Spots news

ကိန်းနဲ့ နှိုင်းယှဉ်ပြီး ပေါ့ဘာကို ပရိတ်သတ်များ လေးစားဖို့ ကစားသမားဟောင်းပြော

Unicode Version

စပါးဟာ စီးတီးတို့ကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားသွားခဲ့ပေမယ့် သူတို့ရဲ့ ခေါင်းဆောင်ကြီး ဟာရီကိန်းကတော့ အသင်းလူစာရင်းထံ ပါဝင်ခြင်း မရှိခဲ့ပါဘူး ။ ကိန်းဟာ စပါးမှ ထွက်ခွာချင်နေပြီး စီးတီးကို ပြောင်းရွှေ့ကစားချင်နေသူဖြစ်ကာ အသင်းမှ ထွက်ခွာချင်ကြောင်းလည်း စပါးစ်ဥက္ကဋ္ဌလီဗိုင်းအပါအဝင် အားလုံးကို လူသိ ရှင်ကြား ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီလိုပဲ ယူနိုက်တက်က ပေါ့ဘာဟာလည်း လက်ရှိစျေးကွက်မှာ PSGနဲ့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး အေးဂျင့် ရွှိုင်းအိုလာကလည်း အပူတပြင်းပဲ သူ့ကစားသမားကို အရောက်ပို့ခဲ့ပေမယ့် ဖြစ်မြောက်ဖို့တော့ ခက်ခဲနေခဲ့ပါတယ်။

ဒီလို အခြေအနေတူ ကစားသမား ၂ယောက်အပေါ် အားကစားဝေဖန်သူတွေအဖြစ် လုပ်ကိုင်နေကြတဲ့ မီကာရစ်ချက် နဲ့ ဂရေမီဆောင်းနက််တို့ကတော့ ဒဲ့ဝေဖန်ပေးလိုက်ကြပါတယ်။ “ ၂ ယောက် လုံး ကစားသမားဘဝ တဆင့်တက်လိုတာကြောင့် အသင်းပြောင်းဖို့

ဆန္ဒရှိနေကြသူဖြစ်ပါတယ်။ အခြေအနေတွေကို နားလည်ပေးလို့ရပေမယ့် ပရိတ်သတ်တွေဟာ အသင်းထံ ပူးပေါင်းမလေ့ကျင့်သေးတဲ့ ကိန်းကို သူတော်ကောင်းလို့ပဲ ပြောနေကြဆဲဖြစ်ပေမယ့် ပေါလ်ကိုကျ မတူသလို ဆက်ဆံနေခဲ့ကြပါတယ် ”

ပေါလ်ဟာ ယူနိုက်တက်မှ ထွက်ခွာလိုကြောင်း ဖွင့်ဟထားသူ မဟုတ်ပါဘူး။ ဒါ့အပြင် ကစားခွင့်ရတဲ့ မိနစ်တိုင်းကိုလည်း ပရော်ဖက်ရှင်နယ်ပီသစွာ ပေးဆပ်ကစားပြနေပြီး ကိန်းကတော့ ပေါ်မလာခဲ့ပါဘူး ။ ဒါပေမယ့် သူတို့အတွက် မီဒီယာတွေရဲ့ အလေးထားမှုကတော့ မျှတမှု မရှိခဲ့ပါဘူး ” လို့ ပြောကြားလိုက်ပါတယ် ။

Zawgyi Version

စပါးဟာ စီးတီးတို႔ကို ၁ဂိုး ဂိုးမရွိနဲ႕ အနိုင္ကစားသြားခဲ့ေပမယ့္ သူတို႔ရဲ႕ ေခါင္းေဆာင္ႀကီး ဟာရီကိန္းကေတာ့ အသင္းလူစာရင္းထံ ပါဝင္ျခင္း မရွိခဲ့ပါဘူး ။ ကိန္းဟာ စပါးမွ ထြက္ခြာခ်င္ေနၿပီး စီးတီးကို ေျပာင္းေ႐ႊ႕ကစားခ်င္ေနသူျဖစ္ကာ အသင္းမွ ထြက္ခြာခ်င္ေၾကာင္းလည္း စပါးစ္ဥကၠ႒လီဗိုင္းအပါအဝင္ အားလုံးကို လူသိရွင္ၾကား ေျပာၾကားထားၿပီး ျဖစ္ပါတယ္။

ဒီလိုပဲ ယူနိုက္တက္က ေပါ့ဘာဟာလည္း လက္ရွိေစ်းကြက္မွာ PSGနဲ႕ သတင္းေတြ က်ယ္ေလာင္စြာ ထြက္ေပၚခဲ့ၿပီး ေအးဂ်င့္ ႐ႊိုင္းအိုလာကလည္း အပူတျပင္းပဲ သူ႕ကစားသမားကို အေရာက္ပို႔ခဲ့ေပမယ့္ ျဖစ္ေျမာက္ဖို႔ေတာ့ ခက္ခဲေနခဲ့ပါတယ္။

ဒီလို အေျခအေနတူ ကစားသမား ၂ေယာက္အေပၚ အားကစားေဝဖန္သူေတြအျဖစ္ လုပ္ကိုင္ေနၾကတဲ့ မီကာရစ္ခ်က္ နဲ႕ ဂေရမီေဆာင္းနက္္တို႔ကေတာ့ ဒဲ့ေဝဖန္ေပးလိုက္ၾကပါတယ္။ “ ၂ ေယာက္ လုံး ကစားသမားဘဝ တဆင့္တက္လိုတာေၾကာင့္ အသင္းေျပာင္းဖို႔

ဆႏၵရွိေနၾကသူျဖစ္ပါတယ္။ အေျခအေနေတြကို နားလည္ေပးလို႔ရေပမယ့္ ပရိတ္သတ္ေတြဟာ အသင္းထံ ပူးေပါင္းမေလ့က်င့္ေသးတဲ့ ကိန္းကို သူေတာ္ေကာင္းလို႔ပဲ ေျပာေနၾကဆဲျဖစ္ေပမယ့္ ေပါလ္ကိုက် မတူသလို ဆက္ဆံေနခဲ့ၾကပါတယ္ ”

ေပါလ္ဟာ ယူနိုက္တက္မွ ထြက္ခြာလိုေၾကာင္း ဖြင့္ဟထားသူ မဟုတ္ပါဘူး။ ဒါ့အျပင္ ကစားခြင့္ရတဲ့ မိနစ္တိုင္းကိုလည္း ပေရာ္ဖက္ရွင္နယ္ပီသစြာ ေပးဆပ္ကစားျပေနၿပီး ကိန္းကေတာ့ ေပၚမလာခဲ့ပါဘူး ။ ဒါေပမယ့္ သူတို႔အတြက္ မီဒီယာေတြရဲ႕ အေလးထားမႈကေတာ့ မွ်တမႈ မရွိခဲ့ပါဘူး ” လို႔ ေျပာၾကားလိုက္ပါတယ္ ။