Spots news

မက်ဆီရဲ့လောင်းရိပ်မိမှာစိုးနေတဲ့ ဘာပေအတွက် ယူရိုသန်း ၁၅၀ နဲ့ ရီးရဲလ်ကမ်းလှမ်းမည်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင် လူငယ် တိုက်စစ်မှူး အမ်ဘာပေ အတွက် ပြောင်းရွေ့ကြေး ယူရို ၁၅၀သန်းဖြင့် ကမ်းလှမ်းမှုကို စတင် ပြုလုပ်တော့မယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုများ တိုးတက်ခြင်း မရှိသေးပဲ အိမ်မက် ကလပ်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် အမ်ဘာပေဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတာကြောင့်ထိုက်တန်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ အမ်ဘာပေကို ရောင်းချနိုင်ပါတယ်။

 

ပီအက်စ်ဂျီ အသင်း တာဝန်ရှိသူများဟာ ဘာပေကိုရောင်းချခြင်းအတွက် ရရှိမည့်ပြောင်းရွှေ့ကြေးထက် မက်ဆီ၊ နေမာ၊ ဘာပေတို့၏ ပေါင်းစပ်မှုပုံရိပ်ကြောင့် အသင်း၏အင်အားနှင့် ကျော်ကြားမှု ပိုမိုမြင့်တက်လာမည့် အခြေအနေကို ပိုမိုလိုလားနေခြင်း ဖြစ်ပါတယ်။

Marca သတင်းဌာရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ကာလရှည် ပစ်မှတ် ကြယ်ပွင့်လူငယ် အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ထားကာ အမ်ဘာပေ အတွက် ယူရို ၁၅၀သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ စီစဉ်နေပါတယ်

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို လာမယ့်ရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေတာကြောင့် အမ်ဘာပေအတွက် ယူရို ၁၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ပါက လက်ခံဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ရောင်းချပြီးပါက ဂျူဗင်တပ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုတင် စဉ်းစားထားပြီး ဂျူဗင်တပ်အသင်း ကတော့ ရော်နယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ လူငယ္ တိုက္စစ္မႉး အမ္ဘာေပ အတြက္ ေျပာင္းေ႐ြ႕ေၾကး ယူရို ၁၅၀သန္းျဖင့္ ကမ္းလွမ္းမႈကို စတင္ ျပဳလုပ္ေတာ့မယ္လို႔ စပိန္သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈမ်ား တိုးတက္ျခင္း မရွိေသးပဲ အိမ္မက္ ကလပ္အသင္း ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ က်ယ္ျပန႔္စြာ ထြက္ေပၚေနပါတယ္။

ပီအက္စ္ဂ်ီအသင္း ကေတာ့ အမ္ဘာေပကို အသင္းမွာသာ ဆက္လက္ ထိန္းသိမ္းခ်င္ေနေပမယ့္ အမ္ဘာေပဘက္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းမႈကို ျငင္းပယ္ထားတာေၾကာင့္ထိုက္တန္တဲ့ ကမ္းလွမ္းမႈ တရပ္ ေရာက္လာရင္ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ အမ္ဘာေပကို ေရာင္းခ်နိဳင္ပါတယ္။

ပီအက္စ္ဂ်ီ အသင္း တာဝန္ရွိသူမ်ားဟာ ဘာေပကိုေရာင္းခ်ျခင္းအတြက္ ရရွိမည့္ေျပာင္းေ႐ႊ႕ေၾကးထက္ မက္ဆီ၊ ေနမာ၊ ဘာေပတို႔၏ ေပါင္းစပ္မႈပုံရိပ္ေၾကာင့္ အသင္း၏အင္အားႏွင့္ ေက်ာ္ၾကားမႈ ပိုမိုျမင့္တက္လာမည့္ အေျခအေနကို ပိုမိုလိုလားေနျခင္း ျဖစ္ပါတယ္။

Marca သတင္းဌာရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ၾကယ္ပြင့္လူငယ္ အမ္ဘာေပကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ ေခၚယူဖို႔ ဆုံးျဖတ္ထားကာ အမ္ဘာေပ အတြက္ ယူရို ၁၅၀သန္းတန္ ကမ္းလွမ္းမႈကို ျပဳလုပ္ဖို႔ စီစဥ္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို လာမယ့္ရာသီမွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လႊတ္ရဖို႔ ရွိေနတာေၾကာင့္ အမ္ဘာေပအတြက္ ယူရို ၁၈၀သန္း ဝန္းက်င္နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ပါက လက္ခံဖြယ္ ရွိေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို ေရာင္းခ်ၿပီးပါက ဂ်ဴဗင္တပ္အသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေခၚယူဖို႔ ႀကိဳတင္ စဥ္းစားထားၿပီး ဂ်ဴဗင္တပ္အသင္း ကေတာ့ ေရာ္နယ္ဒို အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း ဝန္းက်င္ အလိုရွိေနပါတယ္။