Spots news
ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ ခြေစွမ်းပြပြီး မန်ချက်စတာမှာ သရဲနီသောင်းကျန်းတဲ့ည
Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လိဒ်ယူနိုက်တက်တို့ပွဲမှာတော့ အိမ်ရှင်မန်ချက်စတာ ယူနိုက် တက်အသင်းက ၅-၁ ဂိုးဆိုတဲ့ ရလာဒ်နဲ့အနိုင်ယူပြီး ရာသီအဖွင့်ကို ဂိုးပြတ်နိုင်ပွဲနဲ့စတင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်က သူ့ရဲ့ ယူနိုက်တက်ကစား သမားဘဝ ပထမဦးဆုံး ဟက်ထရစ်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အပြောင်းအရွှေ့ သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူပေါ့ဘာဟာ မန်ယူနိုက်တက်ရဲ့ သွင်းဂိုး ၄ဂိုးကို ဖန်တီးပေး သွားနိုင်ခဲ့ပါတယ်။
အဖွင့်ပွဲဖြစ်တာနဲ့အညီ နှစ်သင်းလုံးဟာ လူစုံပါဝင်ကစားခဲ့ကြပြီးတော့ မန်ယူနိုက်တက်အသင်းက ပွဲစတာနဲ့ လိဒ် ဘက်ကိုဖိအားပေး ကစားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၃၀ မှာ ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ဒုတိယပိုင်းပြန်အစ ၄၈ မိနစ်မှာ နောက်ခံလူ Luke Ayling ကသွင်းယူပေးခဲ့တဲ့အ တွက် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အဲ့ဒီနောက်
ပွဲချိန်၅၂မိနစ်မှာ ဂရင်းဝုဒ်က မန်ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ ပြီး ဆက်တိုက်ဆိုသလို ပွဲချိန် ၅၄မိနစ်နဲ့ ပွဲချိန်မိနစ် ၆၀ တို့မှာ ဖာနန်ဒက်စ်က ၂ဂိုးဆက်သွင်းယူပြီး ဟက်ထရစ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် ငါးလုံးမြောက် အနိုင်ဂိုးကိုတော့ ကွင်းလယ်ကစားသမား ဖရက်ဒ်က ပေါ့ဘာရဲ့ဖန်တီးပေးမှု ကနေတဆင့်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၄မိနစ်မှာတော့ အသစ်ခေါ်ယူထား တဲ့တိုက်စစ်ကစားသမား ဆန်ချိုက
ပထမဆုံးပွဲဦးထွက်အနေနဲ့ပါဝင်ကစားခဲ့ပါတယ်။ ၅ဂိုးသွင်းယူ ထားအပြီးမှာတော့ အသာစီးနဲ့ ပေါ့ပေါ့ပါးပါး ဆက်ကစားသွားခဲ့ပါတယ်။ ရာသီအစဂိုးပြတ်နိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ယာယီ ရပ်တည်ခွင့်ရရှိသွားပါတယ်။
Zawgyi Version