Unicode Version
မန်ချက်စတာ ယူနိုက်တက် – လိဒ် ယူနိုက်တက် ( မြန်မာစံတော်ချိန် စနေနေ့ ညနေ ၆း၀၀ နာရီ )
ဂျေဒန် ဆန်ချို ရဲ့ အသင်းသစ် နဲ့ ပွဲဦးထွက် ဟာ ဘယ်လို ရလဒ်မျိုးနဲ့ အဆုံးသတ်သွားမလဲ ဆိုတာ ယူနိုက်တက် ပရိသတ်တွေ သိလိုစိတ် ပြင်းပြ နေမှာပါ ။ ရီးရဲ ကနေ ပြောင်းလာမယ့် ဗာရန်း ကတော့ ခုချိန်ထိ အသင်းနဲ့ တရားဝင် မကြေညာရသေးတာကြောင့်
ဒီပွဲကို ဝင်ကစားနိုင်မှာ မဟုတ်ပါဘူး ၊ ရက်ဖိုဒ့် ၊ ကာဗာနီ တို့လည်း မပါတာကြောင့် မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် အတွက် အမှတ်ခွဲယူ နိုင်ဖို့ အခွင့်ကောင်းတခု အဖြစ် ရှိနေမှာပါ ။ စနေနေ့ညနေရဲ့ အစောဆုံးပွဲဟာ ဆွဲဆောင်မှု ရှိနေမှာတော့ အသေအချာပါပဲ ။
တော့တင်ဟမ် ဟော့စပါး – မန်စီးတီး ( မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ ည ၁၀း၀၀ နာရီ )
အသင်းကြီး ၂ သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှု ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက တိုက်စစ်မှူး မပါဘဲ မန်စီးတီး တို့ ဘယ်လို ကစားမယ် ဆိုတာနဲ့ နည်းပြသစ် နူနို ဆန်းတိုစ့် လက်အောက်က စပါး ရဲ့ အသွင်သစ် တို့ အကြောင်းပဲ ဖြစ်မှာပါ ။
ချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ ဂရီလစ်ရှ် နဲ့ လုံလောက်ပြီလား ဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာ အဖြေပေးရတော့မှာ ဖြစ်ပြီး ဒီပွဲရလဒ် ဟာ လက်ကျန် အပြောင်းအရွှေ့ ကာလ အတွင်း စီးတီး တို့ ဘာဆက်လုပ်မယ် ဆိုတာကိုလည်း အဖြေထုတ်ပေး သွားနိုင်ပါတယ် ။
PSG – စထရာဘော့ ( မြန်မာစံတော်ချိန် တနင်္ဂနွေ နံနက် ၁း၃၀ နာရီ )
ဒီပွဲ ကို စိတ်ဝင်စား စေတဲ့ အချက်က တခုပဲ ရှိပါတယ် ။ လီယွန်နယ် မက်ဆီ ရဲ့ ဘာစီလိုနာ မဟုတ်တဲ့ အသင်းတသင်း နဲ့ ပထမဆုံး ကစားတဲ့ ပွဲ ဖြစ်လာ နိုင်တာကြောင့်ပါပဲ ။ PSG မှာ ဘာပေ ၊ နေမာ ၊ ဒီမာရီယာ တို့ ရှိနှင့်ပြီး ဖြစ်ပေမယ့် ဒီနှစ် မှာတော့
ရာမိုစ့် ၊ ဒွန်နာရမ်မာ တို့လို ပရိသတ်ကြိုက်တဲ့ ကစားသမားတွေ ထပ်ရောက်လာ ခဲ့ကြပါတယ် ။ ဒါပေမယ့် မက်ဆီ ကပဲ အရာအားလုံးရဲ့ အဓိက သော့ချက် ဖြစ်နေမှာပါ ။ ဒီပွဲကို စောင့်ကြည့်မယ့်သူတွေ က စံချိန်တင် အရေအတွက်တောင် ဖြစ်သွားနိုင်ပါတယ် ။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ – လိဒ္ ယူနိုက္တက္ ( ျမန္မာစံေတာ္ခ်ိန္ စေနေန႕ ညေန ၆း၀၀ နာရီ )
ေဂ်ဒန္ ဆန္ခ်ိဳ ရဲ႕ အသင္းသစ္ နဲ႕ ပြဲဦးထြက္ ဟာ ဘယ္လို ရလဒ္မ်ိဳးနဲ႕ အဆုံးသတ္သြားမလဲ ဆိုတာ ယူနိုက္တက္ ပရိသတ္ေတြ သိလိုစိတ္ ျပင္းျပ ေနမွာပါ ။ ရီးရဲ ကေန ေျပာင္းလာမယ့္ ဗာရန္း ကေတာ့ ခုခ်ိန္ထိ အသင္းနဲ႕ တရားဝင္ မေၾကညာရေသးတာေၾကာင့္
ဒီပြဲကို ဝင္ကစားနိုင္မွာ မဟုတ္ပါဘူး ၊ ရက္ဖိုဒ့္ ၊ ကာဗာနီ တို႔လည္း မပါတာေၾကာင့္ မာဆယ္လို ဘီေယဆာ ရဲ႕ လိဒ္ အတြက္ အမွတ္ခြဲယူ နိုင္ဖို႔ အခြင့္ေကာင္းတခု အျဖစ္ ရွိေနမွာပါ ။ စေနေန႕ညေနရဲ႕ အေစာဆုံးပြဲဟာ ဆြဲေဆာင္မႈ ရွိေနမွာေတာ့ အေသအခ်ာပါပဲ ။
ေတာ့တင္ဟမ္ ေဟာ့စပါး – မန္စီးတီး ( ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြေန႕ ည ၁၀း၀၀ နာရီ )
အသင္းႀကီး ၂ သင္းရဲ႕ ထိပ္တိုက္ ေတြ႕ဆုံမႈ ထက္ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းတာက တိုက္စစ္မႉး မပါဘဲ မန္စီးတီး တို႔ ဘယ္လို ကစားမယ္ ဆိုတာနဲ႕ နည္းျပသစ္ ႏူနို ဆန္းတိုစ့္ လက္ေအာက္က စပါး ရဲ႕ အသြင္သစ္ တို႔ အေၾကာင္းပဲ ျဖစ္မွာပါ ။
ခ်န္ပီယံ ဘြဲ႕ကို ကာကြယ္ဖို႔ ဂရီလစ္ရွ္ နဲ႕ လုံေလာက္ၿပီလား ဆိုတဲ့ ေမးခြန္းကို ဂြာဒီယိုလာ အေျဖေပးရေတာ့မွာ ျဖစ္ၿပီး ဒီပြဲရလဒ္ ဟာ လက္က်န္ အေျပာင္းအေ႐ႊ႕ ကာလ အတြင္း စီးတီး တို႔ ဘာဆက္လုပ္မယ္ ဆိုတာကိုလည္း အေျဖထုတ္ေပး သြားနိုင္ပါတယ္ ။
PSG – စထရာေဘာ့ ( ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြ နံနက္ ၁း၃၀ နာရီ )
ဒီပြဲ ကို စိတ္ဝင္စား ေစတဲ့ အခ်က္က တခုပဲ ရွိပါတယ္ ။ လီယြန္နယ္ မက္ဆီ ရဲ႕ ဘာစီလိုနာ မဟုတ္တဲ့ အသင္းတသင္း နဲ႕ ပထမဆုံး ကစားတဲ့ ပြဲ ျဖစ္လာ နိုင္တာေၾကာင့္ပါပဲ ။ PSG မွာ ဘာေပ ၊ ေနမာ ၊ ဒီမာရီယာ တို႔ ရွိႏွင့္ၿပီး ျဖစ္ေပမယ့္ ဒီႏွစ္ မွာေတာ့
ရာမိုစ့္ ၊ ဒြန္နာရမ္မာ တို႔လို ပရိသတ္ႀကိဳက္တဲ့ ကစားသမားေတြ ထပ္ေရာက္လာ ခဲ့ၾကပါတယ္ ။ ဒါေပမယ့္ မက္ဆီ ကပဲ အရာအားလုံးရဲ႕ အဓိက ေသာ့ခ်က္ ျဖစ္ေနမွာပါ ။ ဒီပြဲကို ေစာင့္ၾကည့္မယ့္သူေတြ က စံခ်ိန္တင္ အေရအတြက္ေတာင္ ျဖစ္သြားနိုင္ပါတယ္ ။