Spots news

အဂ်လန်ကို သိက္ခာချတဲ့ကောင်လို့ ဆန်ချိုကို လှောင်‌ပြောင်ခဲ့တဲ့ လိဒ်ပရိတ်သတ်များ

Unicode Version

ယမန်နေ့ညက အစောဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် လိဒိအသင်းတို့ ပွဲစဉ်အတွင်းပွဲပြီးရန် မိနစ်အနည်းငယ် အတွင်းလိဒ်ပရိတ်သတ်များက ၅-၁ ဂိုးဖြင့် အနိုင်ရယူထားတဲ့ ယူနိုက်တက် အသင်းကို လှောင်ပြောင်ခဲ့ပါတယ်။

ပွဲစမကန်ခင်တည်းက နှစ်ဖက်အသင်း ပရိတ်သတ်တွေကို အသင်းလုံခြုံရေးတာဝန်ရှိသူတွေက ကြိုပြီးတောင်းပန်ခဲ့ပြီး ပွဲကိုအလိုက်တသိနဲ့ တာဝန်ရှိစွာအားပေးဖို့၊ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်ဖို့အကြောင်းတွေကို သေသေချာချာ သတိပေးထားခဲ့တာပါ။

ယူနိုက်တက် ကစားသမားသစ် ဆန်ချိုကွင်းထဲဝင်တာနဲ့ လိဒ်ပရိတ်သတ် တစုက ” အဲ့ကောင်မလား အဂ်လန်ကို သိက္ခာကျတာ” အဲ့ကောင်နဲ့ တခြားတကောင်ပါတယ် ရက်ဖိုဒ့် ” ဆိုပြီးအော်ဟစ် လှောင်ပြောင် ခဲ့ခြင်းဖြစ်ပါတယ်။

ပွဲကြည့်စင် နဲ့အလှမ်း ဝေးတာကတကြောင်း၊ ဆန်ချိုကို ယူနိုက်တက်ပရိတ်သက်တွေလက်ခုပ်တီးပြီး ဂုဏ်ပြုတာ ကြောင်း အသံတိတ်သွားခဲ့ပါတယ်။ ပြီးတာနဲ့ မြူးနစ်ဖြစ်ရပ်ဆိုး ကိုလဲ အော်ဟစ်ပြောဆိုပြီး လှောင်ပြောင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ပွဲက အေးဆေးဘဲ ပြီးသွားခဲ့ပတယ်။

လိဒ်ယူနိုက်တက် ရိတ်သတ်နှစ်ဦးဟာ ၂၀၀၀ ခုနှစ် ချန်ပီယံလိဂ် ရှံးထွက်ပြိုင်ပွဲ ဂါလာစတာရေး အိမ် ကွင်း အစွတန်ဘူမှာ အသတ်ခံခဲ့ရဖူးပါတယ်။

Zawgyi Version




