Spots news

လက်ရှိမှာ ပီအက်စ်ဂျီထက်ကောင်းတဲ့ အသင်းမရှိဘူးလို့ ဘာပေကို ဒီမာရီယာ သတိပေး

Unicode Version

ပီအက်စ်ဂျီ ကစားသမား ဒီမာရီယာက ကိုင်လီ ဘာပေ အနေနဲ့ ပီအက်စ်ဂျီမှာသာ ဆက်နေသင့်ပြီး ပိုကောင်းတဲ့အသင်း ရှာတွေ့မှာ မဟုတ်ဘူးလို့ သတိပေး လိုက်ပါတယ်။ ဘာပေဟာ လီယွန်နယ် မက်ဆီ အသင်းကို ရောက်လာပေမဲ့ ပီအက်စ်ဂျီနဲ့ အနာဂတ်က မသေချာပဲ ဖြစ်နေပါသေးတယ်။

တစ်ဖက်မှာတော့ ဒီမာရီယာက ယခု ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်၀ဆုံးအသင်း ဖြစ်တယ်လို့ ယုံကြည်တာကြောင့် ဘာပေတစ်ယောက် ပဲရစ်မှာသာ ဆက်နေသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒီမာရီယာက “ ဘာပေလား။ သူ ဆက်နေမယ်လို့ ထင်ပါတယ်။ ”

“သူက အသင်းကြီးတွေ လိုချင်နေတဲ့ ကစားသမား ဖြစ်တယ်ဆိုတာ အားလုံးသိပေမဲ့ ပီအက်စ်ဂျီမှာ လက်ရှိ ရှိနေတဲ့ လူစာရင်းနဲ့အဆိုရင် သူ ထွက်မယ်လို့ မထင်ပါဘူး။ သူ ဒီထက်ပိုကောင်းတဲ့ အသင်း ဘယ်မှာမှ ရှာတွေ့နိုင်မယ် မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။ ”

ဒီမာရီယာဟာ ယခုအချိန်မှာတော့ အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့ ကလပ်အသင်းမှာ တွဲကစားရတော့မှာပါ။ မက်ဆီနဲ့ ကလပ်အသင်းမှာ တွဲကစားရမယ့် အခြေအနေက အိပ်မက်တွေ တကယ်ဖြစ်လာတာလို့ ဒီမာရီယာက ဆိုခဲ့ပါတယ်။

“ကျွန်တော် အလွန်ပျော်နေပါတယ်။ ကျွန်တော် အိပ်မက်မက်ခဲ့တဲ့ အရာတွေဖြစ်တဲ့ ကိုပါအမေရိကဖလားနဲ့ လီယိုနဲ့ ၁သင်းတည်း တွဲကစားနိုင်ခြင်းတို့က ၁လအတွင်း ဖြစ်လာခဲ့ပါတယ်။

ဒါတွေက ကျွန်တော် အမြဲ လိုချင်ခဲ့တဲ့ အရာတွေပါ”လို့ ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ်ရာသီအတွင်း မက်ဆီအပြင် ဒွန်နာရမ်မာ၊ ဝင်ဂျ်နယ်ဒမ်၊ ရာမို့စ်၊ ဟာကီမီတို့ကို ခေါ်ယူထားခဲ့ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီ ကစားသမား ဒီမာရီယာက ကိုင္လီ ဘာေပ အေနနဲ႕ ပီအက္စ္ဂ်ီမွာသာ ဆက္ေနသင့္ၿပီး ပိုေကာင္းတဲ့အသင္း ရွာေတြ႕မွာ မဟုတ္ဘူးလို႔ သတိေပး လိုက္ပါတယ္။ ဘာေပဟာ လီယြန္နယ္ မက္ဆီ အသင္းကို ေရာက္လာေပမဲ့ ပီအက္စ္ဂ်ီနဲ႕ အနာဂတ္က မေသခ်ာပဲ ျဖစ္ေနပါေသးတယ္။

တစ္ဖက္မွာေတာ့ ဒီမာရီယာက ယခု ပီအက္စ္ဂ်ီအသင္းဟာ ကမာၻေပၚမွာ အရည္အခ်င္း အျပည့္၀ဆုံးအသင္း ျဖစ္တယ္လို႔ ယုံၾကည္တာေၾကာင့္ ဘာေပတစ္ေယာက္ ပဲရစ္မွာသာ ဆက္ေနသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။ ဒီမာရီယာက “ ဘာေပလား။ သူ ဆက္ေနမယ္လို႔ ထင္ပါတယ္။ ”

“သူက အသင္းႀကီးေတြ လိုခ်င္ေနတဲ့ ကစားသမား ျဖစ္တယ္ဆိုတာ အားလုံးသိေပမဲ့ ပီအက္စ္ဂ်ီမွာ လက္ရွိ ရွိေနတဲ့ လူစာရင္းနဲ႕အဆိုရင္ သူ ထြက္မယ္လို႔ မထင္ပါဘူး။ သူ ဒီထက္ပိုေကာင္းတဲ့ အသင္း ဘယ္မွာမွ ရွာေတြ႕နိုင္မယ္ မထင္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။ ”

ဒီမာရီယာဟာ ယခုအခ်ိန္မွာေတာ့ အာဂ်င္တီးနားအသင္းေဖာ္ မက္ဆီနဲ႕ ကလပ္အသင္းမွာ တြဲကစားရေတာ့မွာပါ။ မက္ဆီနဲ႕ ကလပ္အသင္းမွာ တြဲကစားရမယ့္ အေျခအေနက အိပ္မက္ေတြ တကယ္ျဖစ္လာတာလို႔ ဒီမာရီယာက ဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ အလြန္ေပ်ာ္ေနပါတယ္။ ကြၽန္ေတာ္ အိပ္မက္မက္ခဲ့တဲ့ အရာေတြျဖစ္တဲ့ ကိုပါအေမရိကဖလားနဲ႕ လီယိုနဲ႕ ၁သင္းတည္း တြဲကစားနိုင္ျခင္းတို႔က ၁လအတြင္း ျဖစ္လာခဲ့ပါတယ္။

ဒါေတြက ကြၽန္ေတာ္ အၿမဲ လိုခ်င္ခဲ့တဲ့ အရာေတြပါ”လို႔ ဆိုပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ရာသီအတြင္း မက္ဆီအျပင္ ဒြန္နာရမ္မာ၊ ဝင္ဂ်္နယ္ဒမ္၊ ရာမို႔စ္၊ ဟာကီမီတို႔ကို ေခၚယူထားခဲ့ပါတယ္။