Spots news

ဆာအဲလက်စ်ရဲ့ အမိန့်များဖြစ်နေမလား

Unicode Version

ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း ဒါရင်း ဖလက်ချာ ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ အဖွဲ့ဝင်တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အသင်းရဲ့ နည်းပြနေရာမှာ အသင်းရဲ့ ရွှေခတ်ကစားသမားတွေဖြစ်တဲ့ ဆိုးလ်ရှား ၊ ကာရစ် ၊ ဖလက်ချာတို့နဲ့ အတူ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ရွှေသမိုင်းသစ်ပြန်လည်ရေးထိုးဖို့ ကစားသမားဟောင်းတွေရဲ့ အကူအညီနဲ့ ကြံရွယ်လာခဲ့ပါတယ်။

နည်းပြဆိုလ်းရှားကိုယ်တိုင် ‌ဆာအဲလက်စ်ဖာဂူဆန်က အသင်းအတွက် အကြံပေးနေဆဲပါလို့ ဝန်ခံထားပြီး အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေကို ဆာအဲလက်စ် ရဲ့ တပည့်ရင်းတွေနဲ့ တည်ဆောက်စေသလား မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ဖလက်ချာဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား စစ်စစ်တစ်ယောက်ဖြစ်ပြီး ယူနိုက်တက်နဲ့ အနှစ်နှစ်ဆယ်ကြာ ဖြတ်သန်းသွားခဲ့သူလဲ ဖြစ်ပါတယ်။ ပွဲထွက်ကစားပွဲ 340 ထိရှိခဲ့သူပါ။ ယူနိုက်တက် ယူ 16 အသင်း နည်းပြအဖြစ် အောက်တိုဘာလမှာ စတင်တာဝန်ယူခဲ့ပြီး လက်ရှိမှာ အသင်းကြီး နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရတာပါ။

ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ၊ ပရီးမီးယားလိဂ် ဖလား ငါးကြိမ် ၊ Fa cup တစ်ကြိမ် ၊ လိဂ်ဖလား နှစ်ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား တစ်ကြိမ်တို့ကို ယူနိုက်တက်နဲ့ အတူ ရရှိခဲ့ပါတယ်။

နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက “သူ့ ရဲ့ကိုယ်ထဲမှာယူနိုက်တက် DNA အပြည့်စီးဆင်းနေပြီးသားပါ၊ယူနိုက်တက်ကစားသမားဖြစ်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာအသေအချာသိတဲ့သူတစ်ယောက်ပါ။

သူကအခုနည်းပြဘဝအစကိုဖြတ်သန်းနေတာပါ။သူ့ရဲ့ကွင်းတွင်းကွင်းပြင်အတွေ့အကြုံတွေ၊စိတ်အားထက်သန်မှုတွေ၊နိုင်လိုစိတ်ပြင်းပြမှုတွေက အသင်းနည်းပြအဖွဲ့အတွက်အပေါင်းလက္ခဏာတွေဖြစ်လာမှာပါ။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်က ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေ ပြန်လည် အသက်သွင်းဖို့ ကစားသမားဟောင်းတွေ နဲ့ ပြန်လည်မွန်းမံ ပြီး အသင်းကိုပြန်တည်ဆောက်ဖို့ ကြိုးစားနေသလားဆိုတာ နဲ့ နောက်ကွယ်မှာ ဘယ်သူ့ရဲ့ အကြံပေးမှုတွေရှိနေလဲ ဆိုတာတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရလဒ်တွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ အသင္းရဲ႕ ကစားသမားေဟာင္း ဒါရင္း ဖလက္ခ်ာ ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ႕ နည္းျပ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ အသင္းရဲ႕ နည္းျပေနရာမွာ အသင္းရဲ႕ ေ႐ႊခတ္ကစားသမားေတြျဖစ္တဲ့ ဆိုးလ္ရွား ၊ ကာရစ္ ၊ ဖလက္ခ်ာတို႔နဲ႕ အတူ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ ေ႐ႊသမိုင္းသစ္ျပန္လည္ေရးထိုးဖို႔ ကစားသမားေဟာင္းေတြရဲ႕ အကူအညီနဲ႕ ႀကံ႐ြယ္လာခဲ့ပါတယ္။

နည္းျပဆိုလ္းရွားကိုယ္တိုင္ ‌ဆာအဲလက္စ္ဖာဂူဆန္က အသင္းအတြက္ အႀကံေပးေနဆဲပါလို႔ ဝန္ခံထားၿပီး အသင္းရဲ႕ နည္းျပ အဖြဲ႕ဝင္ေတြကို ဆာအဲလက္စ္ ရဲ႕ တပည့္ရင္းေတြနဲ႕ တည္ေဆာက္ေစသလား ေမးခြန္းထုတ္စရာျဖစ္ပါတယ္။

ဖလက္ခ်ာဟာ ယူနိုက္တက္ အကယ္ဒမီထြက္ ကစားသမား စစ္စစ္တစ္ေယာက္ျဖစ္ၿပီး ယူနိုက္တက္နဲ႕ အႏွစ္ႏွစ္ဆယ္ၾကာ ျဖတ္သန္းသြားခဲ့သူလဲ ျဖစ္ပါတယ္။ ပြဲထြက္ကစားပြဲ 340 ထိရွိခဲ့သူပါ။ ယူနိုက္တက္ ယူ 16 အသင္း နည္းျပအျဖစ္ ေအာက္တိုဘာလမွာ စတင္တာဝန္ယူခဲ့ၿပီး လက္ရွိမွာ အသင္းႀကီး နည္းျပအဖြဲ႕ဝင္အျဖစ္ တာဝန္ေပးျခင္း ခံခဲ့ရတာပါ။

ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္ ၊ ပရီးမီးယားလိဂ္ ဖလား ငါးႀကိမ္ ၊ Fa cup တစ္ႀကိမ္ ၊ လိဂ္ဖလား ႏွစ္ႀကိမ္နဲ႕ ကမာၻ႔ကလပ္ဖလား တစ္ႀကိမ္တို႔ကို ယူနိုက္တက္နဲ႕ အတူ ရရွိခဲ့ပါတယ္။

နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက “သူ႕ ရဲ႕ကိုယ္ထဲမွာယူနိုက္တက္ DNA အျပည့္စီးဆင္းေနၿပီးသားပါ၊ယူနိုက္တက္ကစားသမားျဖစ္ဖို႔ ဘာေတြလိုအပ္တယ္ဆိုတာအေသအခ်ာသိတဲ့သူတစ္ေယာက္ပါ။

သူကအခုနည္းျပဘဝအစကိုျဖတ္သန္းေနတာပါ။သူ႕ရဲ႕ကြင္းတြင္းကြင္းျပင္အေတြ႕အႀကဳံေတြ၊စိတ္အားထက္သန္မႈေတြ၊နိုင္လိုစိတ္ျပင္းျပမႈေတြက အသင္းနည္းျပအဖြဲ႕အတြက္အေပါင္းလကၡဏာေတြျဖစ္လာမွာပါ။” ဟူ၍ ေျပာၾကားသြားခဲ့ပါတယ္။

တစ္ခ်ိန္က ယူနိုက္တက္ရဲ႕ ေအာင္ျမင္မႈေတြ ျပန္လည္ အသက္သြင္းဖို႔ ကစားသမားေဟာင္းေတြ နဲ႕ ျပန္လည္မြန္းမံ ၿပီး အသင္းကိုျပန္တည္ေဆာက္ဖို႔ ႀကိဳးစားေနသလားဆိုတာ နဲ႕ ေနာက္ကြယ္မွာ ဘယ္သူ႕ရဲ႕ အႀကံေပးမႈေတြရွိေနလဲ ဆိုတာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ရဲ႕ ရလဒ္ေတြကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။