Spots news

မြန်မာ့ဂိုးသမား ပြည့်လျှံအောင် ဒုက္ခသည်အဖြစ် ဂျပန်နိုင်ငံတွင် ရေရှည်နေထိုင်ခွင့်ရ

Unicode Version

ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်သုံးချောင်းထောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော မြန်မာ့လက်ရွေးစင်

ဘောလုံးအသင်း ဂိုးသမား ပြည့်လျှံအောင်သည် ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။

ဂျပန်အသင်းနှင့် ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နိုင်ငံတော်သီချင်း သီဆိုနေစဉ် လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကို

ဆန့်ကျင်ခဲ့သော ဂိုးသမား ပြည့်လျှံအောင်သည် မြန်မာနိုင်ငံကို မပြန်လာဘဲ ဂျပန်နိုင်ငံတွင် ကျန်နေရစ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ပြန်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုခံရမည်စိုး၍ ဒုက္ခသည်အဖြစ်နေထိုင်ခွင့်လျှောက်ခဲ့သည့် ပြည့်လျှံအောင်၏

လျှောက်လွှာကို ဂျပန်အစိုးရမှ အတည်ပြုပေးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် တရားဝင် အသိအမှတ်ပြုခံရမည်ဖြစ်သည်။

ဂိုးသမားပြည့်လျှံအောင်သည် လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ ဂျေလိဂ် တတိယတန်းအသင်းတစ်သင်းဖြစ်သော ယိုကိုဟားမားအသင်းနှင့် လေ့ကျင့်လျှက်ရှိသည်။

Zawgyi Version

ဂ်ပန္အသင္းႏွင့္ ကမာၻ႔ဖလားေျခစစ္ပြဲတြင္ လက္သုံးေခ်ာင္းေထာင္ကာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း ဂိုးသမား ျပည့္လွ်ံေအာင္သည္ ဂ်ပန္နိုင္ငံတြင္ ဒုကၡသည္အျဖစ္ ေနထိုင္ခြင့္ ရရွိသြားခဲ့ၿပီျဖစ္ေၾကာင္း က်ိဳဒိုသတင္းတြင္ ေဖာ္ျပသည္။

ဂ်ပန္အသင္းႏွင့္ ကစားခဲ့ေသာ ကမာၻ႔ဖလားေျခစစ္ပြဲတြင္ နိုင္ငံေတာ္သီခ်င္း သီဆိုေနစဥ္ လက္သုံးေခ်ာင္းေထာင္ကာ စစ္အာဏာရွင္ကို ဆန႔္က်င္ခဲ့ေသာ ဂိုးသမား ျပည့္လွ်ံေအာင္သည္ ျမန္မာနိုင္ငံကို မျပန္လာဘဲ ဂ်ပန္နိုင္ငံတြင္ က်န္ေနရစ္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာနိုင္ငံသို႔ျပန္လွ်င္ အၾကမ္းဖက္စစ္ေကာင္စီ၏ ဖမ္းဆီးႏွိပ္စက္မႈခံရမည္စိုး၍ ဒုကၡသည္အျဖစ္ေနထိုင္ခြင့္ေလွ်ာက္ခဲ့သည့္ ျပည့္လွ်ံေအာင္၏ ေလွ်ာက္လႊာကို ဂ်ပန္အစိုးရမွ အတည္ျပဳေပးခဲ့ၿပီး ၾသဂုတ္လ ၂၀ ရက္ေန႕တြင္ တရားဝင္ အသိအမွတ္ျပဳခံရမည္ျဖစ္သည္။

ဂိုးသမားျပည့္လွ်ံေအာင္သည္ လက္ရွိအခ်ိန္တြင္ ဂ်ပန္နိုင္ငံ ေဂ်လိဂ္ တတိယတန္းအသင္းတစ္သင္းျဖစ္ေသာ ယိုကိုဟားမားအသင္းႏွင့္ ေလ့က်င့္လွ်က္ရွိသည္။