Spots news

နံပါတ် ၁၉ ဝတ်ဆင်ဖွယ်ရှိတဲ့ ဗာရန်း ၊ အဲဗာတန်က ခေါ်ချင်နေတဲ့ ပါရဲရားနဲ့ သတင်းတိုများ

Unicode Version

ရာဖေးလ်ဗာရန်းဟာ ယူနိုက်တက် ကစားသမားဖြစ်ကြောင်း ယူနိုက်တက်ဘက်က ယနေ့ တရားဝင် ကြေညာမှာဖြစ်ပါတယ်။ ၂၀၂၅ ဇွန်လအထိ သက်တမ်းရှိတဲ့

တစ်နှစ် သက်တမ်းတိုးခွင့်ရှိ  စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဆေးစစ်ပြီးနောက် စာရွက်စာတန်း ကိစ္စတွေကို ယမန်နေ့က အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားကို အငှားခေါ်ယူဖို့ ချဥ်းကပ်နေတယ်လို့ သိရပါတယ်။

ကစားသမားစာရင်းကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်ကတော့ အပြီးသတ်ရောင်းချဖို့သာ စိတ်အားထက်သန် နေဆဲလို့ သိရပါတယ်။

ဖလာမင်ဂို အသင်းကလည်း ပါရဲရားရဲ့ လစာတစိတ်တပိုင်းကို ပေးချေပြီး အငှားခေါ်ယူလိုနေတယ်လို့လည်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်

အသင်းအနေနဲ့ စီနီယာ ကစားသမားစာရင်းကို ပိုမိုတောင့်တင်းအောင် ပြင်ဆင်ဖို့ ကစားသမားအချို့ကို ရောင်းချဖို့လိုအပ်နေဆဲဖြစ်ပါတယ်။

ရာသီသစ်အတွက် ကျောနံပါတ်များကို ယူနိုက်တက် အသင်းကထုတ်ပြန်ခဲ့ပြီး အာမက်ဒီယာလိုအား ကျောနံပါတ် ၁၉ မှ ၁၆ သို့ပြောင်းလဲပေးအပ်လိုက်ပါတယ်။

ထို့အပြင် အသင်းက ဂိုးသမား ဟီတန်အား နံပါတ် ၂၂ ၊ တိုက်စစ်မှူး အလန်ဂါအား ၃၆ ၊ အခြားလူငယ်တိုက်စစ် ကစားသမား ရှိုရတီးရီးအား ၄၇ နံပါတ်များ အသီးသီး ပေးအပ်ခဲ့ပါတယ်။

ထို့ကြောင့် ပုံရိပ်အသုံးပြုခ အသေးစိတ် အချက်အလက်အချို့ကျန်ရှိနေသေးတဲ့ အတွက် တရားဝင် ကြေညာခြင်း မပြုရသေးတဲ့

ကစားသမားသစ် ဗာရန်းမှာ အာမက် ဝတ်ဆင်ခဲ့သော နံပါတ် ၁၉ အားဆက်ခံဖွယ်ရှိကြောင်း ယူဆချက်များ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာပါတယ်။

Zawgyi Version









