Unicode Version
ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ပြင်သစ်ထိပ်သီး PSG အသင်းဟာ လာမည့် ၂၀၂၂ ခုနှစ်မှာ မက်ဆီနှင့် စီရော်နယ်ဒိုတို့ နှစ်ဦးစလုံးကို ပိုင်ဆိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။
PSG အသင်းဟာ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု အဆင်မပြေသည့် ဘာပေကို ယခုနွေရာသီတွင် ရောင်းထုတ်မည် မဟုတ်ဘဲ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ အသင်းတွင် ဆက်လက်ထားရှိသွားမည် ဖြစ်ပြီး သူ့နေရာမှာ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေ ပါတယ်။
PSG အသင်းဟာ ဘာပေကို ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ ရောင်းထုတ်ခဲ့ပါက ပြောင်းရွှေ့ကြေးရရှိမည် ဖြစ်သော်လည်း ယင်းကဲ့သို့ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ပြောကြားထားပါတယ်။
PSG အသင်း တာဝန်ရှိသူများဟာ ဘာပေကိုရောင်းချခြင်းအတွက် ရရှိမည့်ပြောင်းရွှေ့ကြေးထက် မက်ဆီ၊ နေမာ၊ ဘာပေတို့၏ ပေါင်းစပ်မှုပုံရိပ်ကြောင့် အသင်း၏အင်အားနှင့် ကျော်ကြားမှု ပိုမိုမြင့်တက်လာမည့် အခြေအနေကို ပိုမိုလိုလားနေခြင်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာလည်း ၂၀၂၂ ခုနှစ်တွင် လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သောကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ရာ ဘာပေရဲ့ နေရာမှာ ရော်နယ်ဒိုကို အစားထိုးခေါ်ယူပြီး အထူးခြားဆုံးအခြေအနေ ဖန်တီးရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဆီနှင့် စီရော်နယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံးဆုများကို တစ်ပြန်တစ်လှည့်စီ ရယူနေတဲ့ ခေတ်ပြိုင် ကစားသမားများဖြစ်ပြီး သူတို့နှစ်ဦး အသင်း တစ်သင်းတည်းမှာ အတူတွဲဖက်ကစားမည်ဆိုပါက အလွန်ထူးခြားသည့်အခြေအနေ ဖြစ်လာမည် ဖြစ်ပါတယ်။
PSG အသင်းဟာ အဆိုပါအခြေအနေကို ဖန်တီးပုံဖော်ရန် မျှော်လင့်နေခြင်းဖြစ်ပြီး ယခင်က မည်သို့မျှ မဖြစ်နိုင်ဟု သတ်မှတ်ထား သော်လည်း လက်ရှိအနေအထားအရ ဖြစ်လာနိုင်ခြေရှိနေပြီဖြစ်ကြောင်းလည်း စပိန်မီဒီယာများက သုံးသပ်ထား ပါတယ်။
Zawgyi Version
ဘာစီလိုနာအသင္းရဲ႕ ဂႏၳဝင္တိုက္စစ္မႉး မက္ဆီကို ေခၚယူနိုင္ခဲ့ၿပီျဖစ္တဲ့ ျပင္သစ္ထိပ္သီး PSG အသင္းဟာ လာမည့္ ၂၀၂၂ ခုႏွစ္မွာ မက္ဆီႏွင့္ စီေရာ္နယ္ဒိုတို႔ ႏွစ္ဦးစလုံးကို ပိုင္ဆိုင္ရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။
PSG အသင္းဟာ စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းမႈ အဆင္မေျပသည့္ ဘာေပကို ယခုေႏြရာသီတြင္ ေရာင္းထုတ္မည္ မဟုတ္ဘဲ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသည္အထိ အသင္းတြင္ ဆက္လက္ထားရွိသြားမည္ ျဖစ္ၿပီး သူ႕ေနရာမွာ ဂ်ဴဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို အစားထိုးေခၚယူရန္ ပစ္မွတ္ထားေန ပါတယ္။
PSG အသင္းဟာ ဘာေပကို ယခုေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္သို႔ ေရာင္းထုတ္ခဲ့ပါက ေျပာင္းေ႐ႊ႕ေၾကးရရွိမည္ ျဖစ္ေသာ္လည္း ယင္းကဲ့သို႔ ျပဳလုပ္ရန္ အစီအစဥ္ မရွိေၾကာင္း အသင္းဥကၠ႒ အယ္လ္ခီလိုင္ဖီက ေျပာၾကားထားပါတယ္။
PSG အသင္း တာဝန္ရွိသူမ်ားဟာ ဘာေပကိုေရာင္းခ်ျခင္းအတြက္ ရရွိမည့္ေျပာင္းေ႐ႊ႕ေၾကးထက္ မက္ဆီ၊ ေနမာ၊ ဘာေပတို႔၏ ေပါင္းစပ္မႈပုံရိပ္ေၾကာင့္ အသင္း၏အင္အားႏွင့္ ေက်ာ္ၾကားမႈ ပိုမိုျမင့္တက္လာမည့္ အေျခအေနကို ပိုမိုလိုလားေနျခင္း ျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာလည္း ၂၀၂၂ ခုႏွစ္တြင္ လက္ရွိအသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံး မည္ျဖစ္ေသာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ေခၚယူနိုင္မည္ျဖစ္ရာ ဘာေပရဲ႕ ေနရာမွာ ေရာ္နယ္ဒိုကို အစားထိုးေခၚယူၿပီး အထူးျခားဆုံးအေျခအေန ဖန္တီးရန္ ေမွ်ာ္လင့္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။
မက္ဆီႏွင့္ စီေရာ္နယ္ဒိုတို႔ဟာ ကမာၻ႔အေကာင္းဆုံးဆုမ်ားကို တစ္ျပန္တစ္လွည့္စီ ရယူေနတဲ့ ေခတ္ၿပိဳင္ ကစားသမားမ်ားျဖစ္ၿပီး သူတို႔ႏွစ္ဦး အသင္း တစ္သင္းတည္းမွာ အတူတြဲဖက္ကစားမည္ဆိုပါက အလြန္ထူးျခားသည့္အေျခအေန ျဖစ္လာမည္ ျဖစ္ပါတယ္။
PSG အသင္းဟာ အဆိုပါအေျခအေနကို ဖန္တီးပုံေဖာ္ရန္ ေမွ်ာ္လင့္ေနျခင္းျဖစ္ၿပီး ယခင္က မည္သို႔မွ် မျဖစ္နိုင္ဟု သတ္မွတ္ထား ေသာ္လည္း လက္ရွိအေနအထားအရ ျဖစ္လာနိုင္ေျခရွိေနၿပီျဖစ္ေၾကာင္းလည္း စပိန္မီဒီယာမ်ားက သုံးသပ္ထား ပါတယ္။