Unicode Version
လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းရဲ့ကွင်းလယ် လင်ဂတ်ဟာ အသင်းကို စွန့်ခွာဖို့အတွက် စိတ်ဆုံးဖြတ်ထားပြီးလို့သိရပါတယ်။လင်ဂတ်ဟာ လက်ရှိမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကြောင့် ကွာရန်တင်းဝင်နေတာပါ။
လင်ဂတ်အနေနဲ့ မူလက အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့်နေရာအတွက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပြီဖြစ်ကာ နွေရာသီ ဈေးကွက် မပိတ်ခင် ၎င်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပိုမို လမ်းဖွင့်ပေးထားလိုက်ပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ အငှားထွက် ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းထံလင်ဂတ်အနေနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားပြီး ၎င်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ ကစားဖော်တွေကို ဖွင့်ဟထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ အသက် (၂၈) အရွယ် အင်္ဂလန် ကွင်းလယ်လူအတွက် နွေရာသီဈေးကွက်အစမှာကတည်းက အပြီးသတ်ခေါ်ယူနိုင်ဖို့
ကြိုးပမ်းခဲ့ပြီး မျှော်လင့်ချက် နည်းပါးခဲ့တဲ့ အချိန်မှာတောင် စိတ်ရှည်ရှည်နဲ့စောင့်ခဲ့တာကြောင့် အခုအချိန်မှာတော့ စောင့်ရကျိုးနပ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။
လာမယ့်ရက်ပိုင်း အတွင်းမှာတော့ ဝက်စ်ဟမ်းဟာလင်ဂတ်အတွက် ယူနိုက်တက်အသင်းထံ တရားဝင် ကမ်းလှမ်းမှုပြုလုပ်မယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အကယ်ဒမီထွက်
ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်းအခုအချိန်မှာတော့ ယူနိုက်တက်နဲ့ အမှန်တကယ် လမ်းခွဲချိန် တန်ခဲ့ပြီလားဆိုတာတော့ ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Zawgyi Version
လတ္တေလာ ထြက္ေပၚလာတဲ့ သတင္းေတြအရ ယူနိုက္တက္အသင္းရဲ႕ကြင္းလယ္ လင္ဂတ္ဟာ အသင္းကို စြန႔္ခြာဖို႔အတြက္ စိတ္ဆုံးျဖတ္ထားၿပီးလို႔သိရပါတယ္။လင္ဂတ္ဟာ လက္ရွိမွာေတာ့ ကိုဗစ္ကူးစက္ခံထားရတာေၾကာင့္ ကြာရန္တင္းဝင္ေနတာပါ။
လင္ဂတ္အေနနဲ႕ မူလက အသင္းမွာပဲ ဆက္ေနၿပီး ပြဲထြက္ခြင့္ေနရာအတြက္တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားခဲ့ေပမယ့္ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္လိုက္ၿပီျဖစ္ကာ ေႏြရာသီ ေဈးကြက္ မပိတ္ခင္ ၎ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႕ ပတ္သက္ၿပီး ပိုမို လမ္းဖြင့္ေပးထားလိုက္ၿပီလို႔သိရပါတယ္။
ၿပီးခဲ့တဲ့ ရာသီမွာ အငွားထြက္ ကစားၿပီး ေျခစြမ္းျပနိုင္ခဲ့တဲ့ ဝက္စ္ဟမ္းအသင္းထံလင္ဂတ္အေနနဲ႕ အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္ထားၿပီး ၎ရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း နီးစပ္ရာ မိတ္ေဆြ သူငယ္ခ်င္းေတြ နဲ႕ ကစားေဖာ္ေတြကို ဖြင့္ဟထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။
ဝက္စ္ဟမ္းအသင္းကေတာ့ အသက္ (၂၈) အ႐ြယ္ အဂၤလန္ ကြင္းလယ္လူအတြက္ ေႏြရာသီေဈးကြက္အစမွာကတည္းက အၿပီးသတ္ေခၚယူနိုင္ဖို႔
ႀကိဳးပမ္းခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ နည္းပါးခဲ့တဲ့ အခ်ိန္မွာေတာင္ စိတ္ရွည္ရွည္နဲ႕ေစာင့္ခဲ့တာေၾကာင့္ အခုအခ်ိန္မွာေတာ့ ေစာင့္ရက်ိဳးနပ္ေတာ့မွာလားဆိုတာ စိတ္ဝင္စားစရာပါ။
လာမယ့္ရက္ပိုင္းအတြင္းမွာေတာ့ ဝက္စ္ဟမ္းဟာလင္ဂတ္အတြက္ ယူနိုက္တက္အသင္းထံ တရားဝင္ ကမ္းလွမ္းမႈျပဳလုပ္မယ္လို႔ သိရပါတယ္။ လင္ဂတ္ဟာ မန္ခ်က္စတာ ယူနိုက္တက္အကယ္ဒမီထြက္
ငယ္ေမြးၿခံေပါက္ ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္းအခုအခ်ိန္မွာေတာ့ ယူနိုက္တက္နဲ႕ အမွန္တကယ္ လမ္းခြဲခ်ိန္ တန္ခဲ့ၿပီလားဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။