Unicode Version
စပါးအသင်းဟာ ဗီလာရီးရဲ ခံစစ်မှူး ပေါတောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းဖွယ်ရှိ နေပါတယ်။ ပေါတောရက်စ်ဟာ ယူရို-၂၀၂၁ တွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့သော စပိန်အသင်းရဲ့ အဓိကခံစစ်မှူး ဖြစ်သလို မန်စီးတီးနှင့် လီဗာပူးတို့ကလည်း ၎င်းကို စိတ်ဝင်စား နေပါတယ်။
တောရက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးမှာ မူလက ပေါင် ၄၆.၈ သန်းဖြစ်သော်လည်း စပိန်အသင်းတွင် ခြေစွမ်းပြပြီးနောက် အဆိုပါတန်ဖိုးမှာ ပေါင် ၅၅.၄ သန်းသို့ တိုးမြှင့်သွားပြီး စပါးကလဲ အဆိုပါ ပြောင်းရွေ့ရွေးဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။
ပေါတောရက်စ်ဟာ ဗီလာရီးရဲရဲ့ အဓိကခံစစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားကာ လာလီဂါတွင် အဆင့် ၇ ၌ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဖလားလည်း ရရှိခဲ့ပါတယ်။ တောရက်စ်ဟာ တိုကျိုအိုလံပစ်တွင် စပိန်အသင်းနှင့်အတူ ငွေတံဆိပ်လည်း ရရှိထားပါတယ်။
စပါးဟာ ပေါတောရက်စ်ကို ပေါင် ၄၂.၅ သန်းဖြင့် ခေါ်ယူထားသော ရိုမီရိုနှင့် နောက်တန်း၌ တွဲဖက်ကစားစေရန် ရည်ရွယ် နေတာပါ။ စပါးအသင်းဟာ ပြီးခဲ့သည့်ဘောလုံးရာသီက ခံစစ်အမှားများကြောင့် ဒုက္ခရောက်ခဲ့ရပြီး ဆန်းတို့စ်က ခံစစ်ကို အဓိကပြင်ဆင်ရန် ဦးတည်နေခြင်းဖြစ်ပါတယ်။
Zawgyi Version
စပါးအသင္းဟာ ဗီလာရီးရဲ ခံစစ္မႉး ေပါေတာရက္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၅ သန္းျဖင့္ ေခၚယူရန္ ကမ္းလွမ္းဖြယ္ရွိ ေနပါတယ္။ ေပါေတာရက္စ္ဟာ ယူရို-၂၀၂၁ တြင္ ဆီမီးဖိုင္နယ္သို႔ ေရာက္ရွိခဲ့ေသာ စပိန္အသင္းရဲ႕ အဓိကခံစစ္မႉး ျဖစ္သလို မန္စီးတီးႏွင့္ လီဗာပူးတို႔ကလည္း ၎ကို စိတ္ဝင္စား ေနပါတယ္။
ေတာရက္စ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးမွာ မူလက ေပါင္ ၄၆.၈ သန္းျဖစ္ေသာ္လည္း စပိန္အသင္းတြင္ ေျခစြမ္းျပၿပီးေနာက္ အဆိုပါတန္ဖိုးမွာ ေပါင္ ၅၅.၄ သန္းသို႔ တိုးျမႇင့္သြားၿပီး စပါးကလဲ အဆိုပါ ေျပာင္းေ႐ြ႕ေ႐ြးျဖင့္ ေခၚယူလိုေနျခင္းျဖစ္ပါတယ္။
ေပါေတာရက္စ္ဟာ ဗီလာရီးရဲရဲ႕ အဓိကခံစစ္မႉးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ၄၄ ပြဲ ကစားကာ လာလီဂါတြင္ အဆင့္ ၇ ၌ ရပ္တည္နိုင္ခဲ့သလို ယူရိုပါလိဂ္ဖလားလည္း ရရွိခဲ့ပါတယ္။ ေတာရက္စ္ဟာ တိုက်ိဳအိုလံပစ္တြင္ စပိန္အသင္းႏွင့္အတူ ေငြတံဆိပ္လည္း ရရွိထားပါတယ္။
စပါးဟာ ေပါေတာရက္စ္ကို ေပါင္ ၄၂.၅ သန္းျဖင့္ ေခၚယူထားေသာ ရိုမီရိုႏွင့္ ေနာက္တန္း၌ တြဲဖက္ကစားေစရန္ ရည္႐ြယ္ ေနတာပါ။ စပါးအသင္းဟာ ၿပီးခဲ့သည့္ေဘာလုံးရာသီက ခံစစ္အမွားမ်ားေၾကာင့္ ဒုကၡေရာက္ခဲ့ရၿပီး ဆန္းတို႔စ္က ခံစစ္ကို အဓိကျပင္ဆင္ရန္ ဦးတည္ေနျခင္းျဖစ္ပါတယ္။