Spots news

အပြောင်းအရွေ့ မပြီးသေးတဲ့ ဗာရန်း လိဒ်နဲ့ ပွဲမှာ မပါဝင်နိုင်သေးကြောင်း ဆိုးလ်ရှားပြော

Unicode Version

ရီးရဲမက်ဒရစ် အသင်းက ပြင်သစ် နောက်ခံလူ ဗာရန်းကို ခေါ်ယူနိူင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် လည်း ယခုအခါ ၁၀၀ ရာခိုင်နှုန်း သဘောတူညီမှု မရသေးဘူးလို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ထုတ်ဖော် ပြောလာပါတယ်။

ဇူလိုင်လ ၂၇ရက်နေ့ကတည်းက ဗာရန်းနဲ့ ယူနိုက်တက်တို့ အကြား သဘောတူညီမှုရခဲ့ပြီး ဗာရန်းကိုယ်တိုင်လည်း ယူနိုက်တက်အသင်းသားအဖြစ် သီးသန့် နေထိုင်မှုကို စတင်နေထိုင်နေပြီး ကိုဗစ်စစ်ဆေးခြင်းကို ခံယူနေပါပြီ။

ဒါပေမယ့်လည်း ဗာရန်းဟာ ယခုတစ်ပတ် စတင်ကစားမယ့် လိဒ် ယူနိုက်တက်အသင်းနဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ် ဘူးလို့ သိရပါတယ်။ “အခြေအနေတွေက စောင့်ရဖို့ ရှိပါသေးတယ်၊မကြာခင်တော့ ပြီးသွားမှာပါ။မမျှော်လင့်ပဲ သီးသန့် နေထိုင်မှုက ထပ် ကြန့်ကြာဖွယ်ရှိနေလို့ လိဒ်နဲ့ အဖွင့်ပွဲကိုတော့ ဗာရန်း ကစားရဖို့ မရှိသေးပါဘူး။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

“အခြား ကိစ္စတွေ ပြီးပေမယ့် ကိုဗစ်ကြောင့် သီးသန့်နေထိုင်ရမှု ကြန့်ကြာနေတဲ့အတွက် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း လုံးဝမရှိသေးပါဘူး။ဒါကပဲ ၁၀၀ ရာခိုင်နှုန်း ပြီးစီပြီလို့ ပြောလို့ မရသေးတာပါ၊”လို့လည်း ဆိုးလ်ရှားက ဆက်လက် ဆိုပါတယ်။

အပြောင်းအရွှေ့က ပြီးစီးသွားပြီ ဖြစ်ပေမယ့်လည်း အသင်းနှင့်အတူ စတင်ပါဝင်နိုင်ဖို့အတွက် ကိုဗစ် စည်းကမ်းကြောင့် ကြန့်ကြာနေတာလို့ သိရပါတယ်။ အခြားကစားသမားတွေဖြစ်ကြတဲ့ ကာဗာနီ၊ဘိုင်လီနဲ့ ဒီယာလိုတို့ကတော့ အဆင်သင့်ဖြစ်နေပြီလို့လည်းသိရပါ တယ်။

Zawgyi Version

ရီးရဲမက္ဒရစ္ အသင္းက ျပင္သစ္ ေနာက္ခံလူ ဗာရန္းကို ေခၚယူနိူင္ခဲ့ၿပီလို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ လည္း ယခုအခါ ၁၀၀ ရာခိုင္ႏႈန္း သေဘာတူညီမႈ မရေသးဘူးလို႔ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္ ေျပာလာပါတယ္။

ဇူလိုင္လ ၂၇ရက္ေန႕ကတည္းက ဗာရန္းနဲ႕ ယူနိုက္တက္တို႔ အၾကား သေဘာတူညီမႈရခဲ့ၿပီး ဗာရန္းကိုယ္တိုင္လည္း ယူနိုက္တက္အသင္းသားအျဖစ္ သီးသန႔္ ေနထိုင္မႈကို စတင္ေနထိုင္ေနၿပီး ကိုဗစ္စစ္ေဆးျခင္းကို ခံယူေနပါၿပီ။

ဒါေပမယ့္လည္း ဗာရန္းဟာ ယခုတစ္ပတ္ စတင္ကစားမယ့္ လိဒ္ ယူနိုက္တက္အသင္းနဲ႕ ပြဲမွာ ပါဝင္နိုင္မွာ မဟုတ္ ဘူးလို႔ သိရပါတယ္။ “အေျခအေနေတြက ေစာင့္ရဖို႔ ရွိပါေသးတယ္၊မၾကာခင္ေတာ့ ၿပီးသြားမွာပါ။မေမွ်ာ္လင့္ပဲ သီးသန႔္ ေနထိုင္မႈက ထပ္ ၾကန႔္ၾကာဖြယ္ရွိေနလို႔ လိဒ္နဲ႕ အဖြင့္ပြဲကိုေတာ့ ဗာရန္း ကစားရဖို႔ မရွိေသးပါဘူး။”လို႔ ဆိုးလ္ရွားက ဆိုပါတယ္။

“အျခား ကိစၥေတြ ၿပီးေပမယ့္ ကိုဗစ္ေၾကာင့္ သီးသန႔္ေနထိုင္ရမႈ ၾကန႔္ၾကာေနတဲ့အတြက္ အသင္းနဲ႕ ပူးေပါင္းနိုင္ျခင္း လုံးဝမရွိေသးပါဘူး။ဒါကပဲ ၁၀၀ ရာခိုင္ႏႈန္း ၿပီးစီၿပီလို႔ ေျပာလို႔ မရေသးတာပါ၊”လို႔လည္း ဆိုးလ္ရွားက ဆက္လက္ ဆိုပါတယ္။

အေျပာင္းအေ႐ႊ႕က ၿပီးစီးသြားၿပီ ျဖစ္ေပမယ့္လည္း အသင္းႏွင့္အတူ စတင္ပါဝင္နိုင္ဖို႔အတြက္ ကိုဗစ္ စည္းကမ္းေၾကာင့္ ၾကန႔္ၾကာေနတာလို႔ သိရပါတယ္။ အျခားကစားသမားေတြျဖစ္ၾကတဲ့ ကာဗာနီ၊ဘိုင္လီနဲ႕ ဒီယာလိုတို႔ကေတာ့ အဆင္သင့္ျဖစ္ေနၿပီလို႔လည္းသိရပါ တယ္။