Spots news

ဆန်ချို ပါဝင်လာမယ့် ယူနိုက်တက်နဲ့ လိဒ် ပွဲကြိုသုံးသပ်ချက်

Unicode Version

လူအင်အား ဖြည့်တင်းမှုတွေ မှန်မှန်လေး ပြုလုပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့တော့ ရာသီအဖွင့်မှာပဲ ပွဲကျပ်တစ်ပွဲနဲ့ ဆုံတွေ့ရခြင်း ဖြစ်ပါတယ်။ မနှစ်က ယူနိုက်တက် အနေနဲ့ လိဒ်ကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ဘယ် လောက်အထိ ကစားရခက်ခဲခဲ့ သလဲဆိုတာ အားလုံးသိပါတယ်။

လောလောဆယ်မှ သက်တမ်းတိုးထားတဲ့ နည်းပြကြီး ဘီယဲလ်ဆာဟာ လိဒ်ကို ကိုယ်ပိုင်ကစားဟန်တစ်ခု ပုံဖော်ပေးထားနိုင်တဲ့ နည်းပြကောင်းတစ်ဦးဖြစ်ပါတယ်။ ယူရိုမှာ အင်္ဂလန်နဲ့ တောက်ပခဲ့တဲ့ ဖီးလစ်၊ရာဖင်ဟာ၊ တိုက်စစ်က ဘန်ဖို့ဒ်တို့ဟာ အဆင့် တစ်ခုမှာ ရှိနေပါတယ်။

လိဒ်ရဲ့တိုက်စစ်ကစားပုံ၊ အကြောက်အလန့်ကင်းကင်းကစားပုံတွေက ယူနိုက်တက်ကို အမှားကျူးလွန်ခွင့် ပေးမှာမဟုတ်ဘူး။ သို့ပေမယ့် ယူနိုက်တက်ကလည်း လိဒ်စ်လို တိုက်စစ်အားပြုကစားတဲ့ အသင်းတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ကစားဟန်မျိုး ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် အရေးကြီးတာက ဘရူနိုဖာနန်ဒက်စ်ရဲ့ပုံမှန်ခြေစွမ်းကို ပြန်မြင်ရဖို့ ဖြစ်ပါတယ် ။ ပုံစံကောင်းရနေတဲ့ ခံစစ်က မက်ဂွိုင်းယား ၊ ရှော တို့အပြင် ကွင်းလယ်မှာ မာတစ် ပါဝင်ကစားဖို့ ရှိပြီး တိုက်စစ်ရဲ့ အဆုံးသတ်ပိုင်းက ဒီပွဲအပေါ် သက်ရောက်မှု များနိုင်ပါတယ်။

ရုန်းကန်နေဆဲ မာရှယ်ဟာ သက်သေပြဖို့ အမြဲကြိုးစားနေသူ ဖြစ်သလို ပိုမိုရင့်ကျက်လာတဲ့ ဂရင်းဝုဒ်ကြောင့်တော့ အများကြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒုတိယပိုင်းလောက်မှာ ကစားသမားသစ် ဆန်ချို လူစားဝင်လာဖို့ ရှိပြီး သူ့ကိုတော့ ယူနိုက်တက်ဖန်အားလုံး အလေးပေးစောင့်ကြည့်နေကြမှာ မလွဲပါဘူး။

ဒီပွဲက ယူနိုက်တက် အနိုင်ရဖို့များတဲ့ပွဲဖြစ်ပြီး မထင်မှတ်တာတွေ ဖြစ်သွားနိုင်ခြေ ရှိပါတယ်။ သို့ပေမယ့် ဗာရန်း၊ ဆန်ချိုတို့နဲ့ ယူနိုက်တက်ဟာ ချန်ပီယံဆုကို မှန်းနိုင်တဲ့အသင်းဖြစ်ပြီး တကယ်ဖြစ်လာဖို့အတွက်ကတော့ ဒီလိုပွဲတွေမှာ သက်သေပြဖို့လည်း လိုပါတယ်။ ယူနိုက်တက်ပဲ နိုင်ပွဲ စယူလိမ့်မယ် ထင်ပါတယ်။

Zawgyi Version

လူအင္အား ျဖည့္တင္းမႈေတြ မွန္မွန္ေလး ျပဳလုပ္ထားတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ေတာ့ ရာသီအဖြင့္မွာပဲ ပြဲက်ပ္တစ္ပြဲနဲ႕ ဆုံေတြ႕ရျခင္း ျဖစ္ပါတယ္။ မႏွစ္က ယူနိုက္တက္ အေနနဲ႕ လိဒ္ကို ဂိုးျပတ္နိုင္ခဲ့ေပမဲ့ ဘယ္ ေလာက္အထိ ကစားရခက္ခဲခဲ့ သလဲဆိုတာ အားလုံးသိပါတယ္။

ေလာေလာဆယ္မွ သက္တမ္းတိုးထားတဲ့ နည္းျပႀကီး ဘီယဲလ္ဆာဟာ လိဒ္ကို ကိုယ္ပိုင္ကစားဟန္တစ္ခု ပုံေဖာ္ေပးထားနိုင္တဲ့ နည္းျပေကာင္းတစ္ဦးျဖစ္ပါတယ္။ ယူရိုမွာ အဂၤလန္နဲ႕ ေတာက္ပခဲ့တဲ့ ဖီးလစ္၊ရာဖင္ဟာ၊ တိုက္စစ္က ဘန္ဖို႔ဒ္တို႔ဟာ အဆင့္ တစ္ခုမွာ ရွိေနပါတယ္။

လိဒ္ရဲ႕တိုက္စစ္ကစားပုံ၊ အေၾကာက္အလန႔္ကင္းကင္းကစားပုံေတြက ယူနိုက္တက္ကို အမွားက်ဴးလြန္ခြင့္ ေပးမွာမဟုတ္ဘူး။ သို႔ေပမယ့္ ယူနိုက္တက္ကလည္း လိဒ္စ္လို တိုက္စစ္အားျပဳကစားတဲ့ အသင္းေတြကို ေကာင္းေကာင္း ဒုကၡေပးနိုင္တဲ့ ကစားဟန္မ်ိဳး ျဖစ္ပါတယ္။

ယူနိုက္တက္ အတြက္ အေရးႀကီးတာက ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ပုံမွန္ေျခစြမ္းကို ျပန္ျမင္ရဖို႔ ျဖစ္ပါတယ္ ။ ပုံစံေကာင္းရေနတဲ့ ခံစစ္က မက္ဂြိုင္းယား ၊ ေရွာ တို႔အျပင္ ကြင္းလယ္မွာ မာတစ္ ပါဝင္ကစားဖို႔ ရွိၿပီး တိုက္စစ္ရဲ႕ အဆုံးသတ္ပိုင္းက ဒီပြဲအေပၚ သက္ေရာက္မႈ မ်ားနိုင္ပါတယ္။

႐ုန္းကန္ေနဆဲ မာရွယ္ဟာ သက္ေသျပဖို႔ အၿမဲႀကိဳးစားေနသူ ျဖစ္သလို ပိုမိုရင့္က်က္လာတဲ့ ဂရင္းဝုဒ္ေၾကာင့္ေတာ့ အမ်ားႀကီး စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဒုတိယပိုင္းေလာက္မွာ ကစားသမားသစ္ ဆန္ခ်ိဳ လူစားဝင္လာဖို႔ ရွိၿပီး သူ႕ကိုေတာ့ ယူနိုက္တက္ဖန္အားလုံး အေလးေပးေစာင့္ၾကည့္ေနၾကမွာ မလြဲပါဘူး။

ဒီပြဲက ယူနိုက္တက္ အနိုင္ရဖို႔မ်ားတဲ့ပြဲျဖစ္ၿပီး မထင္မွတ္တာေတြ ျဖစ္သြားနိုင္ေျခ ရွိပါတယ္။ သို႔ေပမယ့္ ဗာရန္း၊ ဆန္ခ်ိဳတို႔နဲ႕ ယူနိုက္တက္ဟာ ခ်န္ပီယံဆုကို မွန္းနိုင္တဲ့အသင္းျဖစ္ၿပီး တကယ္ျဖစ္လာဖို႔အတြက္ကေတာ့ ဒီလိုပြဲေတြမွာ သက္ေသျပဖို႔လည္း လိုပါတယ္။ ယူနိုက္တက္ပဲ နိုင္ပြဲ စယူလိမ့္မယ္ ထင္ပါတယ္။