Spots news

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်

Unicode Version

ဒီနေ့ပွဲမှာတော့ တန်းတက် ဘရန့်ဖို့ဒ်အသင်းဟာ အာဆင်နယ်အသင်းထက် သာလွန်တဲ့ စိတ်ဓာတ် ၊ ကောင်းမွန်တဲ့ ကစားဟန်တို့ကို ထုတ်ပြနိုင်ခဲ့ပြီး တိုက်စစ်မှူး အမ်ဘွီမိုသာ မဖြုန်းတီးခဲ့ရင် ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိနိုင်တဲ့ အနေအထားပါ။

အာဆင်နယ်အသင်းကတော့ ကစားကွက် မယ်မယ်ရရ မရှိခဲ့ပဲ ကြုံသလိုကန် ၊ ကြုံသလိုပေး ဆိုတဲ့ စိတ်ပျက်စရာ ခြေစွမ်းကို ပြသခဲ့ကာ နည်းပြချုပ် အာတီတာရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာတွေ ပိုများလာခဲ့ပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ ယခုနှစ် နွေဈေးကွက်မှာ ထိုက်သင့်သလောက် အင်အားဖြည့်ခဲ့သည့်တိုင် အသင်းရဲ့ ကစားကွက်က တိုးတက်မလာသလို ကစားသမား အများစုကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။

အထူးသဖြင့် ဒီနေ့ပွဲစဉ်မှာ ဘန်ဝှိုက်ဟာ မာမာထန်ထန် ကစားနိုင်တဲ့ ခံစစ်မှူးတဦး မဟုတ်တာကို မြင်တွေ့ခဲ့ရပြီး ဘန်ဝှိုက်ဆီက အကောင်းဆုံး အရည်အချင်းတွေကို မြင်ချင်ရင်တော့ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်တဲ့ အထိုင်ခံစစ်မှူး တဦးကို ခေါ်ယူဖို့ လိုအပ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းကတော့ အာဆင်နယ်အသင်းထက် ကစားပုံ ပိုကောင်းခဲ့သလို စတုတ်စီးတီးအသင်း တန်းဆင်းသွားပြီးနောက် မမြင်ရတာ ကြာပြီ ဖြစ်တဲ့ လက်ပစ်ဘောကို တိုက်ရိုက် ဂိုးရှေ့ဆီ မြှောက်ပစ်တဲ့ နည်းစနစ်ကိုလည်း အသုံးပြုခဲ့ပါသေးတယ်။ နော်ဂတ်ဒ်ရဲ့ ဒုတိယ ဦးဆောင်ဂိုးကလည်း လက်ပစ်ဘောကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

နိဂုံးချုပ် သုံးသပ်ရရင်တော့ ဒီခြေစွမ်းကိုသာ ဆက်လက် ထိန်းထားရင် ဘရန့်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ဖို့ အခွင့်အလမ်း များသလို အာဆင်နယ်အသင်း ကတော့ အချိန်မီသာ မပြုပြင်နိုင်ရင် ဖျက်မြင်းအသင်းအဆင့်ဆီ လျှောကျဖို့ ရှိနေပါတယ်။

Zawgyi Version

ဒီေန႕ပြဲမွာေတာ့ တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းဟာ အာဆင္နယ္အသင္းထက္ သာလြန္တဲ့ စိတ္ဓာတ္ ၊ ေကာင္းမြန္တဲ့ ကစားဟန္တို႔ကို ထုတ္ျပနိုင္ခဲ့ၿပီး တိုက္စစ္မႉး အမ္ဘြီမိုသာ မျဖဳန္းတီးခဲ့ရင္ ဂိုးျပတ္နိုင္ပြဲ တပြဲကို ရရွိနိုင္တဲ့ အေနအထားပါ။

အာဆင္နယ္အသင္းကေတာ့ ကစားကြက္ မယ္မယ္ရရ မရွိခဲ့ပဲ ႀကဳံသလိုကန္ ၊ ႀကဳံသလိုေပး ဆိုတဲ့ စိတ္ပ်က္စရာ ေျခစြမ္းကို ျပသခဲ့ကာ နည္းျပခ်ဳပ္ အာတီတာရဲ႕ အရည္အခ်င္းကို ေမးခြန္းထုတ္စရာေတြ ပိုမ်ားလာခဲ့ပါတယ္။

အာဆင္နယ္အသင္း အေနနဲ႕ ယခုႏွစ္ ေႏြေဈးကြက္မွာ ထိုက္သင့္သေလာက္ အင္အားျဖည့္ခဲ့သည့္တိုင္ အသင္းရဲ႕ ကစားကြက္က တိုးတက္မလာသလို ကစားသမား အမ်ားစုကလည္း ပုံမွန္ ေျခစြမ္းေအာက္ ေရာက္ေနခဲ့ပါတယ္။

အထူးသျဖင့္ ဒီေန႕ပြဲစဥ္မွာ ဘန္ဝွိုက္ဟာ မာမာထန္ထန္ ကစားနိုင္တဲ့ ခံစစ္မႉးတဦး မဟုတ္တာကို ျမင္ေတြ႕ခဲ့ရၿပီး ဘန္ဝွိုက္ဆီက အေကာင္းဆုံး အရည္အခ်င္းေတြကို ျမင္ခ်င္ရင္ေတာ့ အသင္းရဲ႕ ခံစစ္ေၾကာင္းကို ဦးေဆာင္နိုင္တဲ့ အထိုင္ခံစစ္မႉး တဦးကို ေခၚယူဖို႔ လိုအပ္ပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းကေတာ့ အာဆင္နယ္အသင္းထက္ ကစားပုံ ပိုေကာင္းခဲ့သလို စတုတ္စီးတီးအသင္း တန္းဆင္းသြားၿပီးေနာက္ မျမင္ရတာ ၾကာၿပီ ျဖစ္တဲ့ လက္ပစ္ေဘာကို တိုက္ရိုက္ ဂိုးေရွ႕ဆီ ျမႇောက္ပစ္တဲ့ နည္းစနစ္ကိုလည္း အသုံးျပဳခဲ့ပါေသးတယ္။ ေနာ္ဂတ္ဒ္ရဲ႕ ဒုတိယ ဦးေဆာင္ဂိုးကလည္း လက္ပစ္ေဘာကေန ရရွိခဲ့တာ ျဖစ္ပါတယ္။

နိဂုံးခ်ဳပ္ သုံးသပ္ရရင္ေတာ့ ဒီေျခစြမ္းကိုသာ ဆက္လက္ ထိန္းထားရင္ ဘရန႔္ဖို႔ဒ္အသင္းဟာ ပရီးမီးယားလိဂ္မွာ တန္းတင္က်န္ဖို႔ အခြင့္အလမ္း မ်ားသလို အာဆင္နယ္အသင္း ကေတာ့ အခ်ိန္မီသာ မျပဳျပင္နိုင္ရင္ ဖ်က္ျမင္းအသင္းအဆင့္ဆီ ေလွ်ာက်ဖိဳ႕ ရွိေနပါတယ္။