Spots news

နောင်တမရချင်ရင် ပီအက်စ်ဂျီမှာ လာကစားဖို့ ရော်နယ်ဒိုကို ဒီမာရီယာ သတိပေး

Unicode Version

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကို အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့အနေနဲ့ မလာဖြစ်ပါက ဘဝအတွက် နောက်တအကြီးအကျယ် ရမည်ဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ရော်နယ်ဒိုကို ကစားဖော်ဟောင်း ဒီမာရီယာက သတိပေးစကား ဆိုလိုက်ပါတယ်။

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီအစ အပြောင်းအရွှေ့ ရာသီမှာ ထိပ်သီးနာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ရာမို့စ်၊ဒိုနာရူမန်၊ဟာကီမီတို့ အပြင် ရော်နယ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီ တို့ကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

အသစ်ခေါ်ယူထားတဲ့ ထိပ်သီးကစားသမား တွေနဲ့ အသင်းမှာ ရှိနှင့်နေတဲ့ နေမာ၊ဘတ်ပေ၊ စတဲ့ ကစားသမားတွေပေါင်းစပ် လိုက်တဲ့ အခါ ပီအက်စ်ဂျီအသင်းဟာ ပြိုင်စံရှား အသင်းကောင်းတစ်သင်း ဖြစ်လာပြီလို့လည်း ဒီမာရီယာက ဆိုပါတယ်။

“ပီအက်စ်ဂျီကို မလာရင်တော့ ရော်နယ်ဒိုအနေနဲ့ နောင်တ အကြီးအကျယ်ရပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက် သလိုပါပဲ၊အရည်အချင်းကို ကြည့်မလား၊ အရေအတွက် ကိုကြည့်မလား၊လုံလုံလောက်လောက် ဖြစ်နေတဲ့ ကျွန်တော်တို့အသင်းမှာ တစ်မူထူးခြားနေပါပြီ။” လို့ ဒီမာရီယာက ဆိုလာပါတယ်။

 

ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့ ရော်နယ်ဒိုကိုလည်း ခေါ် ယူနိုင်ရေး စိတ်ဝင်စားနေပြီး မက်ဆီ – ရော်နယ်ဒို အတွဲအဖက်ကို ၂၀၂၂ မှာ ဖန်တီးပြီး ဘောလုံးပရိတ်သတ်တွေကို ဆွဲဆောင်ဖို့ ပြင်ဆင်နေပါတယ်။

Zawgyi Version

လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ပီအက္စ္ဂ်ီအသင္းကို အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုနဲ႕အေနနဲ႕ မလာျဖစ္ပါက ဘဝအတြက္ ေနာက္တအႀကီးအက်ယ္ ရမည္ျဖစ္ၿပီး ကိုယ့္ကိုယ္ကို သတ္လိုက္သလို ျဖစ္သြားလိမ့္မယ္လို႔ ေရာ္နယ္ဒိုကို ကစားေဖာ္ေဟာင္း ဒီမာရီယာက သတိေပးစကား ဆိုလိုက္ပါတယ္။

ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီအစ အေျပာင္းအေ႐ႊ႕ ရာသီမွာ ထိပ္သီးနာမည္ေက်ာ္ ကစားသမားေတြ ျဖစ္တဲ့ ရာမို႔စ္၊ဒိုနာ႐ူမန္၊ဟာကီမီတို႔ အျပင္ ေရာ္နယ္ဒိုရဲ႕ ၿပိဳင္ဘက္ မက္ဆီ တို႔ကိုပါ ေခၚယူထားနိုင္ခဲ့ပါတယ္။

အသစ္ေခၚယူထားတဲ့ ထိပ္သီးကစားသမား ေတြနဲ႕ အသင္းမွာ ရွိႏွင့္ေနတဲ့ ေနမာ၊ဘတ္ေပ၊ စတဲ့ ကစားသမားေတြေပါင္းစပ္ လိုက္တဲ့ အခါ ပီအက္စ္ဂ်ီအသင္းဟာ ၿပိဳင္စံရွား အသင္းေကာင္းတစ္သင္း ျဖစ္လာၿပီလို႔လည္း ဒီမာရီယာက ဆိုပါတယ္။

“ပီအက္စ္ဂ်ီကို မလာရင္ေတာ့ ေရာ္နယ္ဒိုအေနနဲ႕ ေနာင္တ အႀကီးအက်ယ္ရၿပီး ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံလိုက္ သလိုပါပဲ၊အရည္အခ်င္းကို ၾကည့္မလား၊ အေရအတြက္ ကိုၾကည့္မလား၊လုံလုံေလာက္ေလာက္ ျဖစ္ေနတဲ့ ကြၽန္ေတာ္တို႔အသင္းမွာ တစ္မူထူးျခားေနပါၿပီ။” လို႔ ဒီမာရီယာက ဆိုလာပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႕ စာခ်ဳပ္တစ္ႏွစ္သက္တမ္းသာ က်န္ရွိေနေတာ့တဲ့ ေရာ္နယ္ဒိုကိုလည္း ေခၚ ယူနိုင္ေရး စိတ္ဝင္စားေနၿပီး မက္ဆီ – ေရာ္နယ္ဒို အတြဲအဖက္ကို ၂၀၂၂ မွာ ဖန္တီးၿပီး ေဘာလုံးပရိတ္သတ္ေတြကို ဆြဲေဆာင္ဖို႔ ျပင္ဆင္ေနပါတယ္။