Spots news

‌၂၄ နာရီအတွင်း ဂျာစီအများဆုံး ရောင်းချနိုင်ခဲ့တဲ့ နာမည်ကျော် ဘောလုံးသမားများ

Unicode Version

နာမည်ကျော် ဘောလုံးသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေး၊ မက်လောက်စရာ လစာငွေတွေပေးပြီး ခေါ်ယူနေကြတာက အသင်းအောင်မြင်မှု တစ်ခုတည်း အတွက်သာမက ကစားသမားရဲ့ထင်ရှားတဲ့ ပုံရိပ်ကြောင့် စီးပွားရေးစျေးကွက်ထဲမှာ ဝင်ငွေမြင့်တက်လာစေဖို့ လဲပါဝင်ပါတယ်။

အခုလည်း PSG အသင်းဟာ အာဂျင်တီးနားနာမည်ကျော် ကစားသမားမက်ဆီကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး မက်ဆီဟာ ဆုကြေးအပါအဝင် အခွန်နှုတ်ပြီး လစာငွေအဖြစ် ၁ နှစ်ကို ပေါင်၂၅ သန်းအထိ ရရှိမှာဖြစ်သလို လက်မှတ်ထိုးကြေး အတွက် ပေါင် ၂၅ သန်းရရှိမှာ ဖြစ်ပါတယ်။

မက်ဆီအတွက် PSG ကုန်ကျခဲ့တဲ့ ငွေပမာဏက များလွန်းတယ်လို့ ထင်စရာရှိပေမယ့် မက်ဆီကိုခေါ်ယူပြီး နာရီပိုင်းအတွင်းမှာပဲ ဂျာစီရောင်းချရတာကေနေ ပေါင်သန်းနဲ့ချီ ရနေပြီ ဖြစ်တာကြောင့် မက်ဆီအတွက် သုံးရတဲ့စရိတ်နဲ့ သူ့ကြောင့်ပြန်ရတဲ့ဝ င်ငွေက အရမ်းကြီး မကွာဘူးလို့သတ်မှတ် ရမှာပါ။

မက်ဆီရဲ့ ကျောနံပါက် ၃၀ နဲ့ နာမည်ပါတဲ့ဂျာစီတွေဟာ ၂၄ နာရီအတွင်း အထည်ပေါင်း ၈၃၂,၀၀၀ အထိ ရောင်းချခဲ့ရပြီး ဒါဟာ နာမည်ကျော် ဘောလုံးသမားတွေထဲမှာ နာရီပိုင်းအတွင်း ဂျာစီ ရောင်းချရမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီရဲ့အဓိကပြိုင်ဘက် စီရော်နယ်ဒိုကို ဂျူဗင်တပ်အသင်း ခေါ်ယူခဲ့တုန်းက ၂၄ နာရီအတွင်း ဂျာစီရောင်းချရမှုက ၅၂၀,၀၀၀ အထိရှိခဲ့ပေမယ့် အခုအချိန်မှာတော့ မက်ဆီက စီရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက် နိုင်ခဲ့တာပါ။

၂၄ နာရီအတွင်း ဂျာစီရောင်းချရမှု အများဆုံး တတိယ ကစားသမားကတော့ မက်ဆီနဲ့တစ်သင်းတည်းအတူ ပြန်လက်တွဲခွင့်ရမယ့် PSG အသင်းရဲ့ နာမည်ကျော် ကစားသမား နေမာဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက PSG အသင်းဟာ နေမာကို ခေါ်ယူခဲ့ချိန်မှာ နာရီပိုင်းအတွင်းမှာပဲ ဂျာစီအထည်ပေါင်း ၁၀,၀၀၀ ရောင်းချခဲ့ရပါတယ်။

PSG အသင်းဟာ မက်ဆီအတွက် မြင့်မားတဲ့လစောငွပေးရမယ်ဆိုပေမယ့် မက်ဆီဟာ တစ်ပွဲမှမကစားရ သေးခင်မှာပဲ စီးပွားရေးအရအကျိုးအမြတ်ရအောင် ကူညီပေးနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ PSG ပစ်မှတ်ထားနေတဲ့ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်အောင်လို့ ဆက်ပြီးကူညီပေးရမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

နာမည်ကျော် ဘောလုံးသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေး၊ မက်လောက်စရာ လစာငွေတွေပေးပြီး ခေါ်ယူနေကြတာက အသင်းအောင်မြင်မှု တစ်ခုတည်း အတွက်သာမက ကစားသမားရဲ့ထင်ရှားတဲ့ ပုံရိပ်ကြောင့် စီးပွားရေးဈေးကွက်ထဲမှာ ဝင်ငွေမြင့်တက်လာစေဖို့ လဲပါဝင်ပါတယ်။





