Spots news

ယူနိုက်တက်နဲ့ ချယ်လ်ဆီးပစ်မှတ် ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်း စျေးသတ်မှတ်

Unicode Version

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီး အသင်းတို့ ခေါ်ယူဖို့

ပစ်မှတ်ထားနေတဲ့ သူတို့ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးတန်ဖိုး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်း အတွက် ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း

အင်္ဂလန်အသင်း အတွက် ပါဝင်ကစားခွင့်ရခဲ့ပြီး ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ အခုနွေရာသီ အပြောင်းအရွှေ့ကာလ တစ်လျှောက်လုံး

ထွက်ပေါ်ခဲ့ပြီး အခု ဝက်စ်ဟမ်း အသင်းနည်းပြဒေးဗစ်မိုယက်စ်က ဒီကလန်ရိုက်စ်ကို ပေါင်သန်း(၁၀၀)နဲ့ အထက်ရမှ ရောင်းနိုင်မယ်လို့ အရိပ်အမြွက်ပြောခဲ့တာပါ။

ဒေးဗစ်မိုယက်စ်က “ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းက ပရီးမီးယားလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာကိုကြည့်ရင်

အသင်းကြီးတွေဟာ ကစားသမားတွေ ခေါ်ယူဖို့အတွက် ငွေကြေးအင်အားအလုံအလောက် ရှိတယ်ဆိုတာ ပြသလိုက်သလိုပါပဲ။

အသင်းကြီးတွေ အခုလိုမျိုး ငွေသုံးကြမ်းနေမယ်ဆိုရင် အနာဂတ်မှာလည်း ကစားသမားတွေရဲ့ တန်ဖိုးကလည်း ဆက်ပြီး မြင့်တက်နေဦးမှာပါ။

နောက်ဆိုရင် အရည်အသွေးမြင့် ကစားသမားတွေရဲ့တန်ဖိုးက ပေါင်သန်း(၁၀၀)နဲ့အထက်မှာရှိလာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

ဝက္စ္ဟမ္းအသင္းဟာ ပရီးမီးယားလိဂ္ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီး အသင္းတို႔ ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့

သူတို႔ကြင္းလယ္လူ ဒီကလန္ရိုက္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုး သတ္မွတ္လိုက္ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဝက္စ္ဟမ္းအသင္း အတြက္ ပြဲဦးထြက္ရာသီမွာ ေျခစြမ္းျပကစားနိုင္ခဲ့တဲ့ ဒီကလန္ရိုက္စ္ဟာ ယူရို-၂၀၂၀ ၿပိဳင္ပြဲမွာလည္း

အဂၤလန္အသင္း အတြက္ ပါဝင္ကစားခြင့္ရခဲ့ၿပီး ဗိုလ္လုပြဲအထိ ေရာက္ရွိေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ အခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ တစ္ေလွ်ာက္လုံး

ထြက္ေပၚခဲ့ၿပီး အခု ဝက္စ္ဟမ္း အသင္းနည္းျပေဒးဗစ္မိုယက္စ္က ဒီကလန္ရိုက္စ္ကို ေပါင္သန္း(၁၀၀)နဲ႕ အထက္ရမွ ေရာင္းနိုင္မယ္လို႔ အရိပ္အႁမြက္ေျပာခဲ့တာပါ။

ေဒးဗစ္မိုယက္စ္က “ဂရီးလစ္ရွ္ကို မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူခဲ့တာကိုၾကည့္ရင္

အသင္းႀကီးေတြဟာ ကစားသမားေတြ ေခၚယူဖို႔အတြက္ ေငြေၾကးအင္အားအလုံအေလာက္ ရွိတယ္ဆိုတာ ျပသလိုက္သလိုပါပဲ။

အသင္းႀကီးေတြ အခုလိုမ်ိဳး ေငြသုံးၾကမ္းေနမယ္ဆိုရင္ အနာဂတ္မွာလည္း ကစားသမားေတြရဲ႕ တန္ဖိုးကလည္း ဆက္ၿပီး ျမင့္တက္ေနဦးမွာပါ။

ေနာက္ဆိုရင္ အရည္အေသြးျမင့္ ကစားသမားေတြရဲ႕တန္ဖိုးက ေပါင္သန္း(၁၀၀)နဲ႕အထက္မွာရွိလာနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။