Spots news

ဘရန့်ဖိုဒ့်ကို ရှုံးနိမ့်ပြီး ကံဆိုးမသွားရာ မိုးလိုက်ရွာနေပြန်တဲ့ အာဆင်နယ်အသင်း

Unicode Version

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် အသင်း နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ နောက်ခံလူ ပါဘလို မာရီ ကို ပွဲထွက် အသုံးပြု ခဲ့တာကြောင့် မာရီ ရဲ့ အသင်းဟောင်း ဖလာမင်ဂို အသင်းကို ယူရို ၁ သန်း ပေးချေ ရတော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အသင်း နောက်ခံလူတွေ ဖြစ်ကြတဲ့ မာရီ နဲ့ ဘန်ဝှိုက် တို့ဟာ ပြိုင်ဘက် တိုက်စစ်မှူး နှစ်ဦးကို ထိန်းချုပ်ဖို့ ခက်ခဲ ရုန်းကန် ခဲ့ရပါတယ် ။

ပွဲမတိုင်ခင် အသစ် ခေါ်ထားတဲ့ ဘန်ဝှိုက် ကို ဟိုးလ်ဒင်း ၊ ပါဘလိုမာရီ တို့ နှစ်ဦးထဲက ဘယ်သူနဲ့ တွဲဖက် ပေးသင့်သလဲ ဆိုတာ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အာတီတာ ကတော့ ဘန်ဝှိုက် နဲ့ မာရီ ကို တွဲဖက် ပေးခဲ့ပါတယ် ။

စပိန် ကစားသမား ပွဲထွက်လာမှုဟာ အာဆင်နယ် အသင်းကို ယူရို ၁ သန်း ( ပေါင် ၈ သောင်းခွဲ ) ကုန်ကျ စေခဲ့ပါတယ် ။ အကြောင်းရင်းကတော့ ဖလာမင်ဂို အသင်းဟာ

မာရီ ကို အာဆင်နယ် အသင်းထံ ရောင်းချရာမှာ ပွဲထွက် ကစားခွင့် ရတဲ့ အပေါ် မူတည်ပြီး ငွေထပ်ပေးဖို့ ထည့်သွင်း ချုပ်ဆို ခဲ့တာကြောင့်ပါ ။

မာရီ ဟာ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အတွက် ပွဲ ၂၀ ပြည့်မြောက် ခဲ့တာကြောင့် ဖလာမင်ဂို အသင်းဟာ ယူရို ၁ သန်း ရရှိတော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း အနေနဲ့ ယူရို ၁ သန်းကို ဖလာမင်ဂို အသင်းထံ တစ်ပတ် အတွင်း ချက်ချင်း ပေးချေ ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။

Zawgyi Version

အာဆင္နယ္ အသင္းဟာ ဘရန႔္ဖိုဒ့္ အသင္း နဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ ေနာက္ခံလူ ပါဘလို မာရီ ကို ပြဲထြက္ အသုံးျပဳ ခဲ့တာေၾကာင့္ မာရီ ရဲ႕ အသင္းေဟာင္း ဖလာမင္ဂို အသင္းကို ယူရို ၁ သန္း ေပးေခ် ရေတာ့မွာ ျဖစ္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ တန္းတက္ ဘရန႔္ဖိုဒ့္ အသင္းကို ႏွစ္ဂိုး ဂိုးမရွိ နဲ႕ ရႈံးနိမ့္ ခဲ့ပါတယ္ ။ ဘရန႔္ဖိုဒ့္ နဲ႕ ပြဲမွာ အာဆင္နယ္ အသင္း ေနာက္ခံလူေတြ ျဖစ္ၾကတဲ့ မာရီ နဲ႕ ဘန္ဝွိုက္ တို႔ဟာ ၿပိဳင္ဘက္ တိုက္စစ္မႉး ႏွစ္ဦးကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲ ႐ုန္းကန္ ခဲ့ရပါတယ္ ။

ပြဲမတိုင္ခင္ အသစ္ ေခၚထားတဲ့ ဘန္ဝွိုက္ ကို ဟိုးလ္ဒင္း ၊ ပါဘလိုမာရီ တို႔ ႏွစ္ဦးထဲက ဘယ္သူနဲ႕ တြဲဖက္ ေပးသင့္သလဲ ဆိုတာ ေဆြးေႏြးမႈေတြ ရွိခဲ့ၿပီး အာတီတာ ကေတာ့ ဘန္ဝွိုက္ နဲ႕ မာရီ ကို တြဲဖက္ ေပးခဲ့ပါတယ္ ။

စပိန္ ကစားသမား ပြဲထြက္လာမႈဟာ အာဆင္နယ္ အသင္းကို ယူရို ၁ သန္း ( ေပါင္ ၈ ေသာင္းခြဲ ) ကုန္က် ေစခဲ့ပါတယ္ ။ အေၾကာင္းရင္းကေတာ့ ဖလာမင္ဂို အသင္းဟာ မာရီ ကို အာဆင္နယ္ အသင္းထံ ေရာင္းခ်ရာမွာ ပြဲထြက္ ကစားခြင့္ ရတဲ့ အေပၚ မူတည္ၿပီး ေငြထပ္ေပးဖို႔ ထည့္သြင္း ခ်ဳပ္ဆို ခဲ့တာေၾကာင့္ပါ ။

မာရီ ဟာ ဘရန႔္ဖိုဒ့္ နဲ႕ ပြဲမွာ အာဆင္နယ္ အတြက္ ပြဲ ၂၀ ျပည့္ေျမာက္ ခဲ့တာေၾကာင့္ ဖလာမင္ဂို အသင္းဟာ ယူရို ၁ သန္း ရရွိေတာ့မွာ ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္း အေနနဲ႕ ယူရို ၁ သန္းကို ဖလာမင္ဂို အသင္းထံ တစ္ပတ္ အတြင္း ခ်က္ခ်င္း ေပးေခ် ရမွာ ျဖစ္တယ္လို႔ သိရပါတယ္ ။