Unicode Version
ပရီးမီးယားလိဂ် ရာသီသစ်ကို လိဒ်အသင်းနဲ့ စတင်ဖွင့်လှစ်မယ့် ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်းပွဲစဥ်တွေ ရလဒ်မကောင်းခဲ့မှုကြောင့် ယခုလိဒ်နဲ့ အိမ်ကွင်း အဖွင့်ပွဲကိုလည်း ဆိုးလ်ရှားတို့ အသေအချာ အာရုံစိုက်ထားကြောင်း ပြောလာပါတယ်။
ဒါ့အပြင် ကစားသမားသစ် ဆန်ချိုအနေနဲ့လည်း ရာသီအစပွဲစဥ်များမှာ ပုံစံကောင်းမရသေးရင်တောင်မှ သူဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့လည်း ဟောကိန်း ထုတ်လိုက်ပါသေးတယ်။
ဆိုးလ်ရှား က ” ယူရိုအပြီးမှာ သူ အားလပ်ရက် ရခဲ့တယ်။ကံမကောင်းစွာပဲ အဖျားနည်းနည်းရှိလာတာကြောင့် သူကောင်းကောင်းတောင် မနားခဲ့ရပါဘူး။ သူ လေ့ကျင့်ခန်းဆက်ရှင်တွေမှာ ရှိနေပေမယ့် တဝက်လောက်ကပဲ ကျတော်တို့ရှိနေနိူင်တာကြောင့် ပူးပေါင်းလေ့ကျင့်ချိန် များများမရခဲ့ပါဘူး။
ပုံစံကောင်းကို ပြန်ရဖို့ ဆန်ချိုအနေနဲ့ အချိန်နည်းနည်းတော့ ယူရပါလိမ့်အုံးမယ်။ရာသီတစ်လျှောက်လုံးစာနဲ့ စဥ်းစားကြည့်မယ်ဆို သူဟာ ကျတော်တို့အတွက် အရေးပါတဲ့ ကစားသမား
ဖြစ်မယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။သေချာပါတယ်။ သူဟာ ကျတော်တို့ကို ပျော်စရာ(အောင်မြင်မှု)တွေ ယူလာပေမယ့် ကစားသမားတစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ”
“ပြီးခဲ့တဲ့ရာသီက အိမ်ကွင်း အဖွင့်မှာတင်ကို ၃ပွဲလောက် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီနှစ် ဒါမျိုး ထပ်ကျူးလွန်လို့ မရတော့ပါဘူး။ ကျတော်တို့ အစကောင်းဖို့ လိုပါမယ်။
ပြီးခဲ့တဲ့ရာသီက အဆင့် ၂နဲ့ ပြီးဆုံးခဲ့ပြီး အဲ့ဒီအရင်နှစ်က ၃ ပါ။ ဒါကြောင့် ဒီရာသီရဲ့ နောက်ဆုံးပွဲအပြီးမှာတော့ ထိပ်ဆုံးမှာ ရှိနေချင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
တောင်ပံ ကစားသမားသစ် ဆန်ချိုဟာ လိဒ် အသင်းနှင့် ယှဥ်ပြိုင်မည့်ပွဲစဥ် လူစားရင်းတွင်ပါဝင်လာပြီး အသင်းတည်းခိုရာ ဟိုတယ်သို့ ရောက်နေပြီ ဖြစ်ပါတယ်။ ဝါရင့်နောက်ခံလူ ဗာရန်းကတော့ ပုံရိပ်အသုံပြုခ သဘောတူညီမှုမရရှိသေးသည့်အတွက် လိဒ် နှင်ပွဲစဥ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ရာသီသစ္ကို လိဒ္အသင္းနဲ႕ စတင္ဖြင့္လွစ္မယ့္ ယူနိုက္တက္တို႔ဟာ ၿပီးခဲ့တဲ့ရာသီ အိမ္ကြင္းပြဲစဥ္ေတြ ရလဒ္မေကာင္းခဲ့မႈေၾကာင့္ ယခုလိဒ္နဲ႕ အိမ္ကြင္း အဖြင့္ပြဲကိုလည္း ဆိုးလ္ရွားတို႔ အေသအခ်ာ အာ႐ုံစိုက္ထားေၾကာင္း ေျပာလာပါတယ္။
ဒါ့အျပင္ ကစားသမားသစ္ ဆန္ခ်ိဳအေနနဲ႕လည္း ရာသီအစပြဲစဥ္မ်ားမွာ ပုံစံေကာင္းမရေသးရင္ေတာင္မွ သူဟာ အသင္းရဲ႕ အဓိက ကစားသမား ျဖစ္လာလိမ့္မယ္လို႔လည္း ေဟာကိန္း ထုတ္လိုက္ပါေသးတယ္။
ဆိုးလ္ရွား က ” ယူရိုအၿပီးမွာ သူ အားလပ္ရက္ ရခဲ့တယ္။ကံမေကာင္းစြာပဲ အဖ်ားနည္းနည္းရွိလာတာေၾကာင့္ သူေကာင္းေကာင္းေတာင္ မနားခဲ့ရပါဘူး။ သူ ေလ့က်င့္ခန္းဆက္ရွင္ေတြမွာ ရွိေနေပမယ့္ တဝက္ေလာက္ကပဲ က်ေတာ္တို႔ရွိေနနိူင္တာေၾကာင့္ ပူးေပါင္းေလ့က်င့္ခ်ိန္ မ်ားမ်ားမရခဲ့ပါဘူး။
ပုံစံေကာင္းကို ျပန္ရဖို႔ ဆန္ခ်ိဳအေနနဲ႕ အခ်ိန္နည္းနည္းေတာ့ ယူရပါလိမ့္အုံးမယ္။ရာသီတစ္ေလွ်ာက္လုံးစာနဲ႕ စဥ္းစားၾကည့္မယ္ဆို သူဟာ က်ေတာ္တို႔အတြက္ အေရးပါတဲ့ ကစားသမား
ျဖစ္မယ္ဆိုတာ ေျပာစရာေတာင္ လိုမယ္မထင္ပါဘူး။ေသခ်ာပါတယ္။ သူဟာ က်ေတာ္တို႔ကို ေပ်ာ္စရာ(ေအာင္ျမင္မႈ)ေတြ ယူလာေပမယ့္ ကစားသမားတစ္ေယာက္ ေသခ်ာေပါက္ ျဖစ္လာမွာပါ…”
“ၿပီးခဲ့တဲ့ရာသီက အိမ္ကြင္း အဖြင့္မွာတင္ကို ၃ပြဲေလာက္ ရႈံးနိမ့္ခဲ့ရပါတယ္။ ဒီႏွစ္ ဒါမ်ိဳး ထပ္က်ဴးလြန္လို႔ မရေတာ့ပါဘူး။ က်ေတာ္တို႔ အစေကာင္းဖို႔ လိုပါမယ္။
ၿပီးခဲ့တဲ့ရာသီက အဆင့္ ၂နဲ႕ ၿပီးဆုံးခဲ့ၿပီး အဲ့ဒီအရင္ႏွစ္က ၃ ပါ။ ဒါေၾကာင့္ ဒီရာသီရဲ႕ ေနာက္ဆုံးပြဲအၿပီးမွာေတာ့ ထိပ္ဆုံးမွာ ရွိေနခ်င္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။
ေတာင္ပံ ကစားသမားသစ္ ဆန္ခ်ိဳဟာ လိဒ္ အသင္းႏွင့္ ယွဥ္ၿပိဳင္မည့္ပြဲစဥ္ လူစားရင္းတြင္ပါဝင္လာၿပီး အသင္းတည္းခိုရာ ဟိုတယ္သို႔ ေရာက္ေနၿပီ ျဖစ္ပါတယ္။ ဝါရင့္ေနာက္ခံလူ ဗာရန္းကေတာ့ ပုံရိပ္အသုံျပဳခ သေဘာတူညီမႈမရရွိေသးသည့္အတြက္ လိဒ္ ႏွင္ပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။