Spots news
၄ ဂိုးဖန်တီးခဲ့တဲ့ ပေါ့ဘာကိုစာချုပ်ကမ်းလှမ်းရင်း ရောင်း‌‌ဈေး‌ကြေငြာလိုက်တဲ့ မန်ယူ
Unicode Version
ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တစ်ပွဲတည်း ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပြခဲ့တဲ့ ပေါဘာဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်မှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းနဲ့ နှင့် ကောလဟာလ ပေါင်းမျာစွာ ထွက်ပေါ်နေသော်လည်း ယူနိုက်တက် မှာ အသင်းရဲ့ အဓိက ကစားသမား ပေါ့ဘာကို ဆက်ထိန်းထားရန် ယုံကြည်မှူမြင့်မား နေဆဲ ဖြစ်ပါတယ်။
မက်ဆီရဲ့ အပြောင်းအရွေ့ မဖြစ်မြှောက်မီ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယခု နွေရာသီ အပြောင်းအရွေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာပဲ ဆက်လက်ရှိနေမှာ ဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ရိုမာနိုက အတည်ပြုသွားပါတယ်။
ပေါ့ဘာရဲ့ ကိုစာချုပ်သစ် ကမ်းလှမ်းဖို့ အတွက် ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာ နှင့် ယူနိုက်တက်တို့ လွန်ခဲ့သတဲ့ ရက်သတ္တပတ်ပေါင်း မျာစွာထဲက ညှိနှိုင်းနေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်သဘောတူညီချက်မျှ မရှိသေးကြောင်း သိပါတယ်
ယူနိုက်တက် အနေနဲ့ လာမည့် လာမည့်ရက်များမှာ ပေါ့ဘာကို စာချုပ်သစ် သက်တမ်းတိုးနိုင်ဖို့ ပိုမို ကြိုးပမ်းလာမှာ ဖြစ်ပီး လိုအပ်လာပါက အပြောင်းအရွေ့ ပိတ်ပြီးသည့်အချိန်ထိ ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ယခင်အစောပိုင်း ထွက်ပေါ်ခဲ့သော ပေါ့ဘာအတွက် ပြောင်းရွေ့ကြေးကို ယူရို ပေါင်သန်း 40 သို့မဟုတ် 50 ဝန်းကျင်နဲ့ နှင့်‌ေပါ့ဘာအတွက် ကမ်းလှမ်းချက် များကို လက်ခံသွားမည် မဟုတ်တော့ပဲ
အပြောင်းအရွေ့ ဖြစ်မြောက်ရေး အတွက် ယူရို သန်း 70 ခန့်အသုံးပြုပြီး ကမ်းလှမ်းမှသာ ပေါ့ဘာကို လက်လွတ်သွားမယ်လို့ သိရပါတယ် ။ ပီအက်စ်ဂျီ အသင်းဟာ ယခုနွေရာသီမှာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ််ဝင်စားတဲ့ တစ်ခုထဲသောကလပ်ဆိုပေမယ့် တရားဝင်ကမ်းလှမ်းမှူ မပြုလုပ်ခဲ့ပါဘူး။
Zawgyi Version
ယူနိုက်တက်အနေနဲ့ ယခင်အစောပိုင်း ထွက်ပေါ်ခဲ့သော ပေါ့ဘာအတွက် ပြောင်းရွေ့ကြေးကို ယူရို ပေါင်သန်း 40 သို့မဟုတ် 50 ဝန်းကျင်နဲ့ နှင့်‌ပေါ့ဘာအတွက် ကမ်းလှမ်းချက် များကို လက်ခံသွားမည် မဟုတ်တော့ပဲ