Spots news

အသင်းဖော် ပေါ့ဂ်ဘာနဲ့ ဘရူနိုတို့ကို ချီးကျူးစကားဆိုလိုက်တဲ့ ဆန်ချို

Unicode Version

လက်ရှိရာသီရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ လိဒ်ယူနိုက်တက်နှင့်ကစားခဲ့တဲ့ပွဲမှာ ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက် အတွက် ပထမဆုံးပွဲထွက်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသားဟာ ပြောင်းရွေ့ကြေး ပေါင် ၇၂.၉သန်းဖြင့် ဒေါ့မွန်ကနေ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့နာမည်က အရန်ကစားသမားစာရင်းတွင်ပါဝင်လာခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ပရိသတ်တွေဟာ ဆန်ချို ရဲ့ကစားပုံကို ကြည့်ရှုဖို့အတွက် စိတ်လှုပ်ရှားခဲ့ကြကာ အင်္ဂလန်သားကတော့ ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ လူစားဝင် ကစားခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်၊ ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်သွင်းဂိုးများဖြင့် လိဒ်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိနေတဲ့ အချိန်တွင် ဆန်ချိုဟာ ပြင်သစ်သား ပေါ့ဂ်ဘာနှင့် လူစားလဲဝင်ရောက်ခဲ့ပြီး အိုးထရက်ဖို့ဒ်ရှိ ပထမဆုံးကစားရတဲ့ အရသာကို ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးနောက်မှာတော့ အသက် ၂၁နှစ်အရွယ်ကစားသမားက ရာသီအစကို ပြီးပြည့်စုံစွာ စတင်နိုင်ခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာနှင့်ဖာနန်ဒက်စ်တို့ကလည်း အကောင်းဆုံးတွဲဖက်နိုင်ခဲ့ပါတယ်လို့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။

အရန်ခုံကနေ လူစားဝင်ရောက်နေတဲ့ပုံနှင့်အတူ ဆန်ချိုက “ယူနိုက်တက်ရဲ့ကစားသမားအဖြစ် ပထမဆုံးမိနစ်မှာ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ကလည်း အကောင်းဆုံး ချိတ်ဆက်ကစား နိုင်ခဲ့ပါတယ် ”လို့ ခေါင်းစဉ်တပ်ကာ ရေးသားထားတာပါ။

အဲ့ဒီပို့စ်မှာ ယူနိုက်တက်ရဲ့ကစားသမားဟောင်း ဖာဒီနန်က Dynamite emoji နှင့်အတူ မှတ်ချက်ပေးခဲ့ပြီး အကယ်ဒီမီ ကစားသမားဟောင်းဖြစ်တဲ့ ဒီဂျေဘတ်ဖွန်ဂီက “ ကွင်းထဲမှာ အရမ်းကိုပျော်စရာကောင်းတော့မှာပါ”လို့ ဆန်ချိုကို ပြောဆိုထားပါတယ်။

နောက်တစ်ပတ် ဆောက်သမ်တန်နှင့် ကစားမည့်ပွဲမှာ ပထမဆုံးပွဲထွက်ခွင့်ရရှိဖို့ ဆန်ချိုက မျှော်လင့်နေပြီး ယူနိုက်တက်ကတော့ စက်တင်ဘာလ ၁၁ ရက်နေ့ နယူးကာဆယ်နှင့်ပွဲမတိုင်ခင်အထိ ပွဲစဉ်ကို အဝေးကွင်းမှာသာ ကစားရ မှာဖြစ်ပါတယ်။

Zawgyi Version

လက္ရွိရာသီရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ လိဒ္ယူနိုက္တက္ႏွင့္ကစားခဲ့တဲ့ပြဲမွာ ဆန္ခ်ိဳဟာ မန္ခ်က္စတာယူနိုက္တက္ အတြက္ ပထမဆုံးပြဲထြက္မႈကို ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္နိုင္ငံသားဟာ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၇၂.၉သန္းျဖင့္ ေဒါ့မြန္ကေန အိုးထရက္ဖို႔ဒ္သို႔ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။

သူ႕ရဲ႕နာမည္က အရန္ကစားသမားစာရင္းတြင္ပါဝင္လာခဲ့ၿပီးေနာက္မွာေတာ့ ယူနိုက္တက္ပရိသတ္ေတြဟာ ဆန္ခ်ိဳ ရဲ႕ကစားပုံကို ၾကည့္ရႈဖို႔အတြက္ စိတ္လႈပ္ရွားခဲ့ၾကကာ အဂၤလန္သားကေတာ့ ပြဲၿပီးဖို႔ ၁၅ မိနစ္အလိုမွာ လူစားဝင္ ကစားခဲ့တာျဖစ္ပါတယ္။

ေပါ့ဂ္ဘာရဲ႕ ဂိုးဖန္တီးမႈ ၄ ႀကိမ္၊ ဖာနန္ဒက္စ္ရဲ႕ ဟက္ထရစ္သြင္းဂိုးမ်ားျဖင့္ လိဒ္အား ၅-၁ ဂိုးျဖင့္ အနိုင္ရရွိေနတဲ့ အခ်ိန္တြင္ ဆန္ခ်ိဳဟာ ျပင္သစ္သား ေပါ့ဂ္ဘာႏွင့္ လူစားလဲဝင္ေရာက္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္ရွိ ပထမဆုံးကစားရတဲ့ အရသာကို ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးေနာက္မွာေတာ့ အသက္ ၂၁ႏွစ္အ႐ြယ္ကစားသမားက ရာသီအစကို ၿပီးျပည့္စုံစြာ စတင္နိုင္ခဲ့တာျဖစ္ၿပီး ေပါ့ဂ္ဘာႏွင့္ဖာနန္ဒက္စ္တို႔ကလည္း အေကာင္းဆုံးတြဲဖက္နိုင္ခဲ့ပါတယ္လို႔ ဆိုရွယ္မီဒီယာမွာ တင္ထားခဲ့တာျဖစ္ပါတယ္။

အရန္ခုံကေန လူစားဝင္ေရာက္ေနတဲ့ပုံႏွင့္အတူ ဆန္ခ်ိဳက “ယူနိုက္တက္ရဲ႕ကစားသမားအျဖစ္ ပထမဆုံးမိနစ္မွာ ရာသီကို အေကာင္းဆုံးစတင္နိုင္ခဲ့ပါတယ္။ ေပါ့ဂ္ဘာနဲ႕ ဖာနန္ဒက္စ္တို႔ကလည္း အေကာင္းဆုံး ခ်ိတ္ဆက္ကစား နိုင္ခဲ့ပါတယ္ ”လို႔ ေခါင္းစဥ္တပ္ကာ ေရးသားထားတာပါ။

အဲ့ဒီပို႔စ္မွာ ယူနိုက္တက္ရဲ႕ကစားသမားေဟာင္း ဖာဒီနန္က Dynamite emoji ႏွင့္အတူ မွတ္ခ်က္ေပးခဲ့ၿပီး အကယ္ဒီမီ ကစားသမားေဟာင္းျဖစ္တဲ့ ဒီေဂ်ဘတ္ဖြန္ဂီက “ ကြင္းထဲမွာ အရမ္းကိုေပ်ာ္စရာေကာင္းေတာ့မွာပါ”လို႔ ဆန္ခ်ိဳကို ေျပာဆိုထားပါတယ္။

ေနာက္တစ္ပတ္ ေဆာက္သမ္တန္ႏွင့္ ကစားမည့္ပြဲမွာ ပထမဆုံးပြဲထြက္ခြင့္ရရွိဖို႔ ဆန္ခ်ိဳက ေမွ်ာ္လင့္ေနၿပီး ယူနိုက္တက္ကေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႕ နယူးကာဆယ္ႏွင့္ပြဲမတိုင္ခင္အထိ ပြဲစဥ္ကို အေဝးကြင္းမွာသာ ကစားရ မွာျဖစ္ပါတယ္။