Unicode Version
မန်ယူကွင်းလယ်လူပေါ့ဘာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပွဲစဉ်တစ်ပွဲအတွင်း ဂိုးဖန်တီးမှု (၄)ကြိမ်ပြုလုပ်နိုင်သည့် (၇)ဦးမြောက်ကစားသမားဖြစ်ခဲ့ပြီး၊ မန်ယူကစားသမားများထဲတွင် ပထမဆုံးစွမ်းဆောင်နိုင်သူဖြစ်ခဲ့သည်။
ပေါ့ဘာသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၂၆)ပွဲကစားရာတွင် (၃)ဂိုးသာဖန်တီးပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ပွဲစဉ် (၁)အပြီး၌ (၄)ဂိုးဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယခုပွဲစဉ်တွင် မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်မှာ ဟက်ထရစ်သွင်းယူခဲ့သလို၊ ပေါ့ဘာမှာလည်း ဂိုးဖန်တီးမှု (၃)ကြိမ်နှင့်အထက်ရှိခဲ့ရာ
ယင်းကဲ့သို့စွမ်းဆောင်မှုမျိုးကို ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် မန်ယူကစားသမားများမှ (၃)ကြိမ်မြောက်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ခဲ့သည်။
ယခင် (၂)ကြိမ်မှာ ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်းက ယှဉ်ပြိုင်ခဲ့သော ဘန်လေအသင်းနှင့်ပွဲတွင် အန်ဒီကိုးလ်က (၃)ဂိုးသွင်းယူကာ၊ ဆိုးလ်ရှားက (၃)ဂိုးဖန်တီးပေးခြင်းဖြစ်ပြီး၊
၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက ယှဉ်ပြိုင်ခဲ့သော အာဆင်နယ်နှင့်ပွဲတွင် ရွန်နီက (၃)ဂိုးသွင်းယူကာ၊ အက်ရ်ှလေယန်းက (၃) ဂိုးဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ် သည်။
ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်း၏ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ်(၁)၌ ဟက်ထရစ်သွင်းယူသည့်
ပထမဆုံးကစားသမားဖြစ်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင်မူ အဖွင့်ပွဲစဉ်၌သွင်းယူသည့် (၁၀)ကြိမ်မြောက် ဟက်ထရစ်ဖြစ်သည်။