Spots news

မက်ဆီရဲ့ ဂျာစီရောင်းရာကနေ မက်ဆီရဲ့ ၂ နှစ်လုပ်ခလစာ အထိရှာနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

Unicode Version

မက်ဆီရဲ့ ပီအက်စ်ဂျီဂျာစီတွေဟာ လက်ရှိမှာ တော်တော်လေးရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ သူ့ကို စာချုပ်ချုပ်တဲ့နေ့မှာပဲ အွန်လိုင်းကတဆင့် မှာယူမှုတွေကြောင့် ရှိပြီးသား

ဂျာစီတွေဟာ နာရီဝက်အတွင်းမှာပဲ အားလုံးရောင်းကုန်ခဲ့ပြီး ပစ္စည်းပါပြတ်တောက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း မက်ဆီရဲ့ ဂျာစီကိုဝယ်ယူဖို့အတွက် အသင်းပရိတ်တွေဟာ အရောင်းဆိုင်တွေရှေ့ တန်းစီစောင့်ဆိုင်းနေခဲ့ကြမှာ လူတန်းရှည်ကြီးဖြစ်ပေါ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျောနံပါတ် ၃၀ ကို

 

ရွေးချယ်ဝတ်ဆင်မယ့် မက်ဆီရဲ့ ဂျာစီစုစုပေါင်းဟာ ၈၃၂,၀၀၀ အထိ ရောင်းချခဲ့ရပြီးပြီလို့သိရကာ စုစုပေါင်း ယူရိုသန်း ၉၀ ဖိုးအထိ ရှိတယ်လို့ Hypebeast က ဖော်ပြခဲ့ကာ ဒါဟာ တရက်တာရောင်းရငွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ၂၀၁၈ တုန်းက ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့ခဲ့စဉ်မှာ ရောင်းချခဲ့ရတဲ့ ဂျာစီအထည်ရေ ၅၂၀,၀၀၀ ထက်လည်း ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ရောက်ရှိလာမှုနဲ့အတူ ပီအက်စ်ဂျီအသင်းဟာ

ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး အသင်းအဖြစ် တတိယနေရာကို ခုန်တက်သွားခဲ့ပြီး မန်စီးတီးနဲ့ ချယ်လ်ဆီးနောက်မှာ ရပ်တည်နိုင်ခဲ့တယ်လို့လည်း သိရကာ ဘာစီလိုနာကတော့ အဆင့် ၈ အထိ ကျဆင်းသွားခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ လူမှုကွန်ရက်တွေမှာလည်း တရက်အတွင်း ဖော်လိုဝါသန်းနဲ့ချီကာ တိုးပွားသွားခဲ့ပြီး အဖက်ဖက်ကနေ ကောင်းကျိုးတွေခံစားနေရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီအတွက် တစ်နှစ်လုပ်ခ ယူရို ၃၅ သန်း

ပေးချေရမှာဖြစ်ပေမယ့်လည်း ၂၄ နာရီအတွင်းမှာပဲ ဂျာစီရောင်းချရမှုကနေ ယူရိုသန်း ၉၀ အထိ ပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်လို့ ၁၀% သာ မြတ်တယ်ဆိုရင်တောင်မှ ပထမဆုံးတစ်ရက်မှပဲ ယူရို ၉ သန်းအထိ အမြတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version

မက္ဆီရဲ႕ ပီအက္စ္ဂ်ီဂ်ာစီေတြဟာ လက္ရွိမွာ ေတာ္ေတာ္ေလးေရာင္းအားေကာင္းေနတယ္လို႔ သိရပါတယ္။ သူ႕ကို စာခ်ဳပ္ခ်ဳပ္တဲ့ေန႕မွာပဲ အြန္လိုင္းကတဆင့္ မွာယူမႈေတြေၾကာင့္

ရွိၿပီးသားဂ်ာစီေတြဟာ နာရီဝက္အတြင္းမွာပဲ အားလုံးေရာင္းကုန္ခဲ့ၿပီး ပစၥည္းပါျပတ္ေတာက္သြားတဲ့အထိ ျဖစ္ခဲ့ရတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးျဖစ္ပါတယ္။

လက္ရွိမွာလည္း မက္ဆီရဲ႕ ဂ်ာစီကိုဝယ္ယူဖို႔အတြက္ အသင္းပရိတ္ေတြဟာ အေရာင္းဆိုင္ေတြေရွ႕ တန္းစီေစာင့္ဆိုင္းေနခဲ့ၾကမွာ လူတန္းရွည္ႀကီးျဖစ္ေပၚေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ေက်ာနံပါတ္ ၃၀ ကို

ေ႐ြးခ်ယ္ဝတ္ဆင္မယ့္ မက္ဆီရဲ႕ ဂ်ာစီစုစုေပါင္းဟာ ၈၃၂,၀၀၀ အထိ ေရာင္းခ်ခဲ့ရၿပီးၿပီလို႔သိရကာ စုစုေပါင္း ယူရိုသန္း ၉၀ ဖိုးအထိ ရွိတယ္လို႔ Hypebeast က ေဖာ္ျပခဲ့ကာ ဒါဟာ တရက္တာေရာင္းရေငြျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဒါဟာ ၂၀၁၈ တုန္းက ဂ်ဴဗင္တပ္စ္ကို ေရာ္နယ္ဒိုေျပာင္းေ႐ႊ႕ခဲ့စဥ္မွာ ေရာင္းခ်ခဲ့ရတဲ့ ဂ်ာစီအထည္ေရ ၅၂၀,၀၀၀ ထက္လည္း ေက်ာ္လြန္သြားခဲ့တာျဖစ္ပါတယ္။ မက္ဆီ ေရာက္ရွိလာမႈနဲ႕အတူ ပီအက္စ္ဂ်ီအသင္းဟာ

ကမာၻ႔တန္ဖိုး အႀကီးမားဆုံး အသင္းအျဖစ္ တတိယေနရာကို ခုန္တက္သြားခဲ့ၿပီး မန္စီးတီးနဲ႕ ခ်ယ္လ္ဆီးေနာက္မွာ ရပ္တည္နိုင္ခဲ့တယ္လို႔လည္း သိရကာ ဘာစီလိုနာကေတာ့ အဆင့္ ၈ အထိ က်ဆင္းသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီရဲ႕ လူမႈကြန္ရက္ေတြမွာလည္း တရက္အတြင္း ေဖာ္လိုဝါသန္းနဲ႕ခ်ီကာ တိုးပြားသြားခဲ့ၿပီး အဖက္ဖက္ကေန ေကာင္းက်ိဳးေတြခံစားေနရတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ မက္ဆီအတြက္ တစ္ႏွစ္လုပ္ခ ယူရို ၃၅ သန္း

ေပးေခ်ရမွာျဖစ္ေပမယ့္လည္း ၂၄ နာရီအတြင္းမွာပဲ ဂ်ာစီေရာင္းခ်ရမႈကေန ယူရိုသန္း ၉၀ အထိ ျပန္လည္ရွာေဖြနိုင္ခဲ့တာျဖစ္လို႔ ၁၀% သာ ျမတ္တယ္ဆိုရင္ေတာင္မွ ပထမဆုံးတစ္ရက္မွပဲ ယူရို ၉ သန္းအထိ အျမတ္ထြက္ခဲ့ၿပီျဖစ္ပါတယ္။