Spots news

အာဆင်နယ်ကိုအနိုင်ရပြီး မျက်ရည်ကျသည်အထိ ပျော်ခဲ့တဲ့ ဘရန်ဖို့ဒ်ပရိသတ်အဖိုးအို

Unicode Version

ဘရန်ဖို့ဒ်က အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အပြီးမှာတော့ ဘရန်ဖို့ဒ်ပရိသတ်အဖိုးအိုတစ်ဦးဟာ အသင်းနိုင်ပွဲအတွက် ဝမ်းသာလွန်းလို့ မျက်ရည်တွေစီးကျတဲ့အထိ ငိုကြွေးခဲ့ရပါတယ်။

နှစ်ပေါင်း ၇၄ နှစ်အတွင်း ဘရန်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပြီး တန်းတက်အသင်းတစ်သင်းအနေနဲ့ အသင်းကြီးအာဆင်နယ်ကို အနိုင်ရခဲ့လို့ ပိုပြီးဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။

ဘရန်ဖို့ဒ်ဟာ ၁၉၄၆-၄၇ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ နောက်ဆုံးအကြိမ်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်လို့ နာမည်မပြောင်းခင်ကာလဖြစ်ပြီး နာမည်ပြောင်းပြီးမှ ပထမဆုံးအကြိမ်ကစားခွင့်နဲ့ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာလို့လည်း ပြောနိုင်ပါတယ်။

ဒီအတွက်ကြောင့် အသင်းကို တစိုက်မတ်မတ်အားပေးခဲ့တဲ့ ပရိသတ်တွေအတွက်တော့ အခုလိုအောင်ပွဲကို မြင်တွေ့ရတာဟာ ဘယ်လောက်ထိလေးနက်သလဲဆိုတာကို တွေးကြည့်ရုံနဲ့ သိနိုင်မှာဖြစ်ပါတယ်။

ပရိသတ်တွေအတွက်လည်း မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုဖြစ်ပြီး ပရီးမီးယားလိဂ်ကတော့ ရာသီအဖွင့်မှာပဲ ကမောက်ကမရလဒ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

ဆာဂျီယိုကာနော့စ် နဲ့ ခရစ္စတီယန်နော်ဂတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘရန်ဖို့ဒ်တို့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ အဖိုးအိုရဲ့ ငိုကြွေးနေမှုကို ရုပ်သံကင်မရာတွေကလည်း အမိအရရိုက်ယူနိုင်ခဲ့ကာ တွေ့မြင်ခဲ့သူအားလုံးကိုလည်း ကရုဏာသက်စေခဲ့ပါတယ်။

လူငယ်ပရိသတ်တွေနဲ့အတူ အသင်းကိုဂုဏ်ပြုအော်ဟစ်အားပေးနေရင်းနဲ့ မျက်ရည်တွေကျနေခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါမြင်ကွင်းဗီဒီယိုကလစ်ကတော့ တွစ်တာပေါ်မှာ တော်တော်လေးပြန့်နှံ့နေပြီး

ကြည့်ရှုသူပေါင်းဟာ သန်းနဲ့ချီအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ အသင်းကို ကာလရှည်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးအတွက်တော့ ဘယ်လိုမှမေ့မရတဲ့ပွဲတစ်ပွဲ၊ မျက်ရည်မထိန်းနိုင်လောက်အောင် ခံစားခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။

Zawgyi Version

ဘရန္ဖို႔ဒ္က အာဆင္နယ္ကို အနိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အၿပီးမွာေတာ့ ဘရန္ဖို႔ဒ္ပရိသတ္အဖိုးအိုတစ္ဦးဟာ အသင္းနိုင္ပြဲအတြက္ ဝမ္းသာလြန္းလို႔ မ်က္ရည္ေတြစီးက်တဲ့အထိ ငိုေႂကြးခဲ့ရပါတယ္။

ႏွစ္ေပါင္း ၇၄ ႏွစ္အတြင္း ဘရန္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္မွာ ပထမဆုံးနိုင္ပြဲကို ရရွိခဲ့တာျဖစ္ၿပီး တန္းတက္အသင္းတစ္သင္းအေနနဲ႕ အသင္းႀကီးအာဆင္နယ္ကို အနိုင္ရခဲ့လို႔ ပိုၿပီးဂုဏ္ယူစရာျဖစ္ခဲ့ရပါတယ္။

ဘရန္ဖို႔ဒ္ဟာ ၁၉၄၆-၄၇ ေဘာလုံးရာသီက ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးအႀကိမ္ကစားခဲ့ရတာျဖစ္ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္လို႔ နာမည္မေျပာင္းခင္ကာလျဖစ္ၿပီး နာမည္ေျပာင္းၿပီးမွ ပထမဆုံးအႀကိမ္ကစားခြင့္နဲ႕ ပထမဆုံးနိုင္ပြဲကို ရရွိခဲ့တာလို႔လည္း ေျပာနိုင္ပါတယ္။

ဒီအတြက္ေၾကာင့္ အသင္းကို တစိုက္မတ္မတ္အားေပးခဲ့တဲ့ ပရိသတ္ေတြအတြက္ေတာ့ အခုလိုေအာင္ပြဲကို ျမင္ေတြ႕ရတာဟာ ဘယ္ေလာက္ထိေလးနက္သလဲဆိုတာကို ေတြးၾကည့္႐ုံနဲ႕ သိနိုင္မွာျဖစ္ပါတယ္။

ပရိသတ္ေတြအတြက္လည္း ေမွ်ာ္လင့္မထားတဲ့ ရလဒ္တစ္ခုျဖစ္ၿပီး ပရီးမီးယားလိဂ္ကေတာ့ ရာသီအဖြင့္မွာပဲ ကေမာက္ကမရလဒ္နဲ႕ စတင္ခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယိုကာေနာ့စ္ နဲ႕ ခရစၥတီယန္ေနာ္ဂတ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႕ ဘရန္ဖို႔ဒ္တို႔ အနိုင္ရရွိခဲ့ၿပီး ပြဲအၿပီးမွာေတာ့ အဖိုးအိုရဲ႕ ငိုေႂကြးေနမႈကို ႐ုပ္သံကင္မရာေတြကလည္း အမိအရရိုက္ယူနိုင္ခဲ့ကာ ေတြ႕ျမင္ခဲ့သူအားလုံးကိုလည္း က႐ုဏာသက္ေစခဲ့ပါတယ္။

လူငယ္ပရိသတ္ေတြနဲ႕အတူ အသင္းကိုဂုဏ္ျပဳေအာ္ဟစ္အားေပးေနရင္းနဲ႕ မ်က္ရည္ေတြက်ေနခဲ့တာလည္းျဖစ္ပါတယ္။ အဆိုပါျမင္ကြင္းဗီဒီယိုကလစ္ကေတာ့ တြစ္တာေပၚမွာ ေတာ္ေတာ္ေလးျပန႔္ႏွံ႕ေနၿပီး

ၾကည့္ရႈသူေပါင္းဟာ သန္းနဲ႕ခ်ီအထိ ရွိေနခဲ့ၿပီျဖစ္ပါတယ္။ အသင္းကို ကာလရွည္အားေပးခဲ့တဲ့ ပရိသတ္တစ္ဦးအတြက္ေတာ့ ဘယ္လိုမွေမ့မရတဲ့ပြဲတစ္ပြဲ၊ မ်က္ရည္မထိန္းနိုင္ေလာက္ေအာင္ ခံစားခဲ့ရတဲ့ပြဲတစ္ပြဲျဖစ္လာခဲ့ပါတယ္။