Unicode Version
အာဆင်နယ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း ရာသီအစမှာဆို ရလဒ်တွေမကောင်းလေ့ရှိတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့
ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ တန်းတက်ဘရန်ဖို့ဒ်ကို ၂-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အာတီတာအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရကာ အသင်းပရိသတ်တွေကို တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့ပါတယ်။
လာကာဇက်နဲ့ အူဘာမီယန်တို့မပါဝင်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ကစားသမားသစ်ပေါင်သန်း ၅၀ တန် ဘန်ဝှိုက်ကိုထည့်သွင်းခဲ့ပြီး ပီပီ၊ စမစ်ရိုး၊ မာတင်နယ်လီတို့ကို ပွဲထွက်စေခဲ့ပါတယ်။
လူငယ်ကစားသမားတချို့လည်း ပါဝင်ခဲ့ပြီး အာဆင်နယ်က ကစားကွက်အသာစီးရခဲ့ပေမယ့်လည်း ဂိုးရဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘရန်ဖို့ဒ်ရဲ့ အမှတ်မထင်သွင်းဂိုးတွေကိုသာ ခွင့်ပြုခဲ့ရပါတယ်။
အာတီတာက အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့်လည်း တိုးတက်မှုမရှိခဲ့လို့ ချေပဂိုးနဲ့ အာဆင်နယ်တို့ အလှမ်းဝေးခဲ့ရပါတယ်။ ဘရန်ဖို့ဒ်ဘက်က တိုနေးရဲ့ တိုးအား၊ ရုန်းအားကို အာဆင်နယ်ခံစစ်ပိုင်း တော်တော်လေးသတိထားခဲ့ရပြီး
ဘန်ဝှိုက်ကလည်း အမြင့်ဘောတွေကာကွယ်ရာမှာ တော်တော်အားနည်းခဲ့ကာ ဒုတိယမြောက်ဂိုးကလည်း မြေထောက်ပြီး ပြန်တက်ခဲ့တဲ့ ဘောလုံးကို သူမဟန့်တားနိုင်ဘဲ လိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့ရာကနေ ပေးခဲ့ရတာဖြစ်ပါတယ်။
ဘရန်ဖို့ဒ်အတွက် ၂၃ မိနစ်မှာ ကာနော့စ်၊ ၇၆ မိနစ်မှာ နော်ဂတ်တို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ သိက္ခာဆယ်ချေပဂိုးလေးတစ်ဂိုးတောင် မရခဲ့ဘဲ ရမှတ်ဗလာ၊ သွင်းဂိုးဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ အသင်းရလဒ်အတွက် အာတီတာက ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ရပြီး တိုက်စစ်မှူးနှစ်ဦးလည်း နောက်ပွဲမှာ ပါဝင်နိုင်မှာလားဆိုတာ သူမသိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version
အာဆင္နယ္ကေတာ့ သူတို႔ရဲ႕ထုံးစံအတိုင္း ရာသီအစမွာဆို ရလဒ္ေတြမေကာင္းေလ့ရွိတဲ့ အစဥ္အလာကို ဆက္လက္ထိန္းသိမ္းသြားခဲ့ပါတယ္။ မေန႕က ကစားခဲ့တဲ့
ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ တန္းတက္ဘရန္ဖို႔ဒ္ကို ၂-၀ နဲ႕ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး အာတီတာအတြက္ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရကာ အသင္းပရိသတ္ေတြကို ေတာ္ေတာ္ေလးစိတ္ပ်က္လက္ပ်က္ျဖစ္သြားေစခဲ့ပါတယ္။
လာကာဇက္နဲ႕ အူဘာမီယန္တို႔မပါဝင္နိုင္ခဲ့တဲ့ အာဆင္နယ္ဟာ ကစားသမားသစ္ေပါင္သန္း ၅၀ တန္ ဘန္ဝွိုက္ကိုထည့္သြင္းခဲ့ၿပီး ပီပီ၊ စမစ္ရိုး၊ မာတင္နယ္လီတို႔ကို ပြဲထြက္ေစခဲ့ပါတယ္။
လူငယ္ကစားသမားတခ်ိဳ႕လည္း ပါဝင္ခဲ့ၿပီး အာဆင္နယ္က ကစားကြက္အသာစီးရခဲ့ေပမယ့္လည္း ဂိုးရဖို႔အထိေတာ့ မစြမ္းေဆာင္နိုင္ခဲ့ဘဲ ဘရန္ဖို႔ဒ္ရဲ႕ အမွတ္မထင္သြင္းဂိုးေတြကိုသာ ခြင့္ျပဳခဲ့ရပါတယ္။
အာတီတာက အေျပာင္းအလဲေတြလုပ္ခဲ့ေပမယ့္လည္း တိုးတက္မႈမရွိခဲ့လို႔ ေခ်ပဂိုးနဲ႕ အာဆင္နယ္တို႔ အလွမ္းေဝးခဲ့ရပါတယ္။ ဘရန္ဖို႔ဒ္ဘက္က တိုေနးရဲ႕ တိုးအား၊ ႐ုန္းအားကို အာဆင္နယ္ခံစစ္ပိုင္း ေတာ္ေတာ္ေလးသတိထားခဲ့ရၿပီး
ဘန္ဝွိုက္ကလည္း အျမင့္ေဘာေတြကာကြယ္ရာမွာ ေတာ္ေတာ္အားနည္းခဲ့ကာ ဒုတိယေျမာက္ဂိုးကလည္း ေျမေထာက္ၿပီး ျပန္တက္ခဲ့တဲ့ ေဘာလုံးကို သူမဟန႔္တားနိုင္ဘဲ လိုက္ၾကည့္႐ုံသာ တတ္နိုင္ခဲ့ရာကေန ေပးခဲ့ရတာျဖစ္ပါတယ္။
ဘရန္ဖို႔ဒ္အတြက္ ၂၃ မိနစ္မွာ ကာေနာ့စ္၊ ၇၆ မိနစ္မွာ ေနာ္ဂတ္တို႔က သြင္းယူခဲ့ၾကတာျဖစ္ပါတယ္။ အာဆင္နယ္ကေတာ့ သိကၡာဆယ္ေခ်ပဂိုးေလးတစ္ဂိုးေတာင္ မရခဲ့ဘဲ ရမွတ္ဗလာ၊ သြင္းဂိုးဗလာနဲ႕ အိမ္ျပန္ခဲ့ရပါတယ္။
ပြဲအၿပီးမွာေတာ့ အသင္းရလဒ္အတြက္ အာတီတာက ပရိသတ္ေတြကို ေတာင္းပန္စကားဆိုခဲ့ရၿပီး တိုက္စစ္မႉးႏွစ္ဦးလည္း ေနာက္ပြဲမွာ ပါဝင္နိုင္မွာလားဆိုတာ သူမသိေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။