Spots news

ကျောနံပါတ် ၄ ကို ဗာရန်းအားမပေးခဲ့တဲ့ ဖီးလ်ဂျုံးစ်ကို ပရိတ်သတ်များ အပြစ်အမြင်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူသစ် ဗာရန်းဟာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားသွားမယ့် အကြောင်း ယမန်နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မတိုင်မီ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် + နောက်ထပ် ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ကို ဝတ်ဆင် ကစားမယ်လို့ တရားဝင် ကြေညာခဲ့ပေမယ့် ကနဦးမှာ ဗာရန်း ဝတ်ဆင်ချင်တဲ့ ကျောနံပါတ်ဟာ ၁၉ မဟုတ်ပဲ ကျောနံပါတ် ၄သာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၄ ပိုင်ရှင်ဟာ အသင်းရဲ့ သက်တော်ရှည် နောက်ခံလူ ဖီးလ်ဂျုံးစ် ဖြစ်ပြီး ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာတွေကြောင့် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိတာဟာ ၁နှစ်ကျော်အထိ ကြာမြင့်နေပါပြီ။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ဆိုပြီးနောက် ဗာရန်းက ဖီးလ်ဂျုံးစ်အနေနဲ့ သူ့ရဲ့ ကျောနံပါတ်၄ကို လွှဲပြောင်းပေးချင်လား ဆိုပြီး မေးမြန်းခဲ့ကာ ဖီးလ်ဂျုံးစ်ကတော့ သူ့ရဲ့ ကျောနံပါတ်ကို ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့် ကျောနံပါတ် ၄ ကို ဗာရန်းကို မပေးအပ်ခဲ့တဲ့ ဖီးလ်ဂျုံးစ်ကို အပြစ် မမြင်ခဲ့ကြပဲ ဖီးလ်ဂျုံးဟာ ယူနိုက်တက်အတွက် ကစားရတဲ့ ပွဲတိုင်းမှာ အကောင်းဆုံး ကြိုးစားကစားခဲ့သူ ဖြစ်တဲ့အတွက် သူယူနိုက်တက်က မထွက်ခွာသေးသ၍ နံပါတ် ၄ က သူ့အပိုင်ဖြစ်တဲ့အကြောင်း ပရိတ်သတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ကျောနံပါတ်၄ကို မရယူနိုင်တဲ့နောက် ဗာရန်းဟာ သူ့ရဲ့ ကစားသမားဘဝ အစမှာ ဝတ်ဆင်ဖူးတဲ့ ကျောနံပါတ် ၁၉ကို ပြောင်းလဲ ရယူခဲ့ပြီး ဗာရန်း မရောက်ခင်က ကျောနံပါတ် ၁၉ရဲ့ ပိုင်ရှင် ဖြစ်ခဲ့တဲ့ ဒီယာလိုကတော့ ကျောနံပါတ် ၁၆ကို ပြောင်းလဲ ရယူခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူသစ္ ဗာရန္းဟာ ေက်ာနံပါတ္ ၁၉ကို ဝတ္ဆင္ ကစားသြားမယ့္ အေၾကာင္း ယမန္ေန႕မွာ ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လိဒ္ယူနိုက္တက္တို႔ရဲ႕ ပြဲစဥ္မတိုင္မီ တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းနဲ႕ ၂၀၂၅ခုႏွစ္ + ေနာက္ထပ္ ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့သူပါ။

ဗာရန္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ေက်ာနံပါတ္ ၁၉ကို ဝတ္ဆင္ ကစားမယ္လို႔ တရားဝင္ ေၾကညာခဲ့ေပမယ့္ ကနဦးမွာ ဗာရန္း ဝတ္ဆင္ခ်င္တဲ့ ေက်ာနံပါတ္ဟာ ၁၉ မဟုတ္ပဲ ေက်ာနံပါတ္ ၄သာ ျဖစ္ေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားပါတယ္။

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၄ ပိုင္ရွင္ဟာ အသင္းရဲ႕ သက္ေတာ္ရွည္ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ ျဖစ္ၿပီး ဖီးလ္ဂ်ဳံးစ္ဟာ ဒဏ္ရာေတြေၾကာင့္ အသင္းအတြက္ ပါဝင္ ကစားေပးနိုင္ျခင္း မရွိတာဟာ ၁ႏွစ္ေက်ာ္အထိ ၾကာျမင့္ေနပါၿပီ။

ဒါေၾကာင့္လည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ ဗာရန္းက ဖီးလ္ဂ်ဳံးစ္အေနနဲ႕ သူ႕ရဲ႕ ေက်ာနံပါတ္၄ကို လႊဲေျပာင္းေပးခ်င္လား ဆိုၿပီး ေမးျမန္းခဲ့ကာ ဖီးလ္ဂ်ဳံးစ္ကေတာ့ သူ႕ရဲ႕ ေက်ာနံပါတ္ကို ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

သို႔ေပမယ့္ ေက်ာနံပါတ္ ၄ ကို ဗာရန္းကို မေပးအပ္ခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္ကို အျပစ္ မျမင္ခဲ့ၾကပဲ ဖီးလ္ဂ်ဳံးဟာ ယူနိုက္တက္အတြက္ ကစားရတဲ့ ပြဲတိုင္းမွာ အေကာင္းဆုံး ႀကိဳးစားကစားခဲ့သူ ျဖစ္တဲ့အတြက္ သူယူနိုက္တက္က မထြက္ခြာေသးသ၍ နံပါတ္ ၄ က သူ႕အပိုင္ျဖစ္တဲ့အေၾကာင္း ပရိတ္သတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ေက်ာနံပါတ္၄ကို မရယူနိုင္တဲ့ေနာက္ ဗာရန္းဟာ သူ႕ရဲ႕ ကစားသမားဘဝ အစမွာ ဝတ္ဆင္ဖူးတဲ့ ေက်ာနံပါတ္ ၁၉ကို ေျပာင္းလဲ ရယူခဲ့ၿပီး ဗာရန္း မေရာက္ခင္က ေက်ာနံပါတ္ ၁၉ရဲ႕ ပိုင္ရွင္ ျဖစ္ခဲ့တဲ့ ဒီယာလိုကေတာ့ ေက်ာနံပါတ္ ၁၆ကို ေျပာင္းလဲ ရယူခဲ့ပါတယ္။