Unicode Version
မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့
ကွင်းလယ် ကစားသမားဟောင်း ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ်လူ ဟာရဲရားကို ပြန်လည် ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပါတယ်။
ပြင်သစ်ဘက်က သတင်းများအရ ပီအက်စ်ဂျီ အသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက် ကာမာဗင်ဂါကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အရင်ကတည်းက ပီအက်စ်ဂျီမှာ ပွဲထွက်ဖို့ ခက်ခဲနေတဲ့ ဟာရဲရားတစ်ယောက် နည်းပြပိုချက်တီနို လက်ထက်မှာ ပွဲထွက်ခွင့် ပိုမိုဝေးကွာလာပါတယ်။
ကွင်းလယ်လူ ဟာရဲရားဟာ ယူနိုက်တက်ကို 2014ခုနှစ်က ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး ယူနိုက်တက်မှာ ငါးနှစ်လောက် ကစားခဲ့ကာ အသင်းရဲ့
အဓိက ကွင်းလယ် ကစားသမား ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်တာကြောင့် ယူနိုက်တက်နဲ့ အသားကျနေပြီးသားပါ။
လက်ရှိယူနိုက်တက်မှ ကွင်းလယ်ခံစစ် ဖြစ်ပြီး ဟာရဲရားရဲ့စားပုံနဲ့ ကွက်တိဖြစ်နေတာကြောင့် ပြန်လည် လိုချင်နေတာဖြစ်ပါတယ်။ ဟာရဲရားဟာ
အနိုင်လိုစိတ် ပြင်းထန်ပြီး သရဲစိတ်ဓာတ်လည်း အပြည့်ရှိတာကြောင့် ဟာရဲရားသာ ပြန်ရောက်လာရင် ကောင်းမွန်တဲ့ ကွင်းလယ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
ဟာရဲရားဟာ 2019မှာ ပီအက်စ်ဂျီကို အလွတ်နဲ့ ပြောင်းရွေ့သွားပြီး ငါးနှစ်စာချုပ်လည်း ချုပ်ဆိုထားသူပါ။ ယူနိုက်တက်အနေနဲ့ ခေါ်ယူလိုပါက
စာချုပ်ဖျက်သိမ်းကြေးတွေပါ ပေးရမှာပါ။ ဟာရဲရားတစ်ယောက် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာမလား ဆိုတာကတော့ စိတ်၀င်စားစရာပါ။
Zawgyi Version
မန္ခ်က္စတာ ညေနခင္း သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အသင္းရဲ႕ ကြင္းလယ္ ကစားသမားေဟာင္း ပီအက္စ္ဂ်ီ အသင္းရဲ႕ ကြင္းလယ္လူ ဟာရဲရားကို ျပန္လည္ ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။
ျပင္သစ္ဘက္က သတင္းမ်ားအရ ပီအက္စ္ဂ်ီ အသင္းဟာ မက္ဆီကို ေခၚယူၿပီးေနာက္ ကာမာဗင္ဂါကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အရင္ကတည္းက ပီအက္စ္ဂ်ီမွာ ပြဲထြက္ဖို႔ ခက္ခဲေနတဲ့ ဟာရဲရားတစ္ေယာက္ နည္းျပပိုခ်က္တီနို လက္ထက္မွာ ပြဲထြက္ခြင့္ ပိုမိုေဝးကြာလာပါတယ္။
ကြင္းလယ္လူ ဟာရဲရားဟာ ယူနိုက္တက္ကို 2014ခုႏွစ္က ေရာက္ရွိလာသူ တစ္ဦးျဖစ္ၿပီး ယူနိုက္တက္မွာ ငါးႏွစ္ေလာက္ ကစားခဲ့ကာ အသင္းရဲ႕ အဓိက ကြင္းလယ္ ကစားသမား ျဖစ္ခဲ့ပါတယ္။ ယူနိုက္တက္ ကစားသမားေဟာင္း တစ္ဦး ျဖစ္တာေၾကာင့္ ယူနိုက္တက္နဲ႕ အသားက်ေနၿပီးသားပါ။
လက္ရွိယူနိုက္တက္မွ ကြင္းလယ္ခံစစ္ ျဖစ္ၿပီး ဟာရဲရားရဲ႕စားပုံနဲ႕ ကြက္တိျဖစ္ေနတာေၾကာင့္ ျပန္လည္ လိုခ်င္ေနတာျဖစ္ပါတယ္။ ဟာရဲရားဟာ အနိုင္လိုစိတ္ ျပင္းထန္ၿပီး သရဲစိတ္ဓာတ္လည္း အျပည့္ရွိတာေၾကာင့္ ဟာရဲရားသာ ျပန္ေရာက္လာရင္ ေကာင္းမြန္တဲ့ ကြင္းလယ္တစ္ခုကို ရရွိမွာ ျဖစ္ပါတယ္။
ဟာရဲရားဟာ 2019မွာ ပီအက္စ္ဂ်ီကို အလြတ္နဲ႕ ေျပာင္းေ႐ြ႕သြားၿပီး ငါးႏွစ္စာခ်ဳပ္လည္း ခ်ဳပ္ဆိုထားသူပါ။ ယူနိုက္တက္အေနနဲ႕ ေခၚယူလိုပါက စာခ်ဳပ္ဖ်က္သိမ္းေၾကးေတြပါ ေပးရမွာပါ။ ဟာရဲရားတစ္ေယာက္ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာမလား ဆိုတာကေတာ့ စိတ္၀င္စားစရာပါ။