Spots news

အာမက် ဒီယာလိုကို ပရီးမီးယားလိဂ်အသင်းတွေဆီမှာပဲ အငှားချမယ့် ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ လူငယ် ကြယ်ပွင့် ကစားသမား အာမက် ဒီယာလိုကို ပရီးမီးယားလိဂ် အသင်းတွေထံ အငှားချဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒီယာလိုဟာ စီးရီးအေကလပ် အတ္တလန်တာအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၂၆၃မိနစ် ကစားခွင့် ရထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရယ်လိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲထွက်ခွင့် များများစားစား မရခဲ့ပေမယ့် ယူနိုက်တက် ယူ၂၃အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ၃ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ဒီယာလိုကို အငှားချမယ်လို့ ကြေညာပြီးတဲ့နောက် ဒီယာလိုကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ချိတ်ဆက်လာတဲ့ အသင်းတွေ အမြောက်အမြား ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဒီယာလိုကို ပရီးမီးယားလိဂ် အသင်းတွေဆီသာ အငှားချချင်နေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီယာလိုကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ အဲဗာတန် ၊ နောဝှစ်ချ်အသင်းတို့ဆီ ကနေ ကမ်းလှမ်းမှုတွေ ရရှိထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေ ကတော့ ယူနိုက်တက်ဟာ ဒီယာလို တယောက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းတသင်းဆီသာ အငှားချဖို့ စဉ်းစားထားတာကြောင့် နောဝှစ်ချ်အသင်းဟာ ဒီယာလိုကို တရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဆိုပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ေခၚယူထားတဲ့ လူငယ္ ၾကယ္ပြင့္ ကစားသမား အာမက္ ဒီယာလိုကို ပရီးမီးယားလိဂ္ အသင္းေတြထံ အငွားခ်ဖိဳ႕ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဒီယာလိုဟာ စီးရီးေအကလပ္ အတၱလန္တာအသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂၁သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ ၂၆၃မိနစ္ ကစားခြင့္ ရထားရာ သြင္းဂိုး ၁ဂိုး သြင္းယူထားနိုင္ကာ ဂိုးဖန္တီးမႈ ၁ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒီရယ္လိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ပြဲထြက္ခြင့္ မ်ားမ်ားစားစား မရခဲ့ေပမယ့္ ယူနိုက္တက္ ယူ၂၃အသင္းရဲ႕ အဓိက ကစားသမား တဦး အျဖစ္ ေျခစြမ္းျပနိုင္ခဲ့ၿပီး ၃ပြဲ ပါဝင္ ကစားခဲ့ရာ သြင္းဂိုး ၄ဂိုး သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ယူနိုက္တက္က ဒီယာလိုကို အငွားခ်မယ္လို႔ ေၾကညာၿပီးတဲ့ေနာက္ ဒီယာလိုကို အငွားနဲ႕ ေခၚယူဖို႔ အတြက္ ခ်ိတ္ဆက္လာတဲ့ အသင္းေတြ အေျမာက္အျမား ရွိေနၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ ဒီယာလိုကို ပရီးမီးယားလိဂ္ အသင္းေတြဆီသာ အငွားခ်ခ်င္ေနပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဒီယာလိုကို တရာသီ အငွားနဲ႕ ေခၚယူဖို႔ အတြက္ ပရီးမီးယားလိဂ္ အသင္းေတြ ျဖစ္တဲ့ အဲဗာတန္ ၊ ေနာဝွစ္ခ်္အသင္းတို႔ဆီ ကေန ကမ္းလွမ္းမႈေတြ ရရွိထားေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ နီးစပ္သူေတြ ကေတာ့ ယူနိုက္တက္ဟာ ဒီယာလို တေယာက္ ပုံမွန္ ပြဲထြက္ခြင့္ ရနိုင္မယ့္ အသင္းတသင္းဆီသာ အငွားခ်ဖိဳ႕ စဥ္းစားထားတာေၾကာင့္ ေနာဝွစ္ခ်္အသင္းဟာ ဒီယာလိုကို တရာသီ အငွားနဲ႕ ေခၚယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း ဆိုပါတယ္။