Spots news

ဘာစီလိုနာကနေ အကြွေးရစရာ ရှိနေသေးတဲ့ မက်ဆီ

Unicode Version

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပေမယ့်လည်း ကလပ်ထံမှသစ္စာရှိမှုအတွက် အပိုဆုကြေးငွေ ယူရို ၃၉ သန်းရရှိရန် ကျန်နေသေးကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုရန်အားလုံးသဘောတူညီမှု ရရှိထားပြီးမှ ငွေကြေးပြဿနာကြောင့် လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ နောက်ဆုံးချုပ်ဆိုထားတဲ့ စာချုပ်မှာ မက်ဆီရဲ့ စွမ်းဆောင်ရည်တွေအတွက် အပိုဆုကြေး ပေးမယ်ဆိုတဲ့ အချက် ပါဝင်‌နေတယ်လို့ သိရပါတယ်။

ဥက္ကဌဟောင်း ဘာတိုမြူက (၂)ခါခွဲပေးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ဇွန်လက ပထမအကြိမ်ပေးခဲ့ပါတယ်။ အခုတော့ မက်ဆီအနေနဲ့ ဘာစီလိုနာ ဆီကနေ ကြွေးကျန်ကို အရစ်ကျ စနစ်နဲ့ ပြန်ယူရမယ့် အနေအထားမျိုးပါ။

နေမာဟာလည်း၂၀၁၇ခုနှစ်တုန်းက ပီအက်စ်ဂျီဆီကို ထွက်ခွာ မသွားမီတုန်းက အဆိုပါဆုကြေးငွေအချက်ကို ထည့်သွင်းချုပ်ဆို ခဲ့ပါတယ်။

ဒါပေမယ့်နေမာဟာ အပိုဆုကြေးငွေ မရရှိမှုအတွက် ဘာစီလိုနာကို တရားစွဲဆိုမှု ပြုခဲ့ပြီးနောက်ပိုင်းတွင် အရစ်ကျစနစ်ဖြင့် ရရှိရန်သဘောတူညီမှု ရရှိသွား ခဲ့ပါတယ်။

တစ်ချိန်က နေမာ၊ မက်ဆီတို့ကြောင့် လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဘာစီလိုနာဟာ အခုအချိန်မှာတော့ ရှယ်ယာတန်ဖိုးတွေ ထိုးကျကာ၊ ရှေ့ဆက် ဝင်ငွေလျှော့မယ့် အနေအထားမျိုး ဖြစ်နေပါတယ်။

ပီအက်စ်ဂျီကတော့ မက်ဆီ ရောက်ရောက် ချင်းမှာပဲ ပရိသတ်တွေတိုး၊ ဂျာစီတွေ ရောင်းကုန်ဖြစ်ကာ ငွေထိုင်ရေနေရပါတယ်။

Zawgyi Version

လီယြန္နယ္မက္ဆီဟာ ဘာစီလိုနာအသင္းကေန ထြက္ခြာသြားၿပီ ျဖစ္ေပမယ့္လည္း ကလပ္ထံမွသစၥာရွိမႈအတြက္ အပိုဆုေၾကးေငြ ယူရို ၃၉ သန္းရရွိရန္ က်န္ေနေသးေၾကာင္း သိရပါတယ္။

ဘာစီလိုနာဟာ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္အားလုံးသေဘာတူညီမႈ ရရွိထားၿပီးမွ ေငြေၾကးျပႆနာေၾကာင့္ လက္လႊတ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

မက္ဆီ နဲ႕ ဘာစီလိုနာ အသင္းတို႔ ေနာက္ဆုံးခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ မက္ဆီရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ အပိုဆုေၾကး ေပးမယ္ဆိုတဲ့ အခ်က္ ပါဝင္‌ေနတယ္လို႔ သိရပါတယ္။

ဥကၠဌေဟာင္း ဘာတိုျမဴက (၂)ခါခြဲေပးဖို႔ စီစဥ္ခဲ့တာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ႏွစ္ဇြန္လက ပထမအႀကိမ္ေပးခဲ့ပါတယ္။ အခုေတာ့ မက္ဆီအေနနဲ႕ ဘာစီလိုနာ ဆီကေန ေႂကြးက်န္ကို အရစ္က် စနစ္နဲ႕ ျပန္ယူရမယ့္ အေနအထားမ်ိဳးပါ။

ေနမာဟာလည္း၂၀၁၇ခုႏွစ္တုန္းက ပီအက္စ္ဂ်ီဆီကို ထြက္ခြာ မသြားမီတုန္းက အဆိုပါဆုေၾကးေငြအခ်က္ကို ထည့္သြင္းခ်ဳပ္ဆို ခဲ့ပါတယ္။

ဒါေပမယ့္ေနမာဟာ အပိုဆုေၾကးေငြ မရရွိမႈအတြက္ ဘာစီလိုနာကို တရားစြဲဆိုမႈ ျပဳခဲ့ၿပီးေနာက္ပိုင္းတြင္ အရစ္က်စနစ္ျဖင့္ ရရွိရန္သေဘာတူညီမႈ ရရွိသြား ခဲ့ပါတယ္။

တစ္ခ်ိန္က ေနမာ၊ မက္ဆီတို႔ေၾကာင့္ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဘာစီလိုနာဟာ အခုအခ်ိန္မွာေတာ့ ရွယ္ယာတန္ဖိုးေတြ ထိုးက်ကာ၊ ေရွ႕ဆက္ ဝင္ေငြေလွ်ာ့မယ့္ အေနအထားမ်ိဳး ျဖစ္ေနပါတယ္။

ပီအက္စ္ဂ်ီကေတာ့ မက္ဆီ ေရာက္ေရာက္ ခ်င္းမွာပဲ ပရိသတ္ေတြတိုး၊ ဂ်ာစီေတြ ေရာင္းကုန္ျဖစ္ကာ ေငြထိုင္ေရေနရပါတယ္။