဆက္တိုက္ ယွဥ္ၿပိဳင္ ကစားရေတာ့မွာပါ ။

ဒါေၾကာင့္ ဒီပြဲၾကပ္ေတြ မတိုင္ခင္မွာ ရာသီအဖြင့္ ပြဲေတြကေန အမွတ္မ်ားမ်ား ရယူထားနိုင္မယ္ဆိုရင္ေတာ့ ယူနိုက္တက္ ရဲ႕ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီဟာ ေမွ်ာ္လင့္ထားသလို ျဖစ္လာ နိုင္မယ့္ အလားအလာကို ပိုင္ဆိုင္ နိုင္ဖြယ္ ရွိေနပါတယ္ ။