Spots news

ဟက်ထရစ်သွင်းယူပြီးနောက် ဘောလုံးကို အိမ်သယ်သွားခဲ့တဲ့ ဖာနန်ဒက်စ်

Unicode Version

ယူနိုက်တက်တို့ဟာ လိဒ်ကို ( ၅-၁ ) အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့တဲ့အပေါ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပျော်ရွှင်လျက်ရှိပါတယ်။

ဘောလုံးရာသီတစ်ခုရဲ့ ပွဲစဉ် ( ၁ ) အပြီးမှာ ဘယ်သူကမျှ အမှတ်ပေးဇယားကို အရေးတယူ ပြောဆိုလေ့မရှိပေမယ့် ခရီးရှည်ကြီးတစ်ခုကို မိမိတို့နဲ့ သက်ဆိုင်ရာနေရာက စတင်ခွင့်ရမှာဖြစ်တာကြောင့် ကျေနပ်ဖို့ကောင်းလှပါတယ်။

ယူနိုက်တက်က အဆိုပါ ပွဲစဉ်မှာ နေရာအားလုံး ကောင်းမွန်ခဲ့ပြီး တစ်ခုသော အားနည်းချက် ကတော့ clean sheet ရယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် Luke Ayling ရဲ့ အဝေးကန်ချက်ကလည်း တကယ်ကို လှပလွန်းပါတယ်။

ဘရူနို ဖာနန်ဒက်စ်က အဆိုပါ ပွဲစဉ်အပြီး ဘောလုံးကို သူ့ရဲ့ ထိုင်ခုံဘေးနားမှထားပြီး အိမ်ပြန်နေတဲ့ပုံကို အင်စတာရမ်ကနေ “ မိန်းမရေ ၊ ဧည့်ခန်းအလှဆင်ဖို့ ပစ္စည်းအသစ် ယူလာပါတယ်။” လို့ ‌ရေးပြီး မျှဝေထားတာတွေ့ရပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ အမှန်တကယ်ပဲ ဘောလုံးကို အိမ်သယ်သွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ သူ ပထမဆုံး ပရီးမီးယားလိဂ် ဟက်ထရစ်သွင်းယူခဲ့တဲ့ ဘောလုံးကို အမြတ်တနိုး သိမ်းထားဖို့ ရှိနေပါတယ်။

Zawgyi Version

ယူနိုက္တက္တို႔ဟာ လိဒ္ကို ( ၅-၁ ) အနိုင္ယူခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ဟက္ထရစ္သြင္းဂိုး ရယူနိုင္ခဲ့တဲ့အေပၚ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္အေနနဲ႕ ေပ်ာ္႐ႊင္လ်က္ရွိပါတယ္။

ေဘာလုံးရာသီတစ္ခုရဲ႕ ပြဲစဥ္ ( ၁ ) အၿပီးမွာ ဘယ္သူကမွ် အမွတ္ေပးဇယားကို အေရးတယူ ေျပာဆိုေလ့မရွိေပမယ့္ ခရီးရွည္ႀကီးတစ္ခုကို မိမိတို႔နဲ႕ သက္ဆိုင္ရာေနရာက စတင္ခြင့္ရမွာျဖစ္တာေၾကာင့္ ေက်နပ္ဖို႔ေကာင္းလွပါတယ္။

ယူနိုက္တက္က အဆိုပါ ပြဲစဥ္မွာ ေနရာအားလုံး ေကာင္းမြန္ခဲ့ၿပီး တစ္ခုေသာ အားနည္းခ်က္ ကေတာ့ clean sheet ရယူနိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ Luke Ayling ရဲ႕ အေဝးကန္ခ်က္ကလည္း တကယ္ကို လွပလြန္းပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္က အဆိုပါ ပြဲစဥ္အၿပီး ေဘာလုံးကို သူ႕ရဲ႕ ထိုင္ခုံေဘးနားမွထားၿပီး အိမ္ျပန္ေနတဲ့ပုံကို အင္စတာရမ္ကေန “ မိန္းမေရ ၊ ဧည့္ခန္းအလွဆင္ဖို႔ ပစၥည္းအသစ္ ယူလာပါတယ္။” လို႔ ‌ေရးၿပီး မွ်ေဝထားတာေတြ႕ရပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ဟာ အမွန္တကယ္ပဲ ေဘာလုံးကို အိမ္သယ္သြားခဲ့ပါတယ္။ ေပၚတူဂီကြင္းလယ္လူဟာ သူ ပထမဆုံး ပရီးမီးယားလိဂ္ ဟက္ထရစ္သြင္းယူခဲ့တဲ့ ေဘာလုံးကို အျမတ္တနိုး သိမ္းထားဖို႔ ရွိေနပါတယ္။