Spots news

ရိုးမားကိုပြောင်းရွေ့ဖို့ သဘောတူညီမှုရသွားတဲ့ အေဘရာဟမ်နဲ့ သတင်းတိုများ

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ဟာ သူ့ကို အလိုရှိနေတဲ့ စီးရီးအေကလပ် ရိုးမားအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။ အသင်းကို လူကာကူကို ပြန်လည်ရောက်ရှိလာပြီးနောက်

ပုံမှန်ကစားခွင့်အတွက် မသေချာတော့တဲ့ အေဘရာဟမ်ဟာ မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆေးစစ်မှုတွေကို လုပ်ဆောက်သွားတော့မယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် တပွဲထဲနဲ့ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ၇ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီ တခုလုံးမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ဂိုးဖန်တီးမှု ၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ပွဲစဉ်(၁)မှာတင် ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ၂၀၂၆ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားသွားဖို့ ရှိပါတယ်။

စထရာဘော့ဂ်နဲ့ မကစားမီမှာ ပီအက်စ်ဂျီအသင်းဟာ မက်ဆီအပါအဝင် ယခုအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို ကွင်းထဲမှာ ပရိသတ်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။

သမိုင်းတလျောက် ဒိတ်ဒိတ်ကြဲ အပြောင်းအရွှေ့တွေထဲက တစ်ခုလို့ သတ်မှတ်ရနိုင်ကာ မက်ဆီ ၊ ရာမို့စ် ၊ ဝင်ဂျ်နယ်ဒမ် ၊ ဒွန်နာရမ်မာ၊ ဟာကီမီတို့ ၅ဦးအတွက် အပြောင်းအရွှေ့ စရိတ်က ယူရိုသန်း၆၀ခန့်သာ ပီအက်စ်ဂျီ သုံးခဲ့ရပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ကစားသမား တမ္မီေအဘရာဟမ္ဟာ သူ႕ကို အလိုရွိေနတဲ့ စီးရီးေအကလပ္ ရိုးမားအသင္းဆီကို ေျပာင္းေ႐ႊ႕ကစားဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရွိရပါတယ္။ အသင္းကို လူကာကူကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္

ပုံမွန္ကစားခြင့္အတြက္ မေသခ်ာေတာ့တဲ့ ေအဘရာဟမ္ဟာ ေမာ္ရင္ဟိုရဲ႕ ရိုးမားအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း(၄၀)နဲ႕ ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာပဲ ေဆးစစ္မႈေတြကို လုပ္ေဆာက္သြားေတာ့မယ္လို႔ သိရွိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကြင္းလယ္လူ ေပါ့ဘာဟာ လိဒ္ယူနိုက္တက္အသင္းနဲ႕ ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၄ႀကိမ္ အထိ ျပဳလုပ္နိုင္ခဲ့တာေၾကာင့္ အဂၤလန္ ပရီးမီးယားလိဂ္ရဲ႕ သမိုင္းတေလွ်ာက္ တပြဲထဲနဲ႕ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္နိုင္ခဲ့တဲ့ ၇ဦးေျမာက္ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ တခုလုံးမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း အတြက္ ဂိုးဖန္တီးမႈ ၃ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ယခုႏွစ္မွာေတာ့ ပြဲစဥ္(၁)မွာတင္ ဂိုးဖန္တီးမႈ ၄ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ေခၚယူထားတဲ့ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းကို ေခၚယူနိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းကို ၂၀၂၆ ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့တာလည္း ျဖစ္ပါတယ္။ ဗာရန္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ေက်ာနံပါတ္ ၁၉ကို ဝတ္ဆင္ ကစားသြားဖို႔ ရွိပါတယ္။

စထရာေဘာ့ဂ္နဲ႕ မကစားမီမွာ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီအပါအဝင္ ယခုအေျပာင္းအေ႐ႊ႕မွာ ေခၚယူထားတဲ့ ကစားသမားသစ္ေတြကို ကြင္းထဲမွာ ပရိသတ္ေတြနဲ႕ မိတ္ဆက္ ေပးခဲ့ပါတယ္။

သမိုင္းတေလ်ာက္ ဒိတ္ဒိတ္ႀကဲ အေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုလို႔ သတ္မွတ္ရနိုင္ကာ မက္ဆီ ၊ ရာမို႔စ္ ၊ ဝင္ဂ်္နယ္ဒမ္ ၊ ဒြန္နာရမ္မာ၊ ဟာကီမီတို႔ ၅ဦးအတြက္ အေျပာင္းအေ႐ႊ႕ စရိတ္က ယူရိုသန္း၆၀ခန႔္သာ ပီအက္စ္ဂ်ီ သုံးခဲ့ရပါတယ္။